ကိုကို၊ မောင်(အမရပူရ)

ဝီကီပီးဒီးယား မှ
(မောင်ကိုကို (အမရပူရ) မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

မောင်ကိုကို (အမရပူရ) သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့မှ စာရေးဆရာ တစ်ဦးဖြစ်သည်။ မောင်ကိုကို (အမရပူရ)သည် ၁၉၅၁-ခုနှစ်၊ မေလ ၃၀-ရက်နေ့တွင် အဖ ဦးကျော်အေး၊ အမိ ဒေါ်လှမြိုင်တို့က အမရပူရအရှေ့ ယက္ကန်းတော်ရပ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကိုကို ပင်ဖြစ်သည်။ ၁၉၇၅-ခုတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရခဲ့သည်။ ၁၉၇၄-ခုနှစ် စီးပွားရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ဆည်တိုင်ကျေးရွာ လူမှုစီးပွား ဆောင်းပါးဖြင့် စာပေလောကသို့ စတင်ရောက်ရှိခဲ့သည်။ မူလကလောင်အမည် ကိုကို(အမရပူရ)ဖြင့် ချစ်ပန်းပွင့်တွေ ဝေစီမှာလားနှင့် အခြားဝတ္တုတိုများ(၁၉၈၉)၊ အုပ်စိုးခိုင် အမည်ဖြင့် စီးပွားရေးမှော်အောင်သူ စွန်းဦးတီထွင် မြန်မာလူငယ်များ(၁၉၉၇)တွင် ထုတ်ဝေခဲ့သည်။ အမရပူရအရှေ့ ယက္ကန်းတော်ရပ်၌ နေထိုင်လျှက်ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ မန္တလေး အဘိဓာန်