မြင်မှုပညာ
မြင်မှုပညာ ။ ။ မျက်လုံးအိမ် နောက်ပိုင်းရှိ ရက်တီးနားခေါ် အလွန် သိမ်မွေ့နူးညံ့သော မြင်လွှာပေါ်သို့ အလင်းရောင် ရောက်ရှိလာသည့်အခါမှ မြင်မှု ဖြစ်ပေါ်လာသည်။ မြင်လွှာသည် ကင်မရာခေါ် ဓာတ်ပုံရိုက် ကရိယာတွင် အသုံးပြုသည့် ကော်ပြားနှင့် တူပေသည်။ မျက်စိ မှန်ခုံးကိုဖြတ်၍ မျက်စိထဲသို့ဝင်လာသော အလင်းရောင်သည် မြင်လွှာပေါ်သို့ ကျရောက်လာသည့်အခါ ထိုမြင်လွှာပေါ်တွင် ဝတ္ထု၏ရုပ်ပုံကို စောက်ထိုး ထင်ပေါ်စေလေသည်။ အချို့ ဓာတ်ပုံရိုက် ကရိယာများတွင် အလင်းရောင် ကောင်းစွာရ၍ ရိုက်လိုသည့် ပစ္စည်း၏ ပုံသည် ပြတ်ပြတ်သားသားနှင့်ထင်ထင်ရှားရှား ဖြစ်စေရန မှန်ဘီလူးကို ရှေးတိုး နောက်ဆုတ် ပြုလုပ်ပေးရသည်။ မျက်စိတွင်မူကား ကြည့်လိုသည့် ဝတ္ထုပစ္စည်းကိုထင်ရှားစွာ မြင်စေရန် ရှေးတိုးနောက်ငင် မပြုလုပ်ရဘဲ မျက်စိမှန်ခုံး၏ ပုံသဏ္ဌာန်ကို သာ ပြောင်းပေးရသည်။ ဝတ္ထုပစ္စည်းတစ်ခုသည် အနီးတွင် ရှိသည်ဖြစ်စေ၊ အဝေးတွင် ရှိသည်ဖြစ်စေ သာမန် မျက်စိသည် ယင်းကို ထင်ရှားစွာ မြင်နိုင်အောင် မြင်လွှာပေါ်၌ ပြုလုပ်ပေးနိုင်သည်။ ဤသို့ ပြုလုပ်ပေးနိုင်ခြင်းကို အမြင်လိုက်လျောခြင်း ဟုခေါ်သည်။ မျက်စိမှန်ခုံး၏ ရှေ့ပိုင်းတွင် အက်ကွီယပ်ဟျူးမားခေါ် အရည်ကျဲတစ်မျိုဖြင့် ပြည့်နေ၍ နောက်ပိုင်းတွင်ကား ဗစ်ထရီယပ်ဟျူးမား ခေါ် ကြည်လင်သော အရည်ပျစ်ဖြင့် ပြည့်လျက်ရှိ နေသည်။ မြင်လွှာသည် အလင်းမိလွယ်သော ဖလင်ကော်ပြား ကဲ့သို့ဖြစ်၍ မျက်စိတွင် အလွန်အံ့0x100သဖွယ်ကောင်းသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုမြင်လွှာတွင် သန်းပေါင်းများစွာသော အလွန်သေးငယ်သည့် ဆဲလ်ကလေးများရှိရာ၊ ယင်တို့သည် အလင်းရောင် တိုက် ရိုက်ကျရောက်ရာ အပိုင်းများဖြစ်သည်။ ယင်းဆဲလ်ကလေးများသည် နှစ်မျိုးရှိ၏။ တစ်မျိုးမှာ သေးသွယ်ရှည်လျားသောကြောင့် အချောင်း များဟု ခေါ်သည်။ ဆဲချောင်းများသည် မှုန်သော အလင်းရောင်တွင် မြင်နိုင်စွမ်း ရှိသော်လည်း ပြင်ပလောကကို ထင်ထင်ရှားရှားမတွေ့နိုင်ချေ။ အခြားတစ်မျိုးမှာ ကတော့ပုံ ဆဲလ်များဖြစ်ကြသည်။ မြင်လွှာ တစ်ခုလုံးတွင် ဆဲကတော့များ ခုနစ်သန်းခန့် ရှိသည်။ ဆဲလ် ကတော့များသည် အရောင်နှင့် သေးငယ်သောအရာများကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်စွမ်းရှိသည်။ ဆဲလ်ချောင်း များသည် ညဉ့်အခါကြီးသော အရာဝတ္ထုများကို မြင်အောင် ပြုလုပ်ပေးနိုင်သော်လည်း အရောင်နှင့် သေးငယ်သော အရာများကို ထင်ထင်ရှားရှား မြင်နိုင်အောင် မပြုလုပ်နိုင်ချေ။ အချောင်းနှင့် ကတော့များသည် ဦးနှောက်နှင့် အမြင် နာဗ်ကြောက ဆက်သွယ်ပေးထားသည်။ ကျွန်ုပ်တို့ သည် အလွန်သေးငယ်သော အစက်ကလေးတစ်ခုကို ထင်ထင်ရှားရှား မြင်အောင် ကြည့်သည့်အခါ ထိုအစက်ကလေး၏ ရုပ်ပုံသည် မြင်လွှာအလယ်ရှိ အဝါစက်ပေါ်တွင် ကျရောက်ကြောင်း တွေ့ရသည်။ ဤအဝါစက်ကလေးသည် ဝတ္ထုပစ္စည်းများကို ထင်ရှားစွာ မြင် နိုင်သော အပိုင်းဖြစ်သည်။ ယင်းအဝါစက်ကလေးတွင် အချောင်းများ လုံးဝမပါဘဲ ကတော့များသာ အမြောက်အမြား ရှိ၏။ ဝတ္ထုပစ္စည်း အသေးဆုံး မည်မျှအထိ မြင်နိုင်မှုသည် အဝါစက်တွင်ရှိသော ဆဲလ်ကတော့များ၏ အရွယ် ပမာဏပေါ်တွင်တည်သည်။ ညဉ့်အချိန်မှုန်မွှားမွှား ကြယ် တစ်လုံးကို ကျွန်ုပ်တို့ ကြည့်သည့်အခါ မြင်ရမည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကြယ်၏ ရုပ်ပုံသည် ဆဲလ်ချောင်းများရှိသော အဝါစက် ချိုင့်ကလေးတွင် ကျနေသောကြောင့် ဖြစ်သည်။ သို့သော် ကြယ်၏ ဘေးတစ်ဖက်သို့ အနည်းငယ်ပြောင်း၍ ကြည့်လိုက်သည်ရှိသော် ကြယ်၏ ရုပ်ပုံသည် ဆဲလ်ချောင်းများရှိသော မြင်လွှာပိုင်းပေါ်သို့ကျရောက်သွားသဖြင့် ကြယ်ကို ကောင်းစွာ မြင်နိုင်ပေလိမ့်မည် ။ ဆဲလ်ချောင်းများတွင် အရောင်ပြောင်းသော ပစ္စည်းတစ်မျိုးရှိ၏။ ဤအရောင်ပြောင်းသော ပစ္စည်းကြောင့် ဆဲလ်ချောင်းများမြင်နိုင်သည် ၊ ဤအရောင်ပြောင်းပစ္စည်းသည် အလင်းရောင်ပြင်းပြင်းနှင့် တွေ့လိုက်သောအခါ အရောင်ပျက်ကာ အဝါရောင် ဖြစ်သွားပြီးလျှင် အသုံးမကျ ဖြစ်သွားတတ်သည်။ ထိုအခါ ဗီတာမင် အေ ကို ရက် ကြာကာ စွဲစားသွားလျှင် ပြန်၍ ကောင်းလာတတ်သည်။ ရက်ကြာကြာ စွဲစားသည်တိုင် ပြန်မကောင်းလာလျှင် အလင်းရောင်မှုန်မှုန်တွင် ကောင်းစွာမမြင်နိုင်ချေ။ ဤအခြင်းအရာကို ကြက်မျက်သင့်ခြင်းဟု ခေါ်သည်။ အလင်းရောင်သည် မျက်ဆန်မှတစ်ဆင့် မျက်စိထဲ သို့ဝင်၏။ အလင်းရောင်မှုန်လျှင် မျက်နက်ဝန်းသည် ကျယ်လာ၍ အလင်းရောင်ကို ပို၍ ခံယူ၏။ အလင်းရောင် တောက်ပလျှင် မျက်နက်ဝန်းသည် မလိုသော အလင်းရောင်ကို ဖယ်ရှားရန် ကျဉ်းလာတော့၏။ ဝင်လာသော အလင်းရောင်ကို မျက်စိမှန်ခုံးက မြင်လွှာတွင် ရုပ်ပုံ ထင်ထင်ရှားရှား ပေါ်လာအောင် ကျဉ်းလိုက် ကျယ်လိုက် ပြုလုပ်ပေး သည်။ အနီးမြင်တွင် မျက်လုံးသည် ရှေ့မှနောက်သို့ရှည်၏။ မျက်စိမှန်ခုံးသည် အနီးရှိဝတ္ထုပစ္စည်းများမှ ပြန်ဟပ်သော အလင်းရောင်ကို မြင်လွှာပေါ်သို့ ထင်ထင်ရှားရှား ပို့နိုင်သည်။ သို့သော် အဝေးရှိ အရာဝတ္ထုများမှ အလင်းရောင်ကိုကား ထင်ရှားအောင် မပြုလုပ်ပေးနိုင်သဖြင့် အဝေးကို မမြင်နိုင်ချေ။ အဝေးမြင်သော ပုဂ္ဂိုလ်များတွင် မျက်လုံးသည် ရှေ့မှနောက်သို့ တိုနေ၏။ အဝေးနှင့် အနီးနှစ်နေရာစလုံးမှ အရာဝတ္ထုများမှ ပြန်ဟပ်သော အလင်းရောင်သည် မြင်လွှာနောက်ပိုင်း တစ်နေရာ၌ ရုပ်ပုံ ထင်ရှားစွာ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးသည်။ အဝေးမြင် မျက်စိမှ မှန်ခုံးများသည် အရာဝတ္ထုနှစ်မျိုးစလုံးကို မြင်အောင် မပြုလုပ်နိုင်ပေ။ အခြေအနေ အကောင်းဆုံးအခါတွင် လူတစ်ယောက်သည် အရာဝတ္ထုတစ်ခုကို မြင်ရန် စက္ကန့်ပိုင်းမျှအချိန်ယူရ၏၏။ အလင်းရောင်နည်း၍ ထင်ထင်ရှားရှား မမြင်ရသည့်အခါမျိုးတွင် အရာဝတ္ထုကို မြင်နိုင်ရန် ပို၍ အချိန်ယူရ၏။ မော်တော်ယာဉ် မောင်းသည့်အခါ၌ အထူးသဖြင့် ညဉ့်အချိန်တွင် အရာဝတ္ထုကို မြင်အောင် ကြည့်ရသည့်အချိန်သည် အရေးကြီးလှပေသည်။ နေ့အချိန်ထက် ညဉ့်အချိန်တွင် အရာဝတ္ထုကို မြင်အောင် ကြည့်ရသည့်အချိန်သည် ပိုသောကြောင့် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားတတ်လေသည်။ မျဉ်းအမည် ထူထူနှစ်ချောင်းကို စက္ကူတစ်ချပ်ပေါ်တွင် တစ်လက်မ၏ အပုံတစ်ထောင်ပုံ လေးပုံမျှခြား၍ ဆွဲထားပြီး လျှင် လူတစ်ယောက်သည် အခြေမှန်မျက်စိဖြင့် ၁၄ လက်မခွာ၍ ကြည့်လျှင် ထိုမျဉ်းမည်းထူထူ နှစ်ကြောင်းကို ခွဲခွဲခြားခြားမြင်နိုင်သည်။ ဤသို့မြင်နိုင်ခြင်းမှာ အလင်းရောင်ကောင်းစွာ ရရှိသော အခါမှသာ ဖြစ်နိုင်သည်။ အလင်းရောင်နည်းလာသည်နှင့်အမျှ ထိုမျဉ်းနှစ်ကြောင်း ကို ခွဲခွဲခြားခြား မြင်နိုင်အောင် ချဲ၍ ချဲ၍ ပေးရပေမည် ။ အကယ်၍ ထိုမျဉ်းနှစ်ကြောင်းကို မွဲပြာရောင် စက္ကူပေါ်တွင် ဆွဲထားပါက နောက်ခံတွင် ခွဲခြားမှု နည်းသောကြောင့် ယင်းတိုကို မျဉ်းနှစ်ကြောင်းကဲ့သို့ မြင်ရအောင် ပို၍ပင် ချဲပေးရဦးမည်။ ထိုကြောင့် မြင်မှုသည် ရရှိသော