မေလင်းလက်ဆွေ

ဝီကီပီးဒီးယား မှ

မေလင်းလက်ဆွေသည် မြန်မာ့ဆေးပညာသမိုင်း၌ မြန်မာ့ပထမဆုံး ဖန်ပြွန်သန္ဓေသား ကလေးငယ်အဖြစ် မှတ်ကျောက်တင်ထားခြင်းခံရသူတစ်ဦး ဖြစ်သည်။ ဖန်ပြွန်သန္ဓေသား[၁] ဆိုသည်မှာ ခန္ဓာကိုယ်သားအိမ်ပြင်ပ၌ သန္ဓေအောင်စေ၍ မိခင်၏သားအိမ်အတွင်းသို့ သန္ဓေသားလောင်းအား ပြန်လည်ထည့်သွင်း၍ ကိုယ်ဝန်ဆောင်စေသောနည်းလမ်းဖြစ်သည်။

မွေးဖွားမှုနှင့် ငယ်ဘဝအကြောင်း[ပြင်ဆင်ရန်]

မေလင်းလက်ဆွေကို ၂၀၀၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တော်ဝင်ဆေးရုံ၌ သားဖွားနှင့်မီးယပ် ပါမောက္ခ ဒေါက်တာဒေါ်မြမြ၊ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်မေသူမျိုးညွန့်၊ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ‌ဋ္ဌေးဋ္ဌေးမြင့်နှင့် ဒေါက်တာအေးမောင်၊ ဒေါက်တာကြည်ကြည်စိန်၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာစန်းစန်းမြင့် သူနာပြုဆရာမကြီး နော်ချိုချိုအေးနှင့် သားလောင်းဗေဒပညာရှင် မမြတ်သဇင်တို့မှ အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ကြသည်။ မွေးဖွားစဉ်က ကိုယ်အလေးချိန်မှာ ၇ ဒသမ ၀၄ ပေါင် (၃.၂ ကီလိုဂရမ်) ရှိသည်။ မြန်မာ့ပထမဆုံး ဖန်ပြွန်သန္ဓေသားသမီးငယ်၏ ဖခင်ဖြစ်သူ ဒေါက်တာဘဆွေနှင့် မိခင်ဖြစ်သူ ဒေါ်တင်မေထွေး (ခ) မချောစုတို့မှာ အသက် ၃၀ နှစ်ကျော်အရွယ်များဖြစ်ပြီး မိခင်လောင်း၏ သားဥပြွန်နှစ်ဖက်စလုံးပိတ်နေသော ပြဿနာကြောင့် အိမ်ထောင်သက် ၉နှစ်တိုင်အောင် သားသမီးမထွန်းကားခဲ့ကြပေ။ မိခင်လောင်း၏ သားဥပြွန်လမ်းကြောင်းပွင့်စေရန်  ၃ ကြိမ်တိုင်တိုင် ကုသမှုခံယူခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် နောက်ဆုံးတွင် ဖန်ပြွန်သန္ဓေသားနည်းပညာ၏ အကူအညီဖြင့် သားသမီးရယူရန် ဆုံးဖြတ်ခဲ့ကြသည်။

ဖခင်လောင်းဖြစ်သူ ‌ ဒေါက်တာဘ‌ဆွေ၏သုတ်ပိုးလေးများနှင့် မိခင်လောင်းဖြစ်သူ ဒေါ်တင်မေထွေး (ခ) မချောစု၏ သားဥလေးများကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့၌ ရန်ကုန်မြို့ရှိ ဗဟိုစည်အထူးကုဆေးခန်း၏ ဌာနခွဲတစ်ခုဖြစ်သော ဗဟိုစည်မျိုးပွားမှုဆိုင်ရာ အကူအညီပေးရေးစင်တာ ၏ ဓာတ်ခွဲခန်းထဲ၌ သားလောင်းဗေဒပညာရှင် မမြတ်သဇင်မှ မျိုးစပ်သန္ဓေအောင်စေခဲ့သည်။ ထို့နောက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့၌ သန္ဓေအောင်ပြီးသော သန္ဓေသားလောင်းကို မိခင်လောင်း၏သားအိမ်အတွင်းသို့ သားဖွားနှင့်မီးယပ် ပါမောက္ခ ဒေါက်တာဒေါ်မြမြနှင့် သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်မေသူမျိုးညွန့် တို့မှ ပြန်လည်ထည့်သွင်းပေးခဲ့ပြီး မိခင်လောင်းကို အောင်မြင်စွာကိုယ်ဝန်ဆောင်စေခဲ့သည်။ ဤသို့ ဖြင့် ၂၀၀၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် မမေလင်းလက်ဆွေကို မြန်မာ့ပထမဆုံး ဖန်ပြွန်သန္ဓေသားကလေးငယ် အဖြစ် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး မြန်မာ့ဆေးပညာသမိုင်း မှတ်တိုင်အဖြစ် Health Digest ဂျာနယ် အတွဲ (၄)၊ အမှတ်(၄၉) ၊ အခြား ဂျာနယ်များနှင်. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ၂၀၀၉ [၂]တို့ ၌ ဖော်ပြခဲ့ကြသည်။

ပညာရေး[ပြင်ဆင်ရန်]

ယခုလက်ရှိတွင် မြန်မာ့ပထမဆုံး ဖန်ပြွန်သန္ဓေသားကလေးငယ် မေလင်းလက်ဆွေသည် ပုဂ္ဂလိက ကျောင်းတစ်ခု၏ Grade 8 တွင် ပညာသင်ကြားလျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. in vitro fertilization
  2. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် ၂၀၀၉