မာတိကာသို့ ခုန်သွားရန်

မျိုးပေါင်းစုငယ်

ဝီကီပီးဒီးယား မှ
(မျိုးပေါင်းစုသေး မှ ပြန်ညွှန်းထားသည်)
ပုံတွင်ပြထားသည့် အစဉ်လိုက်အဆင့်အတိုင်း မျိုးပေါင်းစု နှင့် မျိုးပေါင်း ကြားတွင် မျိုးပေါင်းစုငယ် ရှိမည်ဖြစ်သည်။

မျိုးပေါင်းစုငယ် (Subphylum) ဆိုသည်မှာ လင်းနီးယပ်၏ ဇီဝမျိုးတူအုပ်စုများဆိုင်ရာ မျိုးရိုးခွဲခြားခြင်းစနစ်ဖြင့် မျိုးဆက်တစ်ဆက်အပေါ် သတ်မှတ်သော အဆင့် သညာ တစ်ခုဖြစ်သည်။

သာမန်အားဖြင့် မျိုးရိုးတစ်ခု၏ မျိုးဆက်အဆက်ဆက်အား တစ်ခုချင်း အဆင့်ခွဲခြားသတ်မှတ်ရာတွင် "နယ်ပယ် > လောက > မျိုးပေါင်းစု > မျိုးပေါင်း > မျိုးစဉ် > မျိုးရင်း > မျိုးစု > မျိုးစိတ် ဟူ၍ အစဉ်အတိုင်းသတ်မှတ်ထားသော အဆင့်များမှ တစ်ခုအဖြစ်ခွဲခြားကြသည်။

သို့ရာတွင် တစ်ခါတစ်ရံ၌ ရှုပ်ထွေးသော မျိုးရိုးဆင်းသက်မှုရှိသည့် (သို့) အဖြေရှာမရသေးသည့် သတ္တဝါ(တိရစ္ဆာန်) မျိုးရိုးဆင်းသက်မှုများအတွက် ကြားအဆင့်များ သတ်မှတ်ပေးရန် လိုအပ်လေသည်။

မှတ်သားသင့်သည်မှာ ပုံမှန်သတ်မှတ်ထားသော အဆင့်သညာများတွင် "ခွဲ" ပါသည့် အဆင့်သည် မူလအဆင့်၏ အောက်တွင်ရှိသော "အဆင့်" ဖြစ်သည်။

(ဥပမာ။ မျိုးပေါင်းစုကြီး > မျိုးပေါင်းစု > မျိုးပေါင်းစုငယ် > မျိုးပေါင်းကြီး > မျိုးပေါင်း > မျိုးပေါင်းငယ် > မျိုးစဉ်ကြီး > မျိုးစဉ် > မျိုးစဉ်ငယ် > မျိုးရင်းကြီး > မျိုးရင်း)