မောင့်မူပိုင်ရှင် (၁၉၆၄ ရုပ်ရှင်)

ဝီကီပီးဒီးယား မှ

မောင့်မူပိုင်ရှင် ရုပ်ရှင်ဇာတ်ကားသည် ၁၉၆၄ခုနှစ်က မန္တလေးရုပ်ရှင်မှ ရိုက်ကူးထုတ်လုပ်ခဲ့သော ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်သည်။ မန္တလေးရုပ်ရှင်ပိုင်ရှင် ဒါရိုက်တာအောင်ဝင်းက ထွန်းဝေကောလိပ်ဂျင်နေဝင်းဒေစီကျော်ဝင်းခင်သန်းနုတို့ကို သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး အလွန်အောင်မြင်သော ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည်။ဇာတ်ကားထဲပါ “မောင့် မူပိုင်ရှင်”သီချင်းမှာလည်း လက်ရှိအချိန်အထိ ထင်ရှားသည်။[၁] သို့သော် အဆိုပါ ဇာတ်ကားနှင့်စပ်လျဉ်းပြီး မည်သူတစ်ဦးတစ်ယောက် မှ အကယ်ဒမီဆု မရခဲ့ပေ။[၂]

ယင်းဇာတ်ကားကို ဒါရိုက်တာ ကိုစန်းအောင်က ဒုတိယအကြိမ်အဖြစ် ၂၀၀၀ ခုနှစ်တွင် သရုပ်ဆောင် ဒွေးလွင်မိုးထွန်းအိန္ဒြာဗိုလ်ထက်ထက်မိုးဦးတို့ဖြင့် ပြန်လည်ရိုက်ကူးခဲ့သည်။ရုံတင်ပြသစဉ် အထူးဝင်ငွေကောင်းသည့် ရုပ်ရှင်တစ်ခုဖြစ်ခဲ့သည်။ထိုဇာတ်ကားသည် ၂၀၀၀ပြည့်နှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ တွင် ရုပ်ရှင်ဓာတ်ပုံဆု သန်းညွှန့်(ပန်းသာ) (မောင့်မူပိုင်ရှင်)(ဆေးရောင်စုံ)က ရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေကြိုပြိုင်ပွဲဝင်နှစ်ဦး၏ ‘မောင့်မူပိုင်ရှင်’ သရုပ်ဖော်တင်ဆက်မှု လူကြိုက်များနေ (ရုပ်သံ)DVB Burmese (၁၉ မတ် ၂၀၂၀)။ ၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခြင်းမှတ်တမ်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး။ ၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။