မြန်မာအမျိုးစောင့်ဥပဒေ

ဝီကီပီးဒီးယား မှ
(မျိုးစောင့်ဥပဒေ မှ ပြန်ညွှန်းထားသည်)

မြန်မာအမျိုးစောင့်ဥပဒေ(Interfaith Marriage Law ) ကို မစိုးရိမ်တိုက်သစ် နာယက ပရိယတ္တိသာသနာဟိတ (သကျသီဟ) ဓမ္မာစရိယ ဆရာတော် အရှင်ဝီရသူ နှင့် သံဃာများက၂၀၁၃ ခုနစ်၊ ဇွန်လတွင် မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားနှင့် အိမ်ထောင်ပြုမှုက ကာကွယ်ဖို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဥပဒေကြမ်းရေးဆွဲ တင်ပြခဲ့သည်။

မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားနှင့် အိမ်ထောင်ပြုမှုက ကာကွယ်ဖို့ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် သာသနဓဇ ဓမ္မာစရိယ ဆရာတော် ဒေါက်တာ ဓမ္မပီယ ဆရာတော် ဦးဝီရသူ စသော သံဃာတော် အရှင်သူမြတ်များက ဥပဒေကြမ်းရေးဆွဲ တင်ပြခဲ့သည်။[၁][၂]

ဥပဒေဖော်ဆောင်ရန် လုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

၂၀၁၃ ဇူလိုင် ၂၇ တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အောက်ဆန်းတောရတပ်ဦးကျောင်းတွင် သံဃာ ၁၅၀၀ ခန့် စုဝေး၍ ဥပဒေကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် သီတဂူဆရာတော်၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုတို့မှ ဗုဒ္ဓဘာသာဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဥပဒေအချောမသတ်နိုင်သေးမီ အခြားဘာသာဝင်အမျိုးသားများကို အိမ်ထောင်ပြုသော ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများကိုကာကွယ်ရန်ဟူ၍ တက်ရောက်သူများ သဘောတူကြသည်။

ပြောရေးဆိုခွင့်ရှိသူ ဆရာတော်တစ်ပါးက အဖွဲ့သည် ဥပဒေကြမ်းကို ရေးဆွဲနေပြီး ဥပဒေပညာရှင်များ၏ အကူအညီဖြင့် ပြီးမြောက်လျှင် ပြည်သူလူထုထံသို့ တင်ပြသွား၍ တုံ့ပြန်ပြောဆိုမှုများကို ရရှိပြီးနောက် လွှတ်တော်သို့ တင်မည်ဟု ပြောကြားခဲ့သည်။ ဥပဒေကြမ်းအား ဇွန်လတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးညီလာခံသို့ တင်ပြခဲ့ကြရာ ပြည်တွင်းပြည်ပမှ လေ့လာသုံးသပ်သူအချို့က ဘာသာရေးကွဲပြားမှု၊ တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်သောကကို ဖော်ပြခဲ့ကြသည်။[၃]

ဗုဒ္ဓဘာသာကိုလည်း အလားတူ ကာကွယ်ပိုင်ခွင့်[ပြင်ဆင်ရန်]

....ဘာသာ အသီးသီးမှာ သူတို့ဘာသာကို ကာကွယ်ဖို့ အတွက် မျိုးစောင့်ဥပဒေ(Interfaith Marriage Law ) ပြဋ္ဌာန်းချက် တွေ ရှိနေတာမို့ ဗုဒ္ဓဘာသာကိုလည်း အလားတူ ကာကွယ်ပိုင်ခွင့် ရှိကြောင်း၊ ဒီလို ကာကွယ်ဖို့ ဆောင်ရွက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ကြောင်း ဗုဒ္ဒဘာသာဝင် မြန်မာ အမျိုးသမီးတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် မျိုးစောင့်ဥပဒေ(Interfaith Marriage Law ) တရပ် ပြဋ္ဌာန်းနိုင်ဖို့ လိုအပ်နေပြီ.... ဟု အင်းစိန်မြို့နယ် အောင်ဆန်း တောရ တပ်ဦးကျောင်းတွင် ကျင်းပခဲ့သော အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဩဝါဒ ခံယူပွဲ ခေါင်းစဉ်နဲ့ သံဃာ့အစည်းအဝေးတွင် အဓိက ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်သည်။ မျိုးစောင့် ဥပဒေ မူကြမ်းကို သံဃာတော် တွေရဲ့ တိုက်တွန်းချက်အရ ရေးဆွဲခဲ့သော ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း..... မြန်မာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်တဲ့အခါ တခြားဘာသာတွေရဲ့ စည်းကမ်း ဥပဒေတွေ ကိုတော့ Statutary Law လို့ ခေါ်တဲ့ ပြဋ္ဌာန်း ဥပဒေ အနေနဲ့ သတ်မှတ်ခံရပြီး မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေကို ကျတော့ Customary Law လို့ ခေါ်တဲ့ ဓလေ့ထုံးတမ်း ဥပဒေအဆင့်သာ သတ်မှတ်တာကြောင့် ပြဿနာ ဖြစ်လာရင် သူများဘာသာရဲ့ ဥပဒေတွေကိုသာ လိုက်နာ နေရတယ်... ဟု ပြောသည်။ The face of Buddhist Terror ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးကို ဖော်ပြခဲ့တဲ့ Time Magazine ကိုလည်း ဒီအစည်းအဝေးတွင် ရှုတ်ချခဲ့ကြသည်။ သီတဂူ ဆရာတော် အသျှင် ညာဏိသရ က ......အခုအခါ မွတ်ဆလင် နိုင်ငံတွေဖြစ်နေတဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် လို နိုင်ငံတွေဟာ တချိန်က ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်ခဲ့တာကို ဆောင်းပါးရှင် Henna Beach က လျစ်လျူရှုခဲ့ တယ်...လို့ ဆိုသည်။ [၄]

အမျိုးစောင့်ဥပဒေ (၄) မျိုး[ပြင်ဆင်ရန်]

  • လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၂၈)

  • ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၄၈)

  • မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၅၀)

  • တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၅၄)

အထက်ပါ အမျိုးစောင့်ဥပဒေ (၄) မျိုးကို နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်မှ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လတွင် တရားဝင်အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ တိုင်းနှင့်ပြည်နယ်အနှံ့ မျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနားများကို ကျင်းပခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Monks Rally Behind Bill That Would Restrict Interfaith Marriage
  2. Monks promote law restricting interfaith marriages- DVB Multimedia Group[လင့်ခ်သေ]
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 8 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2013 တွင် ပြန်စစ်ပြီး။
  4. မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေး သံဃာတော်တွေ ဆွေးနွေး - BBC News မြန်မာ