မောရိယတိုင်း

ဝီကီပီးဒီးယား မှ

မောရိယတိုင်း၊ ပိပ္ပလိဝနမြို့ ၎င်းမောရိယတိုင်းသည် မြတ်စွာဘုရားလက်ထက်တော်က ထင်ရှားရှိသော တိုင်းပင် ဖြစ်သော်လည်း ၎င်း၌မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဒေသနာတော် နည်းပါး၍ ပေတဝတ္ထုများ၌သာ ၎င်းမောရိယတိုင်း မင်းမျိုးများ၏ အကြောင်းအရာပါသည့် အပြင် မြတ်စွာဘုရားဓာတ်တော်များ ဝေဖန်တောင်းခံကြရာတွင်လည်း-

မြတ်စွာဘုရားသည် မင်းမျိုးဖြစ်ကြောင်း၊ သူတို့လည်း မင်းမျိုးဖြစ်ကြောင်း၊ မြတ်စွာဘုရား သရီရဓာတ်တော်ကို ရယူပူဇော်ထိုက်ကြောင်း-

သုတ်မဟာဝါ ဓာတ်တော် ဝေဖန်ရာ၌ လာသောကြောင့်၎င်းတိုင်းနှင့် မင်းမျိုးများ ဖြစ်သည်မှာ ထင်ရှား၏။ သို့ရာတွင် ထိုမောရိယမင်းမျိုးများမှာကား ဓာတ်တော်ဝေဖန် ရာတွင် မရှိကြသဖြင့် မြတ်စွာဘုရား၏ သရီရဓာတ် သင်္ဂြိုဟ်ရာအရပ်မှ မီးသွေးမျှသာ ရလေသဖြင့် ၎င်းမီးသွေး စေတီမျှ တည်ကြရလေ၏။ ၎င်း၏မြို့တော်ကား ပိပ္ပလိဝန-ဟု ထိုခေတ်ကခေါ်၍ အလွန်မထင်ရှားလှသော်လည်း သာသနာတော် နောက်ခေတ်၌ကား သာသနာဝင်တွင်မက ကမ္ဘာကြီးတစ်ခုလုံး ချီးကျူးရသော သာသနာ၌ ဘယ်အခါမှ မဖြစ်ဘူး မကြုံဘူးအောင် အထူးထောက်ပင့်ပြုစုတော်မူသော အသောကမင်းတရားကြီး လက်ထက် မှာမူ၎င်းမောရိယမင်းမျိုးများ အထူးထွန်းကားလျက် အထင်ရှားဆုံး ဖြစ်လာခဲ့လေ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)