မာတိကာသို့ ခုန်သွားရန်

မော်လမြိုင်အချုပ်ထောင်

ဝီကီပီးဒီးယား မှ
မော်လမြိုင်အချုပ်ထောင်
တည်နေရာ16°29′29″N 97°37′25″E / 16.49139°N 97.62361°E / 16.49139; 97.62361
အခြေအနေအသုံးပြုဆဲ
လက်ခံနိုင်သော အကျဥ်းသားဦးရေ၅၀၀
လက်ရှိ အကျဥ်းသားဦးရေ၂၄၀၀ ကျော် ၂၀၂၅ ခုနှစ် အရ)
စီမံကွပ်ကဲသူပြည်ထဲရေး ဝန်ကြီးဌာန
တည်ရှိရာ မြို့မော်လမြိုင်မြို့

မော်လမြိုင်အချုပ်ထောင်သည် ‌‌‌‌‌‌‌ပြည်ထဲရေး ဝန်ကြီးဌာနအကျဉ်းဦးစီးဌာနအောက် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ကွပ်ကဲနေသော မော်လမြိုင်မြို့၊ ဖက်တန်းရပ်ရှိ အချုပ်ထောင်တခု ဖြစ်သည်။

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

၁၈၂၉ ခုတွင် မော်လမြိုင်အား မြို့တော်အဖြစ် ထားသည်နောက် သစ်လုံးကာ‌သော အချုပ်ထောင်အဖြစ် ဆောက်သည်။ ၁၈၃၁ ခုတွင် အုတ်တံတိုင်းကာပြီး သစ်တန်းလျားလုပ်သည်။ နေ့ပိုင်းတွင် ဝါဒါ (ထောင်ကြပ်) များက ကြီးကြပ်ပြီး ညပိုင်းကို တပ်က စောင့်ကြပ်သည်။ အရေးပိုင်သည် ထောင်ပိုင်အဖြစ်လည်း တာဝန်ယူရသည်။

၁၈၃၄ ခုတွင် ပြင်ပအလုပ်များ စခိုင်းသည်။ ထွက်ပြေးသူများသဖြင့် ၁၈၄၄ ခုတွင် ဝန်ရှင် ဘရုတ်ဖု (Broadfoot) က ပြင်ပအလုပ်ခိုင်းခွင့် ပိတ်သည်။

၁၈၄၀-၅၀ ကာလတွင် ယခုမြင်ရသည့် အုတ်ကြွပ်မိုး၊ နှစ်ထပ်ဆောင်များ ဆောက်သည်။ ၁၈၄၄ ခုတွင် ထောင်ကို တရားသူကြီးက တာဝန်ယူရသည်။ ၁၈၅၆ ခုတွင် အကျဉ်းသားများအား ပန်းပဲ၊ လက်သမားပညာများ သင်ပေးပြီး လူသုံးကုန်ထုတ်ရာ ၆၈၁၄.၂၉ ရူပီး ရခဲ့သည်။

၁၈၆၄ ခုတွင် အကျဉ်းဌာန (Jail Department) ဖွဲ့ပြီးနောက် အခြားထောင်များနည်းတူ မင်းကြီး ပလန့် (C. Plank) အောက်သို့ ရောက်သွားသည်။ ဘင်္ဂလား၊ မလေးနှင့် ဗမာထောင်သားတို့အား ထားသည်။ အရူးများကိုလဲ ထား၏။ ဘင်္ဂလီအမျိုးသမီးများအား လက်ခံပြီးနောက် အုပ်ချုပ်မှုပြဿနာများ ပေါ်ပေါက်လာသဖြင့် ဝန်ရှင် ဘလန်ဒယ် (E.A. Blundell) က ထပ်မပို့ရန် ပိတ်ရသည်။ ၁၈၅၇ ခုအထိ ၇ နှစ်နှင့်အောက်အား ထားဝယ်ထောင်၊ ၁၄ နှစ်နှင့်အောက်အား မြိတ်ထောင်၊ တသက်တကျွန်းအထိအား မော်လမြိုင်ထောင်တွင် ထားသည်။ သက်ကြီးအကျဉ်းသားများကို ကျိုက္ခမီထောင်သို့ ပို့သည်။

တာဝန်ခံများ

[ပြင်ဆင်ရန်]
  • V. မောင်လတ်
  • J.S. David
  • R. Gajapatrai
  • A. Krishna
  • လှဖေ
  • ထွန်းအောင်
  • သိန်းဆွေ
  • ဘထွန်း
  • အေးမောင်
  • လှရွှေ
  • ဟန်တင့်
  • သောင်းချစ်
  • အုန်းမောင်
  • ဘရင်
  • ထွန်းခင်
  • အေးနု
  • အောင်သန်း
  • မြင့်သိန်း
  • ထွန်းလွင်
  • အောင်နွဲ့
  • ကောင်းညွန့်
  • ညီစိန်
  • အောင်ဆန်း
  • ဝင်းမောင်
  • စိုးမြင့်
  • ချစ်မောင်
  • ဌေးဝင်း
  • ဟန်မြင့်
  • ငွေစန်
  • ဟန်မြင့်
  • သက်ရှည်
  • ကျော်ညွန့်
  • သိန်းထွန်း
  • မိုးကြိုးအောင်
  • အေးစိုး
  • အေးကိုကို
  • ထွန်းဝင်း
  • သိန်းအေး
  • ခင်မောင်ကြီး
  • သိန်းစိုး
  • တင်ချို
  • ဝင်းနိုင် (၂၀၂၁ - လက်ရှိ)