မြတ်မွန်

ဝီကီပီးဒီးယား မှ
မြတ်မွန်
{{{သက်တမ်း}}}
မွေးသက္ကရာဇ်
အမည်ရင်း ဒေါ်တင်တင်အုန်း
မိဘအမည်
မွေးဖွားရာဒေသ ရန်ကုန်မြို့
နိုင်ငံသား
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ရုပ်ရှင်သရုပ်ဆောင်
ကြင်ဖော် အကော်ဒီယံ အုန်းကျော်
သားသမီး (၅) ယောက်
ထင်ပေါ်ကျော်ကြားမှု {{{ထင်ပေါ်ကျော်ကြားမှု}}}
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက် {{{ကွန်ယက်}}}


မြတ်မွန်သည် မြန်မာ့ရုပ်ရှင် အကယ်ဒမီရ သရုပ်ဆောင် တစ်ဦးဖြစ်သည်။ မြတ်မွန်၏ နာမည်ရင်းသည် တင်တင်အုန်း ဖြစ်သည်။ ကကြီးရေ က ရုပ်ရှင်ဇာတ်ကားသည် သရုပ်ဆောင် မြတ်မွန်၏ ပထမဆုံးရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ မြတ်မွန်သည် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့သူတစ်ဦးဖြစ်သည်။

မြတ်မွန်သည် ၁၉၅၈-ခုနှစ်တွင် အသက် ၁၆နှစ် အရွယ် (၇)နှစ်တန်းကျောင်းသူ ဘဝနှင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက် ခဲ့လေသည်။ “ကကြီးရေက” ဇာတ်ကားတွင် စတင်သရုပ်ဆောင်၍ ထိုဇာတ်ကား တစ်ကားနှင့်ပင် အောင်မြင်မှု ရရှိကာ ၁၉၅၉ ခုနှစ်တွင် အကယ်ဒမီရရှိခဲ့သည်။ ထို့နောက် “အငို လွယ်သည်၊” “ဧည့်သည်” “အကယ်၍သာ” ဆက်တိုက်ရိုက် ဖြစ်ခဲ့သည်။

အကယ်ဒမီ ရချိန်၌ ဆယ့်ခုနှစ်နှစ်သာ ရှိသေးပြီး ရုပ်ရှင်သက်တမ်းမှာ အသက်အငယ်ဆုံး ဇာတ်ဆောင်ဆုရရှိသော မင်းသမီးတစ်ဦး ဖြစ်လေသည်။ ပထမဆုံး ရိုက်သော ဇာတ်ကားနှင့် အကယ်ဒမီရသည့် မင်းသမီး ထိုခေတ်က မြန်မာပြည်တွင် သုံးယောက်ရှိသည်။ ကြည်ကြည်ဌေးစန္ဒာနှင့် မြတ်မွန်တို့ ဖြစ်သည်။ ကြည်ကြည်ဌေးသည် ချစ်သက်ဝေ ဇာတ်ကား၊ စန္ဒာသည် နှစ်မွှာအသည်း ဇာတ်ကား၊ မြတ်မွန်သည် ကကြီးရေက ဇာတ်ကား ဖြစ်သည်။

မြတ်မွန်နှင့် ခေတ်ပြိုင် မင်းသမီးများမှာ ဝါဝါဝင်းရွှေ‎နှင့် ခင်သန်းနုတို့ ဖြစ်ကြသည်။

ကကြီးရေက ဇာတ်ကား ရိုက်ပြီးနောက် ဒါရိုက်တာ ဦးသာဓုနှင့် အိမ်ထောင်ကျသည်။ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အာယုသည် ဒါရိုက်တာသာဓုနှင့် မြတ်မွန်တို့မှ မွေးဖွားခဲ့သော သားတစ်ယောက်ဖြစ်သည်။

ဦးသာဓုနှင့် ကွဲပြီးနောက် အကော်ဒီယံအုန်းကျော်နှင့် အိမ်ထောင်ပြုသည်။ ဦးအုန်းကျော်နှင့် မြတ်မွန်သည် သီသီမွန်၊ မာမာမွန်၊ သက်ငုံဖူး၊ ဇာနည်မောင်တို့ ကို မွေးဖွားခဲ့သည်။[၁]

ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ[ပြင်ဆင်ရန်]

  1. ကကြီးရေက (ထွန်းဝေ)
  2. အငိုလွယ်သည် (သာဓု. မင်းလွင်)
  3. ဧည့်သည် (သာဓု)
  4. အကယ်၍သာ (ကောလိပ်ဂျင်နေဝင်း)
  5. အဖြေ (ထွန်းဝေ. ကောလိပ်ဂျင်နေဝင်းတင်တင်နွဲ့ )
  6. ဖတ်စကလပ် (ထွန်းဝေ၊ မေနွဲ့)
  7. ဘယ်ပန်းသာလို့ယဉ် (ကောလိပ်ဂျင်နေဝင်း)
  8. တာဝန် (ထိန်လင်း)
  9. သိုင်းသမား (ဇော်လွင်)
  10. ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း (မြတ်လေး)
  11. ပုစ္ဆာဆန်သောမိန်းကလေး (ဇော်ဝမ်း၊ အေးအေးသင်း)
  12. ငါ့ညီ ငါ့မြေ ငါ့အမေ (ညွန့်ဝင်း)
  13. ချစ်သူသန့်သန့်ခန့်ခန့်ချော (ဇော်ဝမ်း)
  14. ဖန်ပြာခွက်နဲ့ကျောက်စက်ရေ (ဝင်းညွန့် ၊ တွံတေးသိန်းတန် ၊ စန္ဒာ)
  15. ရွှေပေးလို့မရ (မောင်ယဉ်ကြည်.၊နွဲ့နွဲ့မူ)
  16. ဇာခန်းဆီးနောက်ကွယ်မှာ (ကောလိပ်ဂျင်နေဝင်း၊ အေးအေးသင်း)
  17. သက်ထားဆိုသော မိန်းမချော (ထွန်းဝေ)
  18. ဝါသနာကိုမတားနဲ့ရှင် (ကျော်ဟိန်း)
  19. ချစ်ရည်းစား (နေအောင် . မို့မို့မြင့်အောင်)
  20. နို့ဘီလူး(လူမင်း.ဇေရဲထက်.ရွှေမှုန်ရတီ)၊



ကိုးကား[ပြင်ဆင်ရန်]

  1. ပေဖူးလွှာ ရသစုံ မဂ္ဂဇင်းမှ