မောင်းထောင်ပညာရှိများဘွဲ့ သံချို

ဝီကီပီးဒီးယား မှ

မောင်းထောင်ပညာရှိများဘွဲ့ သံချို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

မောင်းထောင်ပညာရှိများဘွဲ့ သံချို[ပြင်ဆင်ရန်]

တောင်သပြေ အောင်မြေချက်တွင်မှ၊ နေစကြာ ဥဏှကဲ့သို့ ဇမ္ဗူတဆူပေါ်တဲ့ သမ္ဘာတော် ပညာထူးပါဘိ၊ ဦးမြတ်နေသင်္ခယာနှင့်၊ သာသနာ နှစ်ခါပိုင်၍၊ ပညာကိုင် အခြေမြင့်ပါဘိ၊ အကျင့်စာမရီကဲ့သို့၊ ပါရမီစုံစွာနှင့် ပုညဝါ ဂုဏ်ဇာနည်မို့၊ လှုံရာပြီပဏ္ဏာဆက်ရ၊ နေထွက်ပိုင် ဖူးမျှော်ရသ နေကြ၊ ဦးညေယျ ဦးပညာ။

ကဗျာဉာဏ်၊ ကာရန်မွန်တဲ့၊ တွင်းသင်းဝန် ရှင်မဟာက၊ အလင်္ကာပညာချောပါဘိ၊ မောင်ဩစိန္တကျော်ဟု၊ စာဆိုတော်ရှည်ကြာမြင့်လှပေါ့၊ ဆရာပွင့် ဆရာအေးငဲ့ပြင်၊ စာရေးပလီပဇာနှင့်၊ ကလိကမာ ပညာရှိနေတဲ့၊ ကဝိကို ရွှေဖန်နှင့်၊ ဆရာစံ သည်တွင်ရုံးခဲ့မယ်၊ သဘင်ဘုရင်သုံးဟာမို့၊ ယှဉ်နှုန်းသူ မပေါ်ပေါက်တဲ့ပြင်၊ ဟိုနောက်ကမ္ဘာကျွမ်းတောင်မှ၊ သည်လူ့ဉာဏ် သည်လက်တန်းကိုဖြင့်၊ လာလမ်းခါ မမြင်ဘု၊ ရာဇာဝင်စာတင်လို့ ပြလောက်တဲ့၊ မင်းကျော်လှပါ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။ မောင်းထောင်ရုပ်လုံးဖော်ဋီကာတွင် အထက်ပါအတိုင်း အချိုးနှစ်ခုသာ ပါသည်။ တတိယ နှင့် စတုတ္ထအချိုးကိုမူ မတွေ့ရပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။