ချစ်မောင် (မြန်မာညွန့်)

ဝီကီပီးဒီးယား မှ
(မြန်မာညွန့် ဦးချစ်မောင် မှ ပြန်ညွှန်းထားသည်)

မြန်မာညွန့် ဦးချစ်မောင် (၁၈၉၁-၁၉၅၈) သည် မြန်မာလူမျိုး ဂီတနှင့် သဘင်ပညာရှင် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၂၅၃ ခုတွင် ဗိန္ဓောဆရာ ဦးထွန်းမြိုင်၊ ဒေါ်စိန်ပွင့်တို့မှ မွေးသည်။ မွေးချင်း ၈ ယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ချစ်မောင် ဖြစ်သည်။

အနုပညာခရီး[ပြင်ဆင်ရန်]

နှဲမှုတ်သင်ကာ ဆိုင်း ဦးဘငြိမ်းနှင့် ဆရာစိမ့်တို့ ဆိုင်းအဖွဲ့တွင် နှဲမှုတ်သည်။ နောက် ရွာစား စိန်ဗေဒါ၏ ဆိုင်းအဖွဲ့သို့ ရောက်သည်။

ကျန်းမာရေးကြောင့် နှဲမမှုတ်နိုင်သည့်နောက် ပတ္တလားနှင့် စောင်းတီးပညာကို ဒေဝဣန္ဒာ မောင်မောင်ကြီး၊ စိန်ဗေဒါတို့ထံမှ သင်သည်။ စန္ဒယား တယောတို့လည်း တီးတတ်သည်။

မန္တလေး၌ မြန်မာညွန့် အငြိမ့်အဖွဲ့ ထောင်သည့်နောက် မြန်မာညွန့် ဦးချစ်မောင်ဟူ၍ တွင်သည်။

စစ်ပြီးခေတ်တွင် ရန်ကုန် ပန်တျာကျောင်း၌ ပတ္တလားနည်းပြအဖြစ် အမှုထမ်းသည်။ ပန်တျာမူမှန်အဖွဲ့၊ မြန်မာ့အသံ ဂီတစိစစ်ရေးအဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

လူသိများသော တပည့်များ[ပြင်ဆင်ရန်]

  • မောင်ကိုကို
  • ဂီတစာဆို ကိုရဲအောင် (တယော ကိုဒီပိုး)
  • ချိုတေးဆက် ကိုအောင်ကိုး
  • ဂီတစာဆို ကိုတင်ဖေ
  • နှဲ ကိုထွန်းညွန့်
  • စန္ဒယား မောင်ရီနွယ်
  • စိုးမြင့်လေး

မိသားစုဘဝ[ပြင်ဆင်ရန်]

စိန်ဗေဒါဆိုင်း၌ နှဲမှုတ်စဉ် မင်းသမီး မအောင်ကြည်နှင့် အကြောင်းပါသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၅၈ ခု ဇွန်လ ၁၃ ရက်၊ အသက် ၆၇ နှစ်အရွယ်တွင် ရန်ကုန်မြို့ နဝရတ်လမ်းရှိ နေအိမ်၌ လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]