မြင်စိုင်းရွှေပြည်

ဝီကီပီးဒီးယား မှ

မြင်စိုင်းရွှေပြည် ကဗျာကို ငါးစီးရှင်ကျော်စွာရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ ပင်းယခေတ်ပေါ် ကာချင်း ကဗျာအမျိုးအစားဖြစ်သည်။ ကဗျာ၏ ရည်ရွယ်ချက်မှာ မြင်စိုင်းပြည်သူပြည်သားများအနေဖြင့် မိမိဇာတိမြေကို ချစ်မြတ်နိုးလာစေရန် ရေးဖွဲ့ခြင်းဖြစ်သည်။

မြင်စိုင်းရွှေပြည်[ပြင်ဆင်ရန်]

တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။
ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။
ဟုတ်တည်း ဆွေရင်း ဆွေရင်း။
ဟုတ်တည်း သည်ရင်း သည်ရင်း။
မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်။
မြင်စိုင်းရွှေမြေ၊ ပန်းသင်းခွေ
ပင်ခြေချုံထက်နွယ်၊ ချုံထက်နွယ်။
တောင်လေရှုန်းရှုန်း၊ မိုးခတ်အုန်း။
ကင်ပုန်းပွင့်ချီချယ် ပွင့်ချီချယ်။
နွယ်ပန်းခွာညို၊ ပွင့်ပေလို
ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။
တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ။
သရီရဓာတ်စွယ်၊ သရီရဓာတ်စွယ်။
ယာဆီမြေကောင်း၊ ကျသည့်ပြောင်း။
မနှောင်းမှည့်ဆောလွယ်၊ မှည့်ဆောလွယ်။
ခါနှင့်ဘုတ်ချိုး၊ ကြက်တောမျိုး
လိုစိုးကျက်မြေကျယ်၊ ကျက်မြေကျယ်။
ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး။
စာနွှေးစားလိုဖွယ်၊ စားလိုဖွယ်။
ယရည်းသွန်းသွန်း၊ မြင်းသည်ဝန်း
လှံချွန်းတွန်းတက်ပယ်၊ တွန်းတက်ပယ်။
စောလူးစီးတန်၊ မျိုးဆက်ဒန်
လျင်ထန်မြင့်မဆွယ်၊ မြင့်မဆွယ်။
မြှောက်စည်လတီး၊ ဝင်ခါနီး
စောထီးနန်းထက်ကျယ်၊ နန်းထက်ကျယ်။
သာသည့်မြေပြင်၊ စောနတ်ရှင်
နန်းခွင်ရှုတင့်တယ်၊ ရှုတင့်တယ်။
အထူးလော၊ တက်တိမ်လော၊ နေရောင်လော။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်