မော်စကိုမြစ်

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 55°05′N 38°50′E / 55.083°N 38.833°E / 55.083; 38.833

Map of the Volga watershed with the Moskva highlighted; the two rivers are directly connected by the Moscow Canal

မော်စကိုမြစ်(ရုရှား: река Москва, Москва-река, Moskva-reka)သည် ရုရှားနိုင်ငံ အနောက်ဘက်ပိုင်းတွင် စီးဆင်းနေသော မြစ်တစ်စင်းဖြစ်သည်။ မော်စကိုမြို့အနောက်ဘက် ၁၄၀ ကီလိုမီတာ (၉၀ မိုင်) မှ စီးဆင်းလာခဲ့ပြီး စမားလန့်စ်မြို့နှင့် မော်စကို အော့ဗလတ်ကိုဖြတ်သန်းစီးဆင်းလာခဲ့ပြီး မော်စကိုမြို့လည်ကို ဖြတ်၍စီးဆင်းနေသည်။ မော်စကိုမြို့၏ အရှေ့တောင်ဘက် ၁၁၀ ကီလိုမီတာ (၇၀ မိုင်) အကွာ ကာလိုမနာမြို့တွင် အိုကာမြစ်ထဲသို့ စီးဝင်သည်။ ထိုအိုကာမြစ်သည် ဗော်လ်ဂါမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သဖြင့် ဗော်လ်ဂါမြစ်ထဲသို့ စီးဝင်ကာ အဆုံးတွင် ကက်စပီယံပင်လယ်ထဲသို့ စီးဝင်သည်။


ရေအရင်းအမြစ်[ပြင်ဆင်ရန်]

မော်စကိုမြစ်၏ အဓိကမြစ်လက်တက်များမှာ ရုဇာမြစ်၊ အီစတျာမြစ်၊ ယာအုဇာမြစ်၊ ပါဟရာမြစ်နှင့် ဆာဗျဲကာမြစ်တို့ဖြစ်သည်။ ရေအရင်းအမြစ်များမှာ ရေခဲအရည်ပျော်ခြင်းမှ ၆၁%၊ မိုးရွာသွန်းခြင်းမှ ၁၂%နှင့် မြောက်အောက်ရေမှ ၂၇% ရှိမည်ဟု ခန့်မှန်းရသည်။ မော်စကိုတူးမြောင်း ဖောက်လုပ်ပြီးစီးသောအခါဝယ် မော်စကိုမြစ်သည် အထက်ဗော်လ်ဂါမြစ်ရေကိုပါ မျှဝေသုံးစွဲခဲ့သည်။ ပျမ်းမျှစီးဆင်းမှုပမာဏ(average discharge)သည် ဇဗီညီးဂေါရတ်မြို့အနီးတွင် ၃၈ m3/s (၁,၃၀၀ cu ft/s) မှ အိုကာမြစ်ထဲစီးဝင်ခါနီးတွင် ၂၅၀ m3/s (၈,၈၀၀ cu ft/s) ထိ ပြောင်းလဲ၍ နေသည်။ ရေစီးမှုအလျင်သည် ရာသီများပေါ်မူတည်၍နေပြီး ၀.၁ m/s (၀.၃၃ ft/s) (ဆောင်းရာသီ၊ ဆည်ပိတ်ချိန်) မှ ၁.၅–၂.၀ m/s (၄.၉–၆.၆ ft/s) (မေလ၊ ဆည်ဖွင့်ချိန်) အထိပြောင်းလဲနေတက်သည်။


မြို့ကြီးများနှင့် မြို့ငယ်များ[ပြင်ဆင်ရန်]

မော်စကိုမြို့ လုရှ်နီကီ အားကစားကွန်းပလပ်ဧရိယာအနီး မော်စကိုမြစ်ပေါ် ဖြတ်သန်းနေသော လှေများဖြစ်ပြီး ညာဘက်တွင် နိုဗာဂျယ်ဗင့်ချီ သီလရှင်ကျောင်းတည်ရှိသည်။

မော်စကိုမြို့သည် ရုရှားနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ဤမြစ်ကမ်းပေါ်တွင် တည်ထောင်ထားသော မြို့ဖြစ်သည်။ ထို့ပြင် မြစ်သည် မာရှာအီမြို့၊ ဇဗျဲနီဂေါရတ်မြို့၊ ရှူကော့စကီးမြို့၊ ဘရွန်နီးစီမြို့၊ ဘာ့စ်ကရီဆန့်မြို့နှင့် အိုကာမြစ်နှင့် မော်စကိုမြစ်တို့ ပေါင်းဆုံရာရှိ ကာလိုမနာမြို့တို့ကို ဖြတ်သန်းစီးဆင်းသွားသည်။ ၂၀၀၇ စာရင်းဇယားများအရ မော်စကိုမြို့တွင်းတွင် မော်စကိုမြစ်နှင့် ၎င်း၏ တူးမြောင်းများအား ဖြတ်ကူးထားသော တံတားပေါင်း ၄၉ စင်းရှိပြီး ပထမဆုံးတံတားဖြစ်သည့် ဗာရှိုးအီ ကာမျန်နီတံတားကို ၁၆၉၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ မြို့တော်အတွင်းတွင် မြစ်သည် ၁၂၀–၂၀၀ မီတာ (၃၉၀–၆၆၀ ပေ) ကျယ်ပြီး အကျဉ်းဆုံးပွိုင့်မှာ ကရင်မလင်တံတိုင်းများအနီးတွင်ရှိသည်။ မော်စကိုမြို့အတွက် သောက်သုံးရေကို မော်စကိုမြစ်မှ စက်ရုံငါးခုဖြင့်လည်းကောင်း၊ အထက်ဗော်ဂါရေလှောင်ကန်မှဖြင့်လည်းကောင်း ရေတင်ပေးသည်။

အပန်းဖြေစရာများ[ပြင်ဆင်ရန်]

၂၀၁၂ ခုနှစ် ဇန်နဝါရီလ မော်စကိုမြစ်အနီး နေဝင်သွားပုံမြင်ကွင်း
ကရင်မလင်တံတိုင်းများအနီးရှိ မော်စကိုမြစ်

နှင်းခွဲသည့် သင်္ဘောကိုယ်ထည်များဖြင့် အပျော်စီးဇိမ်ခံသင်္ဘောများသည် ဟိုတယ်ယူကရိန်းနှင့် ဂေါ်ကီးပန်းခြံရှိ ရေဆိပ်မှသည် နိုဗာစပါ့စကီး ဘုန်းတော်ကြီးကျောင်းသို့ ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲပေးနေပြီး စီးနင်းရန်ကြာချိန်မှာ ၁.၅ မှ ၃ နာရီအထိ ကြာမြင့်နိုင်သည်။


ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]


ပြင်ပလင့်များ[ပြင်ဆင်ရန်]