မျိုးမြင့်
ပုံပန်းသွင်ပြင်
မျိုးမြင့် | |
---|---|
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၅ ဧပြီ ၂၀၂၅ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၂ |
ဦးမျိုးမြင့် (၁၉၆၂ ဖွား) သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန ၏ ညွန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။[၁]
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]သူသည် ဆောက်လုပ်ရေးဝန်ကြီးဌာန တွင် ကာလကြာရှည်စွာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။အဆိုပါဝန်ကြီးဌာန တွင် အင်ဂျင်နီယာချုပ် အဖြစ်လည်းကောင်း၊[၂] အဆောက်အဦ ဦးစီးဌာန ၏ ဒုတိယညွှန်ကြား ရေးမှူးချုပ်(တည်ဆောက်ရေး)တာဝန်များကိုလည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၂ ခုနှစ် ဧပြီ ၈ရက်တွင် အဆောက်အဦ ဦးစီးဌာန ၏ ညွန်ကြားရေးမှူးချုပ် အဖြစ်အစမ်းခန့်ခံရပြီး[၃] ၁နှစ်ပြည့်မြောက်သည့် နေ့တွင် ညွန်ကြားရေးမှူးချုပ်အဖြစ် အတည်ပြုခန့်အပ်ခံရသည်။
ဒုဝန်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူ့အား ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ်ခန့်အပ်ခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)နှင့် အရည်အသွေးထိန်း သိမ်းရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေး။ MOI Myanmar (၁ ဒီဇင်ဘာ ၂၀၂၃)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ (၂၈ ဇွန် ၂၀၁၈)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးခန့်ထားခြင်း။ MWD Webportal (၈ ဧပြီ ၂၀၂၂)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၂၅ ဧပြီ ၂၀၂၅)။ ၂၇ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။