မာတိကာသို့ ခုန်သွားရန်

မောင်မောင်တင့်

ဝီကီပီးဒီးယား မှ
ဦး

မောင်မောင်တင့်
၂၀၂၆ ခုနှစ် မတ်လအတွင်း ကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော်၌ မောင်မောင့်တင့် ကို တွေ့ရစဉ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ မတ် ၂၀၂၆
ယခင်လူဦးအောင်ကျော်ကျော်ဦး
(NLD)
(၂၀၁၅ ရွေးကောက်ပွဲ)
မဲဆန္ဒနယ်လှိုင်မြို့နယ်
အနိုင်ရမဲ အရေအတွက်ခိုင်လုံမဲ ၁၂၇၀၇
(၃၆.၉၆ရာခိုင်နှုန်း)
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃)
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်ထင်ကျော်သူ
ဝန်ကြီးချုပ်ညိုစော
ယခင်လူအောင်ဆန်းစုကြည်
(ယခင်သမ္မတရုံးဝန်ကြီးအဖြစ်)
ဆက်ခံသူတင်အောင်စန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၂၅  ၃၁ ဇူလိုင် ၂၀၂၅
ယခင်လူဦးအောင်နိုင်ဦး
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အဖွဲ့ဝင်
တာဝန်သက်တမ်း
၂၀ ဖေဖော်ဝါရီ ၂၀၂၁  ၃၁ ဇန်နဝါရီ ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၉ (အသက် ၆၆၆၇)
နိုင်ငံသားမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ဦးမောင်မောင်တင့် (၁၉၅၉ မွေးဖွား) သည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ကိုယ်စားလှယ် ဖြစ်သည်။

အဆိုပါတာဝန်မတိုင်မီက နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ယင်းမတိုင်မီအချိန်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။

ပညာရေး

[ပြင်ဆင်ရန်]

၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (စာပေးစာယူသင်တန်း)မှ စီးပွားရေးဘာသာရပ် ဖြင့် ဘွဲ့ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် ၁၉၇၆ ခုနှစ်၊ဇန်နဝါရီတွင် လှည်းကူးမြို့နယ်၊ မြေစာရင်းဦးစီးဌာနတွင် မြေတိုင်းစာရေးရာထူးဖြင့် ဝန်ထမ်းဘဝကို စတင်ခဲ့သည်။၁၉၈၅ ခုနှစ်၊နိုဝင်ဘာလတွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန သို့ ဒုတိယစီမံကိန်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ထိုမှ ၂၀၁၀ ပြည့်နှစ်အထိ ရုံးချုပ်၊ဝန်ကြီးရုံး၊ လှည်းကူး၊ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျိုင်းတုံ၊ရှမ်းရှေ့ပြည်နယ်ရုံး စသည်တို့တွင် ဖြတ်သန်းတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် အရောက်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန(ရုံးချုပ်)သို့ ပြောင်းရွှေ့ထမ်းဆောင်ခဲ့ပြီး၊၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ ဒုတိယညွန်ကြားရေးမှူးချုပ်(ရုံးအဖွဲ့မှူး)ရာထူးဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတွင် ထမ်းဆောင်သည်။

၂၀၁၃ ခုနှစ် တွင် ညွှန်ချုပ် ဖြစ်လာခဲ့သည်။

ဦးမောင်မောင်တင့်သည် နိုင်ငံဝန်ထမ်းဘဝ တွင် နှစ်ပေါင်း ၃၅ နှစ်ကျော် နီးပါးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဝန်ထမ်းဘဝတွင် အမြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ရှိ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန[] နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန[] တို့၏ ညွန်ကြားရေးမှူးချုပ်တာဝန်များဖြစ်သည်။စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် တာဝန်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၅ရက်တွင် အစမ်းခန့်ခံရပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၃ရက်နေ့တွင် အတည်ပြုခန့်အပ်ခံရသည်။[] ထိုတာဝန်များကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းအထိ တာဝန်ထမ်းဆောင်သည်။ []

၂၀၂၁ နောက်ပိုင်းအခြေအနေ

[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးသည်။ထိုတာဝန်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥ က္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။[]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ပေးခံခဲ့ရသည်။[]

လွှတ်တော်ကိုယ်စားလှယ်

[ပြင်ဆင်ရန်]

ဦးမောင်မောင်တင့် သည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၎င်းသည် မဲပေးခဲ့ကြသူများ၏ ခိုင်လုံမဲ ၃၄၃၉၀ မဲတွင် ၁၂၇၀၇ မဲရရှိပြီး အနိုင်ရခဲ့သည်။ ၎င်းနှင့်အတူ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ဘက်များမှာ ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တစ်သီးပုဂ္ဂလအမတ်လောင်း ဦးခင်မောင်ကြည် နှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ဖြစ်ကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ ၇/၂၀၁၃ မြန်မာနိုင်ငံတော်ပြန်တမ်း (၅ စက်တင်ဘာ ၂၀၁၃)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. စီးပွားရေးစကားဝိုင်း ဆွေးနွေး Myanmar Digital News (၇ ဩဂုတ် ၂၀၁၈)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၁၃ မြန်မာနိုင်ငံတော်ပြန်တမ်း (၃ ဇူလိုင် ၂၀၁၄)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. အစိုးရစီမံကိန်း ဘတ်ဂျက်ကာလ ပြောင်းလဲ သတ်မှတ်မည် The Irrawaddy (၂၂ စက်တင်ဘာ ၂၀၁၇)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား ဌာနအပြန်အလှန် ပြောင်းရွှေ့ခန့်အပ်ခြင်းအပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဒုတိယဝန်ကြီးအချို့ကို အနားယူခွင့်ပြုခြင်းနှင့် ဌာနပြောင်းရွှေ့ခြင်းများပြုလုပ် Eleven Media Group (၃၁ ဇန်နဝါရီ ၂၀၂၅)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. ၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]