မြင့်မြတ်သော ရောမအင်ပါယာ အော့တိုး ၃

ဝီကီပီးဒီးယား မှ

တတိယအော့တိုးဘုရင်သည် အသက် ၃ နှစ် အရွယ်တွင် ခမည်းတော် ဒုတိယ အော့တိုးဘုရင်၏ ထီးနန်းအရိုက်အရာကို ဆက်ခံရသည်။ အသက်ငယ်ရွယ်သူ ဖြစ်ခြင်းကြောင့် မယ်တော် နှင့် ဘွားတော်တို့က တိုင်းပြည်ကို ရင်ခွင်ပိုက် အုပ်စိုးကြရ သည်။ နောင်တွင် ဒုတိယ ဆီလဗက်စတာဟူသော ဘွဲ့ဖြင့် ပုပ်ရဟန်းမင်းဖြစ်သွားသည့် ပညာရှိဂါးဗတ်ထံ၌ ပညာသင်ကြား ခဲ့သည်။

၉၉၆ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ပုပ်ရဟန်းမင်း ပဉ္စမ ဂရက်ဂရီကရောမမြို့၌ အော့တိုးဘုရင်အား ဧကရာဇ် အဖြစ် ဘိသိက်မြောက်ခဲ့သည်။ ဒုတိယ အော့တိုးဘုရင်သည် အီတလီနိုင်ငံ၌သာ စိုးစံနေထိုင်၍၊ ဂျာမနီနိုင်ငံကိုမူကား လျစ်လျူရှုထားလေသည်။ ၁ဝဝ၂ ခုနှစ်ဇန်နဝါရီလ ၂၃ ရက်နေ့ အသက် ၂၂ နှစ်အရွယ်တွင် ကွယ်လွန်၍ ဤတွင်ဆက္ကဆန် ဧကရာဇ်မင်းဆက်လည်းပြတ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)