မြင်းကောင်ရေအား
ပုံပန်းသွင်ပြင်
မြင်းကောင်ရေအား (Horsepower) ဆိုသည်မှာ အင်ဂျင်စက်များတွင် မြင်းကောင်ရေအား မည်ရွေ့မည်မျှ ရှိသည်ဆိုသော အချက်ကို ပြောဆိုသည့် စကားလုံးဖြစ်သည်။ မြင်းတကောင်အားသည် လျှပ်စစ်အား ၇၄၆-ဝပ်နှင့် ညီမျှလေသည်။[၁] မြင်းတစ်ကောင်သည် တစ်မိနစ်တွင် ပေါင် ၃၃၀၀၀ ကို တစ်ပေ ရွေ့လျားအောင် ဆွဲငင်နိုင်စွမ်းရှိသည်ဟု တွက်ဆကြသည်။ ဂျိမ်းစဝပ်က စတင်သုံးစွဲသည်ဟု ယူဆရ၏။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လူရည်ချွန်လက်စွဲ ဗဟုသုတပဒေသာ ဦးငွေတိုး-ဆန်းသစ်။
- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "မြင်းကောင်ရေအား" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။