မဲရစ်တိုကရေစီ
မဲရစ်တိုကရေစီ (Meritocracy) ဆိုသည်မှာ စီးပွားရေး၊ နိုင်ငံရေး လုပ်ပိုင်ခွင့် အာဏာများကို အရည်အချင်းများအပေါ်မူတည်၍ တာဝန်ပေးအပ်နှင်းသည့် နိုင်ငံရေးစနစ် ဖြစ်သည်။ [၁]
(လက်တင် ဘာသာဖြင့် mereō ကုသိုလ်၊ ရှေးဂရိ ဘာသာဖြင့် -cracy ၊ kratos 'ခွန်အား၊ ပါဝါ' ဆိုသည့် စကားလုံးများကို အခြေခံ၍ မှည့်ခေါ်ခဲ့သည်ဟု သိရသည်။)
ထိုသို့သောစနစ်တစ်ခု၏ တိုးတက်မှုသည် စာမေးပွဲ (သို့မဟုတ်) လက်တွေ့ အောင်မြင်မှုမှတစ်ဆင့် တိုင်းတာသည့် စွမ်းဆောင်ရည်အပေါ် အခြေခံသည်။ မဲရစ်တိုကရေစီ အယူအဆသည် ရာစုနှစ်များစွာကတည်းက ရှိခဲ့သော်လည်း၊ ယင်းဝေါဟာရကို လူမှုဗေဒပညာရှင် Alan Fox က 1956 ခုနှစ်တွင် ဆိုရှယ်လစ်ဝေဖန်ချက် ဂျာနယ်တွင် ဖော်ပြခဲ့ရာမှ တွင်ကျယ်သွားခဲ့ခြင်း ဖြစ်သည်။[၂] [၃]
ယနေ့ခေတ်တွင်၊ ပုဂ္ဂိုလ်ရေးတိုးတက်မှုနှင့် အောင်မြင်မှုသည် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်ရည်များနှင့် အရည်အချင်းများကို ရည်ညွှန်းရန် မကြာခဏ အသုံးပြုလေ့ရှိသည်။[၄] ဤစနစ်ကြောင့် လူတိုင်း အခွင့်အလမ်းသာတူညီမျှမှု ရရှိစေသည်ဟု မြင်လေ့ရှိသည်။ လူတိုင်းကို ကြိုးစားရန် တိုးတက်ရန် အားပေးသည့် စနစ်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့်၎င်းကို လူမျိုးရေး အစွန်းရောက်သူများ၊ ဘုရင်စနစ်ကြိုက်သော မင်းမျိုးမင်းနွယ်များက သဘောကျလေ့ မရှိပေ။[၅]
နိဒါန်း
[ပြင်ဆင်ရန်]မဲရစ်တိုကရေစီဆိုသည်မှာ လူပုဂ္ဂိုလ်များကို ၎င်းတို့၏ အရည်အချင်းများ၊ ကျွမ်းကျင်မှုများနှင့် တာဝန်ကျေမှုအပေါ်မူတည်၍ ရွေးချယ်ခြင်းနှင့် တိုးတက်ခွင့်ရရှိစေသည့် အုပ်ချုပ်ရေးစနစ် (သို့) အဖွဲ့အစည်းစနစ်ကို ဆိုလိုသည်။ မဲရစ်တိုကရေစီသည် ကြွယ်ဝချမ်းသာမှု၊ လူမှုရေးအဆင့်အတန်း (သို့) အရည်အချင်းနှင့် မသက်ဆိုင်သော အခြားအချက်များပေါ်တွင် အခြေမခံပေ။ မဲရစ်တိုကရေစီတွင် အာဏာနှင့် အကျိုးခံစားခွင့်များကို အတတ်ပညာ၊ ကြိုးပမ်းမှုနှင့် စွမ်းဆောင်နိုင်မှုအပေါ် မူတည်၍ သတ်မှတ်သည်။ မဲရစ်တိုကရေစီသည် တရားမျှတမှု၊ ထိရောက်မှု၊ အခွင့်အလမ်း တန်းတူညီမျှမှုတို့ကို အလေးပေးသော စနစ်တစ်ခုဖြစ်သည်။
မဲရစ်တိုကရေစီ၏ အဓိကအင်္ဂါရပ်များ
[ပြင်ဆင်ရန်]၁။ အရည်အချင်းအပေါ် အခြေခံ၍ တိုးတက်ခွင့် ရရှိခြင်း(Merit-Based Advancement)
[ပြင်ဆင်ရန်]မဲရစ်တိုကရေစီ စနစ်တွင် လူပုဂ္ဂိုလ်များသည် ၎င်းတို့၏ အရည်အချင်းများ၊ ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များ အပေါ်မူတည်၍ ရာထူးတိုးတက်ခွင့် (သို့) လူမှုအဆင့်အတန်း မြင့်မားမှု ရှိရမည်ဖြစ်ပါသည်။ နောက်ခံမိသားစု အခွင့်အရေး (သို့) အဆက်အသွယ်ရှိမှုတို့နှင့် မသက်ဆိုင်ပါ။
၂။ အခွင့်အလမ်း တန်းတူညီမျှမှုရှိခြင်း(Equality of Opportunity)
[ပြင်ဆင်ရန်]မဲရစ်တိုကရေစီသည် လူတိုင်းလူတိုင်း အခွင့်အရေးများကို တန်းတူရရှိသင့်သည် ဟူသော အယူအဆပေါ်တွင် တည်ဆောက်ထားသည်။ လူတစ်ဦးချင်းစီသည် ၎င်းတို့၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေရန် တန်းတူညီမျှ ပိုင်ဆိုင်နိုင်သော အခွင့်အရေးများ ရှိရပါမည်။
၃။ စွမ်းဆောင်ရည်အကဲဖြတ်ခြင်း (Evaluation of Performance)
