မျက်စိအကျင့် ဝမ်းအချင့်

ဝီကီပီးဒီးယား မှ

မျက်စိအကျင့် ဝမ်းအချင့် သည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

အအိပ်မကြူးစေရန် မျက်စိကို ကျင့်ထား၍ ရ၏။ အစားမကြူးစေရန် ဝမ်းကို ချင့်စား၍ ရ၏။ ထို့အတူ အတိုင်းအရှည်နှင့် လျော်ညီအောင် လေ့ကျင့်ထား၍ ရသည်။

"မျက်စိအကျင့်၊ ဝမ်းအချင့် ဆိုသော စကားအတိုင်း အစားနှင့် အအိပ်ကို အတိုင်းအရှည် သင့်လျော်မျှ ပြုကျင့်ရာ၏။"

(၁၂၈၁) နီရီ၊ ပ။ ၁၂၄

ကိုးကား[ပြင်ဆင်ရန်]