မေဝင်းအောင်ခင်

ဝီကီပီးဒီးယား မှ
(မေဝင်းအောင်ခင်၊ ဒေါက်တာ မှ ပြန်ညွှန်းထားသည်)
ဒေါက်တာမေဝင်းအောင်ခင်
May Win Aung Khin
၃၁ ဒီဇင်ဘာ ၁၉၄၂ -
မေဝင်းအောင်ခင်
ကိုယ်ရေး အချက်အလက်
မွေးရက် ၃၁ ဒီဇင်ဘာ ၁၉၄၂
မွေးရပ်ဇာတိ ရန်ကုန်
လူမျိုး ဗမာ
ဘာသာ ဗုဒ္ဓဘာသာ
ပညာရေး ဆေးတက္ကသိုလ် (၁) ရန်ကုန်

ဒေါက်တာမေဝင်းအောင်ခင် (၁၉၄၂- )သည် သူနာပြုတက္ကသိုလ်(ရန်ကုန်)၏ အငြိမ်းစား ပါမောက္ခချုပ်တစ်ဦး ဖြစ်သည်။

ဒေါက်တာမေဝင်းအောင်ခင်ကို ဒေါက်တာဦးအောင်ခင်နှင့် ဒေါ်ခင်ကြည်တို့က ၃၁-၁၂-၁၉၄၂-ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင်ဒေါက်တာဦးအောင်ခင်သည် ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးအဖွဲ့တွင် ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောသူ ဖြစ်သည်။ ဖခင်ဒေါက်တာဦးအောင်ခင်သည် ၁၉၆၁-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ဆရာမကြီး ဒေါက်တာမေဝင်းအောင်ခင်သည် မင်္ဂလာမောင်မယ်စာစောင်၌ "သင့်ကျန်းမာရေးလိုရာမေး" အခန်းကဏ္ဍကို လစဉ်ဖြေကြားရေးသားနေသူ ဖြစ်သည်။ ဆရာမကြီးသည် မွေးချင်းမောင်နှမ ၈-ယောက်တွင် ဒုတိယမြောက်သမီး ဖြစ်သည်။

ဆရာမကြီးသည် ဆေးပညာကို ဝါသနာပါ၍ ပညာထူးချွန်သူလည်း ဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ M.B.,B.S ဘွဲ့ကို ရပြီးနောက် M.Med.Sc (Pharmacology) ဘွဲ့လွန်သင်တန်းကို (အထူးအောင်)ဖြင့် ဆေးတက္ကသိုလ်(၁)မှပင် အောင်မြင်ခဲ့သည်။ ထို့ပြင် ဆေးပညာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Ph.D(Yangon) ကိုလည်း ဆေးတက္ကသိုလ်(၂)က အပ်နှင်းခြင်းခံခဲ့ရသည်။

ဆရာမကြီးသည် ဆေးပညာဘွဲ့ကို ရရှိပြီးနောက် ၁၉၆၈-မှ ၁၉၇၉-ခုနှစ်အထိ ဆေးတက္ကသိုလ်(၁)၊ ဆေးဝါးဗေဒဌာနတွင် သရုပ်ပြဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၇၉-မှ ၁၉၈၄-ခုနှစ်အထိ ဆေးတက္ကသိုလ်(၂) ဆေးဝါးဗေဒဌာနတွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၈၄-မှစ၍ ဆေးတက္ကသိုလ်(၁)၌ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် (၃၀-၉-၁၉၈၈)ခုနှစ်တွင် ဆေးတက္ကသိုလ်(၂)၌ ကထိက+ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉-ခုနှစ်တွင် ဆေးတက္ကသိုလ်(၂)၌ပင် ပါမောက္ခ+ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ထို့နောက် ၁၈-၁၂-၂၀၀၀-ပြည့်နှစ်တွင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီး ၂၀၀၅-ခုနှစ်၊ ဧပြီလတွင် အငြိမ်းစားယူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 20 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 June 2018 တွင် ပြန်စစ်ပြီး။