မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)

ဝီကီပီးဒီးယား မှ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦးဖြစ်၍ ၎င်း၏ ကလောင်အမည်လည်းဖြစ်ကာ အမည်ရင်းမှာ ဦးမြင့်သိန်းဖြစ်သည်။

၁၉၅၄-ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် မော်လမြိုင်မြို့၌ မွေးဖွားခဲ့၍ ၁၉၇၇-ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ ဓာတုအင်ဂျင်နီယာဘွဲ့ ရရှိသည်။ ၁၉၇၂-ခုနှစ်မှ စ၍ စာပေများကို စတင်ရေးသားခဲ့ပြီး ၁၉၈၁-ခုနှစ်တွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့အထည်အလိပ် လုပ်ငန်းတွင် အလုပ်ရုံခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့လေသည်။

၁၉၈၇-ခုနှစ်မှ ၁၉၈၈-ခုနှစ်အထိ ဗြိတိန်နိုင်ငံ၌ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့ပြီး ၂၀၀၅-ခုနှစ်တွင် M.P.A ဘွဲ့ရရှိခဲ့သည်။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေထိုင်ကာ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များတွင် စာပေများ ရေးသားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)