မောင်မလုပ်န

ဝီကီပီးဒီးယား မှ

မောင်မလုပ်န ကဗျာကို အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ တောင်ရိုးဓနု ကျေးလက်တေး ဖြစ်သည်။


မောင် ။ ။ စပါးထောင်းကူ၊ လူလိုဝူးရော။

မယ် ။ ။ မောင်မထောင်းန၊ ခါးညောင်းတတ်လယ်
မယ်ထောင်းမယ်။

စပါးပလာလဲ၊ မောင်မပလာန
ခါးနာတတ်တယ်၊ မယ်ပလာမယ်။

လက်ဝါးနု သွေးဥတတ်လယ်။

ထမန်းစားလဲ၊ မောင်မစားန
အံယားတတ်တယ်၊ မယ်စားမယ်။


ခက်ဆစ်

၁။ န = နဲ့။နှင့်။

၂။ လူလိုဝူးရော = လူမလိုဘူးလား။

၃။ ပလာ = (ဆန်)ပြာသည်။

၄။ မောင်မပလာန = မောင်မပြာနှင့်။

၅။ ထမန်း = ထမင်း။

၆။ မောင်မစားန = မောင်မစားနှင့်။

၇။အံယားတတ်လယ် = ပါးစပ်ယားတတ်တယ်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း