မာတိကာသို့ ခုန်သွားရန်

မျိုးမြင့်

ဝီကီပီးဒီးယား မှ
ဝဏ္ဏကျော်ထင်၊ ဦး

မျိုးမြင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
ဝန်ကြီးမျိုးသန့်
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ဝန်ကြီးမျိုးသန့်
ယခင်လူကိုယ်တိုင်
ဆက်ခံသူကိုယ်တိုင်
တာဝန်သက်တမ်း
၂၅ ဧပြီ ၂၀၂၅  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဝန်ကြီးမျိုးသန့်
ဆက်ခံသူကိုယ်တိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂ (အသက် ၆၃၆၄)
ဆုတံဆိပ်များဝဏ္ဏကျော်ထင် (၂၀၂၆)

ဦးမျိုးမြင့် (၁၉၆၂ ဖွား) သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန ၏ ညွန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။[]

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် ဆောက်လုပ်ရေးဝန်ကြီးဌာန တွင် ကာလကြာရှည်စွာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။အဆိုပါဝန်ကြီးဌာန တွင် အင်ဂျင်နီယာချုပ် အဖြစ်လည်းကောင်း၊[] အဆောက်အဦ ဦးစီးဌာန ၏ ဒုတိယညွှန်ကြား ရေးမှူးချုပ်(တည်ဆောက်ရေး)တာဝန်များကိုလည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၂ ခုနှစ် ဧပြီ ၈ရက်တွင် အဆောက်အဦ ဦးစီးဌာန ၏ ညွန်ကြားရေးမှူးချုပ် အဖြစ်အစမ်းခန့်ခံရပြီး[] ၁နှစ်ပြည့်မြောက်သည့် နေ့တွင် ညွန်ကြားရေးမှူးချုပ်အဖြစ် အတည်ပြုခန့်အပ်ခံရသည်။

ဒုဝန်ကြီး

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူ့အား ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ်ခန့်အပ်ခဲ့သည်။[] ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အသစ်ဖွဲ့စည်းလိုက်သည့် ဦးညိုစောအစိုးရတွင် ဆောက်လုပ်ရေး ဒုတိယဝန်ကြီး အဖြစ် ပြန်လည် ပါဝင်ခဲ့သည်။[]ထို့ပြင် ၂၀၂၆ခုနှစ် ဧပြီ၁၀ရက်တွင် စတင်ဖွဲ့စည်းခဲ့သော ဦးမင်းအောင်လှိုင်အစိုးရတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဆက်လက်တာဝန်ပေးအပ်ခံရသည်။[]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)နှင့် အရည်အသွေးထိန်း သိမ်းရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေး MOI Myanmar (၁ ဒီဇင်ဘာ ၂၀၂၃)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ (၂၈ ဇွန် ၂၀၁၈)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးခန့်ထားခြင်း MWD Webportal (၈ ဧပြီ ၂၀၂၂)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၂၅ ဧပြီ ၂၀၂၅)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခြင်း Myawaddy Webportal။ 22 August 2025 တွင် ပြန်စစ်ပြီး။
  6. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-13 တွင် ပြန်စစ်ပြီး။
  7. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။