မာတိကာသို့ ခုန်သွားရန်

မေသဉ္ဇာဦး

ဝီကီပီးဒီးယား မှ
အလင်္ကာကျော်စွာ
မေသဉ္ဇာဦး
လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)
မွေးဖွားသူဇာထွေး
(၁၉၇၂-0၂-၁၇) ဖေဖော်ဝါရီ ၁၇၊ ၁၉၇၂ (အသက် ၅၃)
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
အိမ်ထောင်ဖက်(များ)ဦးစံလင်းသိန်း
သားသမီးမင်းသန့်ကျော် ၊ မင်းသုခိုင် []
မိဘ(များ)ဦးထွန်းရီ (ဗိုလ်ကြီး) +ဒေါ်နွယ်နွယ်မြင့်
ရရှိသည့်ဆုများအကယ်ဒမီ သုံးထပ်ကွမ်း

မေသဉ္ဇာဦး (၁၇ ဖေဖော်ဝါရီ ၁၉၇၂ ဖွား) သည် မြန်မာလူမျိုး ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။နှလုံးလှလူမိုက် (၂၀၀၁)၊ပန်းပျိုးသူတို့ အင်္လကာ(၂၀၀၆)၊ရွှေမင်းသမီး(၂၀၂၀)[] ဇာတ်ကားတို့ဖြင့် ဇာတ်ပို့ဆု အကယ်ဒမီ ၃ ဆု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်မှ ပေးအပ်သည့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင် လူမှုထူးချွန်(ပထမအဆင့်) ကို ၂၀၂၅ ခုနှစ်တွင်လည်းကောင်း၊ အနုပညာစွမ်းရည်ဘွဲ့ အလင်္ကာကျော်စွာဘွဲ့ ကို ၂၀၂၆ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။

အနုပညာခြေလှမ်းအစ

[ပြင်ဆင်ရန်]

နာမည်အရင်း မှာ သူဇာထွေး ဖြစ်သည်။၁၉၈၆ ခုနှစ်ကစပြီး သူဇာ အမည်ဖြင့် တေးသီချင်းများ စတင်ဆိုသည်။ကျောင်းပျော်ပွဲရွှင်ပွဲများ မှတဆင့် ဘုံကျောင်း တရုတ်တီးဝိုင်း ဖြင့် ထိမ်းမြားမင်္ဂလာပွဲများ၊ Music Power တီးဝိုင်းဖြင့် စတိတ်ရှိုးပွဲများအထိ တက်လှမ်းသီဆိုသည်။

ထို့နောက် မြန်မာ့ရုပ်မြင်သံကြား ၌ တောင်ပေါ်မြေမှ အလှများ၊ချစ်နေမယ်၊ငြိမ်းချမ်းပါစေ နှင့် လွမ်းမျက်ရည် အစရှိသည့် ကိုယ်ပိုင်သီချင်း ၄ပုဒ် ထုတ်လွှင့်ခွင့် ရသည်အထိ တေးသီချင်းသီဆိုမှု၌ နာမည်တစ်ခုရလာသည်။

သူသည် တေးသီချင်းသီဆိုမှု အပြင် ဖက်ရှင်မဂ္ဂဇင်းအချို့တို့တွင်လည်း အဝတ်အစားဖက်ရှင်ပြ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ဒါရိုက်တာ မောင်တင်ဦး က ၎င်း၏ ဖက်ရှင်ဓာတ်ပုံများကိုမြင်တွေ့ပြီးနောက် ဗွီဒီယိုရိုက်ကူးပေးလိုကြောင်း ကမ်းလှမ်းခဲ့ပြီး၊လက်ခံခဲ့ရာမှတဆင့် အနုပညာလောက ထဲသို့ မေသဉ္ဇာဦး အမည်ဖြင့် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဝင်ရောက်လာသည်။

သူ၏ ပထမဦးဆုံး ဗီဒီယိုကားမှာ လေညှင်းကလေး ဇာတ်ကားဖြစ်သည်။ဘိုမကလေး ဆိုသည့် ဇာတ်ရုပ်ဖြင့် ဇာတ်ပို့နေရာမှ သရုပ်ဆောင်သည်။ယင်းနောက် ဒုတိယမြောက်ကားဖြစ်သည့် အရိပ်တစ်ထောင် ဇာတ်ကားတွင်လည်း ဇာတ်ပို့နေရာမှ သရုပ်ဆောင်သည်။နောက်ပိုင်းဇာတ်ကားများများကျမှ သူ့ကို လူသတိထားမိလာကြသည်။

၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် သူသည် ရုပ်ရှင်ဗီဒီယိုလောက၌ ခိုင်မာသည့်နေရာတစ်ခုရလာပြီး ပရိသတ်၏ အားပေးမှုကို လက်ခံရရှိလာသည်။[] သူသည် တပ်မတော် အကျိုးပြုဇာတ်ကားများ၌လည်း အထူးပါဝင်သရုပ်ဆေင်မှုဖြင့် လူသိများသည်။[]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။၁၉၉၄ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဦးစံလင်းသိန်းနှင့် အိမ်ထောင်ကျသည်။သား ၂ဦးရှိပြီး[] သားအကြီးဆုံးမှာ ယာဉ်မတော်တဆမှုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က ကွယ်လွန်ခဲ့သည်။[]

အမ ဖြစ်သူမှာ ဗိုလ်ချုပ်ကြီး ညိုစော ၏ ဇနီး ကျွန်းဆွယ်အားကစားပြိုင်ပွဲဆုရ ဒေါ်စမ်းစမ်းအေး ဖြစ်သည်။[] [] နောက်ထပ် အမဖြစ်သူမှာ စိုးရီလွင် အမည်ဖြင့် ရုပ်မြင်သံကြားတွင် တေးသီချင်းများ သီဆိုသည်။

ရရှိခဲ့သော ဆုတံဆိပ်များ

[ပြင်ဆင်ရန်]

မေသဉ္ဇာဦးသည် ၂၀၀၁ ခုနှစ်တွင် နှလုံးလှလူမိုက် ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု) ကို ပထမဦးစွာဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် ၂၀၀၆ ခုနှစ်တွင် ပန်းပျိုးသူတို့ အလင်္ကာ ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် ရွှေမင်းသမီးဇာတ်ကားဖြင့်လည်းကောင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု)ကို သုံးကြိမ်တိုင်တိုင်ရရှိခဲ့သည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၂၅) ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော လူမှုထူးချွန်တံဆိပ် (ပထမအဆင့်)ကို ချီးမြှင့်ခဲ့သည်။[]၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခံရသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. သားနှစ်ယောက် အကြောင်းပြောပြလာတဲ့ မေမေ မေသဉ္ဇာဦး Myanmar Celebrity (၁၈ အောက်တိုဘာ ၂၀၁၇)။ ၁၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန် ၃ နှစ်စာပေါင်းပေး၊ “ပိတောက်ကတဲ့ဂီတ”ရုပ်ရှင် ဆုအများဆုံးရရှိ DVB (၇ မေ ၂၀၂၃)။ ၁၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. သင်္ကြန်ကားနည်းနေတဲ့အချိန်မှာ “ပိတောက်ကတဲ့ ဂီတ” ကိုကြိုက်ကြမှာပါလို့ မေသဉ္ဇာဦးပြော The Irrawaddy (၅ မတ် ၂၀၂၀)။ ၁၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. စစ်တပ် ဘ၀ အ ကြောင်းတွေ ကို ပြောပြလာတဲ့ မေသဉ္ဇာဦး Duwun (၁ နိုဝင်ဘာ ၂၀၁၉)။ ၁၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. “အကယ်ဒမီ အကူမောင်မယ်များ”အဖြစ် အနုပညာရှင်များ၏ သားသမီးများ ပါဝင်မည် The Irrawaddy (၈ မတ် ၂၀၁၈)။ ၁၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. သရုပ်ဆောင် မေသဉ္ဇာဦး၏သား၊ ဒုဗိုလ်ချုပ်ကြီးညိုစော၏ တူ ယာဉ်မတော်တဆမှုဖြင့်သေဆုံး Mizzima (၂၆ ဒီဇင်ဘာ ၂၀၂၃)။ ၁၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. စစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများကို စစ်ခေါင်းဆောင်က သာသနာတော်ဆိုင်ရာ ဘွဲ့ပေး Mizzima Burmese (၁၇ ဧပြီ ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၅၉/၂၀၂၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၁၇ ဧပြီ ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း Ministry of Information (2025-7-3)။ 2025-7-3 တွင် ပြန်စစ်ပြီး။