[ပြင်ဆင်ရန်]မဲရစ်တိုကရေစီစနစ်တွင် ပုံမှန်အကဲဖြတ်မှုများ၊ အရည်အချင်းစစ် စာမေးပွဲများ (သို့) စွမ်းဆောင်ရည်အကဲဖြတ်ခြင်းများသည် အထူးအရေးကြီးသည်။ ရာထူးတိုးခြင်း၊ ဆုလာဘ်များနှင့် အခွင့်အလမ်းများ ပေးခြင်းသည် တိုင်းတာနိုင်သော အောင်မြင်မှုများနှင့် ကျွမ်းကျင်မှုများအပေါ် အခြေခံ၍ ပေးအပ်ကြောင်း သေချာစေရန်အတွက် ဖြစ်သည်။
၄။စွမ်းဆောင်ရည်ကောင်းခြင်းနှင့် ရလဒ်အကျိုးထွက်ရှိခြင်း
[ပြင်ဆင်ရန်]မဲရစ်တိုကရေစီစနစ်သည် အရည်အချင်းအရှိဆုံးလူများကို အုပ်ချုပ်ရေးရာတွင် တာဝန်ပေးခြင်းဖြင့် ထိရောက်မှုနှင့် ထုတ်လုပ်မှုများ မြင့်မားစေခြင်းဖြစ်သည်။ ဤစနစ်သည် အဖွဲ့အစည်း (သို့) အစိုးရများတွင် ဆန်းသစ်တည်ထွင်မှုနှင့် အောင်မြင်မှုကို တွန်းအားပေးနိုင်သည့် အလုပ်ကျိုးစားမှု၊ ကိုယ်ပိုင်စွမ်းရည်နှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို ဆုချီးမြှင့်သည်။
၅။မျက်နှာသာပေးမှုစနစ်ကို လျော့ချခြင်း (Reduction Of Nepotism and Favoritism)
[ပြင်ဆင်ရန်]မဲရစ်တိုကရေစီ၏ အရေးကြီးသော အချက်တစ်ခုမှာ မျက်နှာသာပေးမှုစနစ်ကို လျော့ချခြင်း (သို့) ပပျောက်စေခြင်းဖြစ်သည်။ ရာထူးအာဏာပေးအပ်ရာတွင် ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်မှုများ (သို့) မိသားစုဆက်ဆံရေးများ လွှမ်းမိုးမှုမရှိကြောင်း သေချာစေရန် ဖြစ်ပါသည်။
- Nepotism ဆိုသည်မှာ ဩဇာအာဏာရှိသူ၏ ဆွေမျိုးများ၊ သူငယ်ချင်းများ (သို့) အပေါင်းအသင်းများကို မျက်နှာသာပေးပြီး ရာထူးနေရာပေးခြင်း အလေ့အထကိုဆိုလိုပါသည်။
၆။ဓမ္မဓိဌာန်ကျသော စံနှုန်းများဖြင့် အောင်မြင်မှုကို တိုင်းတာခြင်း၊(Objective Criteria for Success)
[ပြင်ဆင်ရန်]အောင်မြင်မှုနှင့် တိုးတက်မှုကို တိုင်းတာဆုံးဖြတ်ရာတွင် ရှင်းလင်းပြတ်သားပြီး ဓမ္မဓိဌာန်ကျသော စံနှုန်းများဖြင့် တိုင်းတာဆုံးဖြတ်ပါသည်။ အရည်အချင်းစစ် စာမေးပွဲရမှတ်၊ အလုပ်စွမ်းဆောင်ရည် အကဲဖြတ်ချက်ရလဒ် (သို့) တိုင်းတာနိုင်သော အခြားနည်းလမ်းများကို အသုံးပြုပါသည်။
မဲရစ်တိုကရေစီ၏ အားသာချက်များ
[ပြင်ဆင်ရန်]၁။သာတူညီမျှမှုနှင့် တရားမျှတမှု
[ပြင်ဆင်ရန်]၂။စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ခြင်း
[ပြင်ဆင်ရန်]၃။မိမိကိုယ်ကို တိုးတက်မြှင့်မားရန် တွန်းအားဖြစ်စေခြင်း
[ပြင်ဆင်ရန်]၄။အကျင့်ပျက်ချစားမှုနှင့် ခရိုနီစနစ်ကို လျော့နည်းစေခြင်း
[ပြင်ဆင်ရန်]၅။လူနေမှုအဆင့်အတန်း တိုးတက်မှုကို အားပေးခြင်း
[ပြင်ဆင်ရန်]မဲရစ်တိုကရေစီ၏ စိန်ခေါ်မှုများ
[ပြင်ဆင်ရန်]၁။စတင်အခြေအနေ မတူညီခြင်း
[ပြင်ဆင်ရန်]၂။မဲရစ် (Merit)ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ပုဂ္ဂလဓိဌာန်ဖြစ်ခြင်း
[ပြင်ဆင်ရန်]၃။ဖိအားနှင့် စိတ်ဖိစီးမှုရှိခြင်း
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ meritocracy။ 6 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2016 တွင် ပြန်စစ်ပြီး။
- ↑ "Recent Work on Meritocracy" (2023): 171–185.
- ↑ Against Meritocracy: Culture, Power, and Myths of Mobility။ Milton Park, Abingdon, Oxon။ 2018။ p. 32။
- ↑ "How meritocracy is defined today?: Contemporary aspects of meritocracy" (2017): 112–121.
- ↑ Britannica Money (in en) (2025-01-03)။ 2025-02-18 တွင် ပြန်စစ်ပြီး။