မြစ်ခွဲ

မြစ်ခွဲဆိုသည်မှာ ပင်မမြစ်ကြီးတစ်ခုမှ ခွဲထွက်၍ သီးခြားမြစ် (သို့) စမ်း၊ ချောင်း တစ်ခုအနေဖြင့် စီးဆင်းသွားသည့် မြစ်ချောင်းတစ်ခုဖြစ်သည်။ ၎င်းသည် ပင်မမြစ်အတွင်းသို့ စီးဝင်လာသော သီးခြားမြစ် (သို့) စမ်း၊ ချောင်းတို့ကို ခေါ်ဆိုလေ့ရှိသည့် မြစ်လက်တက် ဟူသော စကားလုံးနှင့် အဓိပ္ပာယ် ဆန့်ကျင်ဘက်ဖြစ်သည်။ မြစ်ခွဲများသည် မြစ်နှစ်ထပ်ပေါက်ခြင်း၏ ရလဒ်ဖြစ်ပြီး မြစ်တစ်စင်းသည် အင်း၊ အိုင် သို့မဟုတ် သမုဒ္ဒရာ တစ်ခုဆီသို့ မစီးဝင်ခင် မြစ်ခွဲများအဖြစ် ပိုင်းခြားသွားသည့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အများဆုံးတွေ့ရှိရသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ၏ ဘုံအင်္ဂါရပ်တစ်ခုဖြစ်သည်။[၁] ၎င်းတို့သည် ကုန်းတွင်းပိုင်း၊ နုန်းတင်မြေနုနေရာများ သို့မဟုတ် မြစ်လက်တက်တစ်ခုမှ ပိုကြီးသော မြစ်ချောင်းနှင့် ၎င်း၏ မြစ်ဆုံအနီးတွင် စီးဆင်းနေသည့် နေရာတွင်လည်း ဖြစ်ပွားနိုင်သည်။ သေးငယ်သော မြစ်ခွဲတစ်ခုသည် အချို့သောအခြေအနေမျိုးတွင် ၎င်း၏ပင်မမြစ်မှ ရေများစွာ စီးဝင်လာမှုဖြင့် မြစ်ကြီးတစ်ခုဖြစ်လာနိုင်သည်အထိ ပြောင်းလဲသွားတတ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Modeling river delta formation" (23 October 2007). Proceedings of the National Academy of Sciences 103: 16804–16809. doi:. PMID 17940031. PMC:2040410. Bibcode: 2007PNAS..10416804S.
ရည်ညွှန်းကျမ်းများ
[ပြင်ဆင်ရန်]- "Terminal Distributary Channels and Delta Front Architecture of River-Dominated Delta Systems" (2006). Journal of Sedimentary Research 76 (2): 212–233. Society for Sedimentary Geology. doi:. Bibcode: 2006JSedR..76..212O.