အလင်းရောင် ပမာဏနှင့် အရာဝတ္ထု၏ ပတ်ဝန်းကျင် နောက်ခံ ခွဲခွဲခြားခြား ရှိမှုတို့ပေါ်တွင် တည်ကြောင်းသိရလေသည်။ စာဖတ်ရန် အကောင်းဆုံးနေရာသည် အလင်းရောင် အများဆုံးသော ပြတင်းပေါက်နားတွင် ဖြစ်သည်။ ထိုနေရာ၌ အလင်း ရောင်သည် စာရွက်ပေါ်သို့ အများဆုံး ကျရောက်သည်။ လူများသည် ငယ်စဉ်ကတည်းက အရာဝတ္ထုတစ်ခုကို ကြည့်လျှင် မျက်စိနှစ်လုံးစလုံးကို အသုံးပြု၍ ကြည့်ကြသည်။ မျက်စိကြွက်သားများနှင့် မျက်စိမာိးသည် အခြေမှန်ဖြစ်ခဲ့လျှင် မျက်စိနှစ်လုံးစလုံးဖြင့်သာ ကြည့်တတ်ကြသည်။ ဤအမြင်မျိုးကို မျက်စိနှစ်ဖက်အမြင် ဟုခေါ်သည်။ မျက်စိနှစ်ဖက်အမြင်သည် တစ်ဖက်အမြင် ထက် ကျေးဇူးများသည်။ ကလေးသည် အသက် ၆ နှစ် အရွယ် ရောက်ရှိလာသည့်အခါ သူ၏ မျက်စိအမြင်သည် အစွမ်းကုန်အခြေလောက်သို့ ရောက်ရှိလာသည်။ သို့သော် ထိုထက်လွန်သည့် တိုင်အောင်ပင် သူ၏မျက်စိကို မှန်အောင်အသုံးမပြုနိုင်သေးချေ။ ထိုကြောင့် ဤအချိန်တွင် မျက်စိကို အားစိုက်၍ပြုလုပ်ရသော အလုပ်ဟူသမျှကို ရှောင်ရှားရန် အရေးကြီးလှပေသည်။ လူငယ်မျက်စိများတွင်ရှိသော မှန်ခုံးများသည် အလွန်ရုန်းကန်တတ်သည်။ လူငယ်များသည် မိမိတို့၏ မျက်စိများသို့ အလွန်နီးစွာ ကပရောက်လာသော အရာဝတ္ထုများကို မြင်နိုင်အောင် မှန်ခုံးများ၏ အရွယ်ကို ပြောင်းလဲပေးနိုင်ကြသည်။ အသက်အရွယ်ကြီးရင့် လာသည်နှင့်အမျှ မှန်ခူဲဒမျယဒ၊ ဂူန်ဒငန်မှုသည်လည်း နည်း၍ သွားရာ အမြင်လိုက်လျောခြင်း သည်လည်း ယုတ်လျော့သွား လေသည်။ လူငယ်များသည် အရာဝတ္ထုများကို မျက်စိနားကပ်၍ ကြည့်နိုင်ကြသောကြောင့် စာဖတ်သည့်အခါ စာအုပ်ကို မျက်စိနားကပ်၍ ဖတ်လေ့ရှိကြသည်။ ဤအလေ့သည် မျက်စိအား ဥပဒ်ဖြစ်စေသောကြောင့် ရှောင်ရှားသင့်သည်။ အသက်ကြီးရင့်လာသည့် အခါ မျက်စိများသည် ချွတ်ယွင်းလာသဖြင့် မှန်ခုံးများတွင် ရုန်းကန်မှု အလွန်နည်းသွားလေသည်။ ဒုတိယအရွယ် လွန်မြောက်သည့်အခါ လူများသည် မျက်မှန် ဆောင်ရတော့၏။ သက်ကြီးမျက်စိများတွင် မျက်ကြည်တစ်ဝိုက်၌ အဖြူဝိုင်းတစ်ခု ရှိတတ်သည်။ သို့သော် စိတ်ပူပင်စရာ မဟုတ်ချေ။ အတွင်းတိမ်နှင့် မျက်ရှေ့ခန်းနာ စသော မျက်စိရောဂါများသည် ဒုတိယအရွယ် လွန်မြောက်သော သက်ကြီးများတွင် ဖြစ်တတ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)