မြင်းကို နိုင်လိုက ဇက်၊ သစ်ဝါးကို နိုင်လိုက အမျက်၊ လူကို နိုင်လိုက ချက်

ဝီကီပီးဒီးယား မှ

မြင်းကို နိုင်လိုက ဇက်၊ သစ်ဝါးကို နိုင်လိုက အမျက်၊ လူကို နိုင်လိုက ချက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မြင်းကို နိုင်နင်းကျွမ်းကျင်စွာ စီးလိုလျှင် ဇက်ကြိုးကို ပိုင်နိုင်စွာ ကိုင်တတ်ရမည်။ သစ်ဝါးကို လိုသလို ဆစ်ပိုင်းခွဲစိတ်လိုလျှင် အဆစ်အမျစ်တို့၏ သဘောကို သိထားရမည်။ လူကို မိမိအလိုကို ပါအောင် ဆွဲဆောင်လိုလျှင် ချက်ကောင်းကို ကိုင်နိုင်ဖို့ လိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။