မော်တော်မြန်မာ

ဝီကီပီးဒီးယား မှ

‌မော်‌တော်မြန်မာသည် အွန်လိုင်းအခြေပြု မော်တော်ကားနှင့် တစ်ခြားယာဉ်အမျိုးစုံ‌ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်သည်။ ၂၀၁၃ ခုနှစ် ၁၀လပိုင်းမှစ၍ ကာမူဒီ၏လက်‌အောက်၌[၁] လုပ်ငန်းလည်ပတ်လျက်ရှိသော ‌မော်‌တော်မြန်မာသည် ပြည်တွင်းရှိ ကားအရောင်းပြခန်းပေါင်း (၂၂၀)၊ ရန်ကုန်မြို့ရှိ ကားရောင်း ဝယ်ရေးစခန်းများနှင့် တစ်သီးပုဂ္ဂလကားရောင်းဝယ်သူများ စသည့် ပြည်တွင်းကားဈေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ်သူများ၏ (၉၅)ရာခိုင်နှုန်းကျော်နှင့် ချိတ်ဆက်ထားလျက်ရှိသည်။[၂]

သမိုင်း‌ကြောင်း[ပြင်ဆင်ရန်]

‌မော်‌တော်မြန်မာကို ၂၀၁၂ ခုနှစ်တွင် အသုံးပြုသူတွေအနေဖြင့် မြန်မာတစ်နိုင်ငံလုံးက မော်တော်ကား၊ ‌မော်‌တော်ဆိုင်ကယ် နှင့် ကုန်တင်ကားအမျိုးအစားပေါင်းများစွာကို တစ်နေရာတည်းမှာပဲ လွယ်ကူစွာရှာဖွေနိုင်ပြီး ကားရောင်းချသူများအနေဖြင့် ကားဝယ်ယူသူများနှင့် လွယ်ကူစွာ တိုက်ရိုက်ဆက်သွယ်နိုင်ရန် အွန်လိုင်းပလက်‌ဖောင်းတစ်ခု အ‌နေဖြင့် စတင်တည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ၇ လပိုင်းမှ ၁၀ လပိုင်းအတွင်း ကာမူဒီကို မက္ကဆီကိုနိုင်ဂျီးရီးယားပါကစ္စတန်ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် သီးသန့်ထူ‌ထောင်ခဲ့သည်။ အွန်လိုင်းအခြေပြု မော်တော်ယာဉ်ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဒ်များသည် ၎င်းနိုင်ငံတို့တွင် ဤအချိန်မတိုင်မီက ရှိပြီးသားဖြစ်သည်။ ကာမူဒီက ‌မော်‌တော်မြန်မာကို ၂၀၁၃ ခုနှစ် ၁၀လပိုင်းတွင် ရယူပြီးသည့်အခါ တခြားနိုင်ငံများကဲ့သို့ ကာမူဒီဟု အမည်မ‌ပြောင်းဘဲ ‌"motors.com.mm" အမည်နှင့် ဆက်လက်လှုပ်ရှားလျက်ရှိသည်။[၃]

အသုံးပြုမူ[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် ၇ လပိုင်း တွင် ‌မော်‌တော်မြန်မာမှ အန်းဒရွိုက်အက်ပ်ကို စတင်မိတ်ဆက်ခဲ့သည်။ ယာဉ်အစီးရေ (၁၀၅၀ဝ၀)ကျော်ကို ‌ဖော်ပြထားလျက်ရှိပြီး ‌မော်‌တော်မြန်မာအက်ပ်သည် အသုံးပြုသူများအား ကွန်ပြူတာအ‌ရှေ့မှာကဲ့သို့ သက်‌တောင့်သက်သာ ကားရှာ‌ဖွေနိုင်မှုကို စမတ်ဖုန်းနှင့် သွားလာလှုပ်ရှား‌နေခိုက် အသုံးပြုနိုင်ရန်ရည်မှန်းလျက် ထုတ်ဝေခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Rocket Internet continues its tear through Asia with the launch of vehicle classifieds platform Carmudi။ Tech In Asia။ 14 July 2015 တွင် ပြန်စစ်ပြီး။
  2. About Us။ Carmudi။ 18 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2015 တွင် ပြန်စစ်ပြီး။
  3. Rocket's Carmudi rides on Myanmar's Internet growth potential။ Starting Up Asia။ 14 July 2015 တွင် ပြန်စစ်ပြီး။
  4. Motors.com.mm Rolls Out Local App for Android Devices။ Myanmar Business Today။ 20 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]