မောင်ညိုဝင်း (ပန်းချီဆရာ)

ဝီကီပီးဒီးယား မှ

ပန်းချီ မောင်ညိုဝင်းကို ၁၉၄၂-ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှစ်မ နှစ်ယောက်ရှိသည်။ ဖခင်သည် ၁၉၅၀-ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွေ့ကာ ပန်းချီလုပ်ငန်းကို လုပ်ကိုင်ကာ မိသားစုကို မန္တလေးတွင် ထားရှိခဲ့သည်။ ၁၉၅၂-ခုတွင် မိသားစုအားလုံး ရန်ကုန်သို့ ပြောင်းခဲ့ကြသည်။

သူ၏ဖခင်မှာ မြန်မာပန်းချီလမ်းကြောင်း၏ အင်ပရက်ရှင်းနစ်အဖြစ် ကျော်ကြားလှသော ဦး ဘရင်ကလေး ဖြစ်သည်။

ပန်းချီမောင်ညိုဝင်းသည် နောက်ပိုင်းတွင် ကွယ်လွန်သူ စာရေးဆရာ၊ ပန်းချီဆရာများ၏ Funeral Portrait (ဈာပနရုပ်ပုံ) ရေးရာတွင် နာမည်ကြီးသည်။ မိုးမိုး(အင်းယား)ဗဂျီအောင်စိုးမြသန်းတင့်အထောက်တော်လှအောင်ခင်ဝမ်းညိုလှ(ပန်းချီ)တက္ကသိုလ်ဘုန်းနိုင်သာဓုလင်းယုန်မောင်မောင်လေထီးဦးအုန်းမောင်မောင်ထွန်းသူမြတ်လေးစံတိုးသခင်ခင်ညွန့်ဦးသုခဦးမြင့်စိုး(ပန်းချီ)စိုင်းထီးဆိုင်တင်မောင်မျင့်မောင်ချောနွယ်မောင်မောင်သိုက်သခင်အုန်းမြင့်လှသန်းလူထုစိန်ဝင်းနတ်နွယ် စသဖြင့် ဈာပနရုပ်ပုံများကို သူရေးခဲ့သည်။ ဈာပနရုပ်ပုံများကို ညတွင်းချင်း ရေးပေးရသည်။ မိုးလင်းပေါက်ရေးရသည်။ အခကြေးငွေ မယူဘဲ သူ့ဆေးနှင့် ရေးပေးသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ကိုကို (အမရပူရ) ရေးသော ခေတ်ပြိုင်ပန်းချီဆရာများ၊ ၂၀၁၅၊ ဩဂုတ်လ၊ စာ-၉၈