ပုဆိုးကြမ်း၊ မောင်

ဝီကီပီးဒီးယား မှ
(မောင်ပုဆိုးကြမ်း မှ ပြန်ညွှန်းထားသည်)

မောင်ပုဆိုးကြမ်းသည် ၁၉၄၃-ခုနှစ်၊ တောင်ကြီးမြို့၌ အဖဦးစောလှိုင်နှင့် အမိဒေါ်အေးမေတို့မှ မွေးဖွားခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၀-ပြည့်နှစ် ဇွန်လမှစ၍ မောင်ပုဆိုးကြမ်း ကလောင်အမည်ဖြင့် ဗိုလ်တထောင်သတင်းစာတွင် ဆောင်းပါးများရေးခဲ့သည်။ ထိုမှတဆင့် မဂ္ဂဇင်းဂျာနယ်များတွင် ရေးသားခဲ့သည်။ ရေးသားခဲ့သော ဆောင်းပါးများမှာ ဗိုလ်တထောင်သတင်းစာတွင် အပုဒ် (၁၄၀)၊ မြဝတီမဂ္ဂဇင်းတွင် (၂၃)ပုဒ်၊ ငွေတာရီမဂ္ဂဇင်းတွင် (၁၉)ပုဒ်၊ သမဝါယမဂျာနယ်တွင် (၁၁)ပုဒ်၊ လူငယ်ဂျာနယ်တွင် (၆)ပုဒ်၊ လုပ်သားဂျာနယ်တွင် (၃)ပုဒ်နှင့် အခြားဂျာနယ်များတွင် (၄)ပုဒ် စုစုပေါင်း (၂၀၆)ပုဒ်ဖြစ်သည်။

၁၉၇၉-ခုနှစ်တွင် စာပေဗိမာန်စာမူပြိုင်ပွဲတွင် ရှေးခေတ်မြန်မာအဝတ်အထည်များ စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ) ဘာသာရပ်၌ ဒုတိယဆု ရရှိခဲ့သည်။

၁၉၈၀-ပြည့်နှစ်တွင် ရဲဘော်ရာကျော်စာပေမှ ကနောင်မင်းသား အတ္ထုပ္ပတ္တိ(အကျဉ်း) စာအုပ်ကို ထုတ်ဝေခဲ့သည်။

၁၉၉၆-ခုနှစ်တွင် မော်လမြိုင် မဟာမြတ်မုနိ ဆုတောင်းပြည့်ဘုရား သမိုင်းနှင့် ဦးခန္တီ အတ္ထုပ္ပတ္တိ(အကျဉ်း) စာအုပ်ကို ထုတ်ဝေခဲ့သည်။

ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်တိုက်တွင် တာဝန်ထမ်းဆောင်ရင်း စာပေများကို ပြုစုရေးသားလျက်ရှိသည်။ [၁]

ရည်ညွှန်း[ပြင်ဆင်ရန်]

  1. မောင်ပုဆိုးကြမ်း၏ ကနောင်မင်းသား စာအုပ်မှ