မာတိကာသို့ ခုန်သွားရန်

မော်ချီးဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု
မြန်မာပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) ၏ တစ်စိတ်တစ်ပိုင်း
မော်ချီး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မော်ချီး
မော်ချီး
ဖားဆောင်းမြို့နယ်အတွင်း မော်ချီးဒေသ တည်နေရာ
နေရာလိုခါးလိုကျေးရွာ နှင့် ၁၆ ကုန်းရပ်ကွက်၊ မော်ချီးဖားဆောင်းမြို့နယ်ကရင်နီပြည်
ကိုဩဒိနိတ်18°34′40″N 97°24′40″E / 18.5778°N 97.4111°E / 18.5778; 97.4111ကိုဩဒိနိတ်: 18°34′40″N 97°24′40″E / 18.5778°N 97.4111°E / 18.5778; 97.4111
ရက်စွဲ၁၇ ဩဂုတ် ၂၀၂၅
နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း
သေဆုံးသူဦးရေ၂၅ ဦး
ဒဏ်ရာရဦးရေ
၆ ဦး (ပျောက်ဆုံးနေသူများ ရှိသဖြင့် အရေအတွက် တိုးလာနိုင်သည်)
ပြစ်မှုကျူးလွန်သူများတပ်မတော်(လေ)
ကရင်နီပြည်တွင် လူသေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်ခံရမှုတစ်ခုဖြစ်သည်။

မော်ချီးဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကယားပြည်နယ်ဖားဆောင်းမြို့နယ်မော်ချီးဒေသ၌ ဖြစ်ပွားခဲ့သော တပ်မတော်(လေ)၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်တစ်ခုဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပျောက်ဆုံးစာရင်းများလည်း ရှိခဲ့သည်။ဤဖြစ်စဉ်သည် ကရင်နီပြည်အတွင်း လူသေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်ခံရမှုတစ်ခုဖြစ်ပြီး၊ လူနေထူထပ်သော ၁၆ ကုန်းရပ်ကွက်နှင့် လိုခါးလိုရွာရှိ ဆေးရုံတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရခြင်းလည်း ဖြစ်သည်။[][]

ဖြစ်စဉ်

[ပြင်ဆင်ရန်]

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးမြို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် တနင်္ဂနွေနေ့တွင် တပ်မတောာ်(လေ) ၏ လေကြောင်းတိုက်ခိုက်မှုကို နှစ်ကြိမ်တိုင်တိုင် ပြင်းထန်စွာ ခံခဲ့ရသည်။ ပထမအကြိမ်အဖြစ် နံနက် ၇ နာရီ ၅၀ မိနစ်တွင် Y-12 စစ်လေယာဉ် သုံးစီးသည် မော်ချီးမြို့အနီးရှိ လိုခါးလိုရွာကို ဦးစွာဗုံးကြဲခဲ့ရာ တိုက်နယ်ဆေးရုံနှင့် နေအိမ်များ ပျက်စီးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် နေ့လယ် ၁၂ နာရီခွဲတွင် လူနေထူထပ်သည့် ၁၆ ကုန်းရပ်ကွက်သို့ စစ်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ထပ်မံကြဲချခဲ့သဖြင့် အသေအပျောက် အလွန်များပြားခဲ့ရသည်။ ၁၆ ကုန်းရပ်ကွက်သည် ခဲသတ္တုတူးဖော်ရေး ရွှေ့ပြောင်းလုပ်သားများနှင့် ဒေသခံများ ရောနှောနေထိုင်ရာ တောင်စောင်းရပ်ကွက်ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဒေသခံများမှာ နားနေကြချိန်ဖြစ်သည်။[][][]

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ဩဂုတ်လ ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆ ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅ ဦး အပါအဝင် စုစုပေါင်း အရပ်သား ၂၅ ဦး သေဆုံးခဲ့သည်။ အချို့သော ရုပ်အလောင်းများမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစ်စစီဖြစ်သွားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲနေပြီး ပျောက်ဆုံးနေသူများလည်း ရှိနေဆဲဖြစ်သည်။ ထို့ပြင် ၁၆ ကုန်းရပ်ကွက်ရှိ မူကြိုကျောင်းတစ်ကျောင်းနှင့် နေအိမ် ၁၀ လုံးခန့်လည်း ဗုံးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။[]

ဤဖြစ်စဉ်သည် ကရင်နီပြည်အတွင်း လူသေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ခဲ့သည်။ IEC ၏ အချက်အလက်များအရ စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၁ ကြိမ်ပြုလုပ်ခဲ့သည်။ ကရင်နီတော်လှန်ရေးတပ်များက ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ ခလရ (၁၃၅) စခန်းကို ဝိုင်းပတ်တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီဘက်က မော်ချီးဒေသကို ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Now၊ Myanmar (2025-08-18)။ လူ ၂၅ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ မော်ချီး ဗုံးကြဲတိုက်ခိုက်ခံရမှု (in en-US)။ 2026-05-04 တွင် ပြန်စစ်ပြီး။
  2. ဩဂုတ် ၁၇ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - မော်ချီးကို စစ်တပ်က တစ်နေ့တည်း ၂ ကြိမ် ဗုံးကြဲမှု သေဆုံးထိခိုက်မှုများ (in my) (2025-08-17)။ 2026-05-04 တွင် ပြန်စစ်ပြီး။
  3. Now၊ Myanmar (2025-08-18)။ တနင်္ဂနွေနေ့က လေတပ်ဗုံးကြဲမှုများကြောင့် လူ ၃၀ နီးပါးသေဆုံးခဲ့ (in en-US)။ 2026-05-04 တွင် ပြန်စစ်ပြီး။
  4. မော်ချီးကို ဗုံးကြဲသဖြင့် ဆေးရုံပျက်စီးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရ (in en)။ 2026-05-04 တွင် ပြန်စစ်ပြီး။
  5. DVB TV News (2025-08-17)။ မော်ချီးကို ဗုံးကြဲလို့ ကလေးငယ် ၁ ဦးထိခိုက်မိပြီး ဆေးရုံလည်းပျက်စီး - DVB News 2026-05-04 တွင် ပြန်စစ်ပြီး။
  6. Myanmar Now News (2025-08-18)။ လူ ၂၅ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ မော်ချီး ဗုံးကြဲတိုက်ခိုက်ခံရမှု 2026-05-04 တွင် ပြန်စစ်ပြီး။