မာတိကာသို့ ခုန်သွားရန်

မူးအန်း ဗိသနုလောက်ခရိုင်

ဝီကီပီးဒီးယား မှ

မူးအန်း ဗိသနုလောက်( ထိုင်း: เมืองพิษณุโลก )သည် ထိုင်းနိုင်ငံမြောက်ပိုင်း၏ အောက်ဘက်ပိုင်း‌ဒေသဖြစ်သော ဗိသနုလောက်ပြည်နယ် ၏ ခရိုင်မြို့တော် ( အမ်ဖိုးမူအန် )ဖြစ်သည်။

သမိုင်း

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်မြို့သည် ၁၇၆၇ခုနှစ် နိုင်ငံတော် ပျက်သုဉ်းချိန်အထိ အယုဒ္ဓယနိုင်ငံတော်၏ မြောက်ပိုင်းတွင် ပထမတန်းစားမြို့ဖြစ်ခဲ့သည်။ ဘုရင်မဟာတပ်ဆင်လက်ထက်တွင်လည်း ဗိသနုလောက်မြို့သည် ပထမတန်းစားမြို့ဖြစ်ခဲ့သည်။ ချူလာလောင်ကွန်းဘုရင် (ရာမ ၅)၏ ထေဆာဖိဘန် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများနောက်တွင် ဗိသနုလောက်မြို့သည် ဗဟိုချက်ဖြစ်လာခဲ့သည်။ ဤပြုပြင်ပြောင်းလဲမှုများအတွင်း ၁၈၉၈ ခုနှစ်၌ ဤခရိုင်ကိုဖွဲ့စည်းခဲ့သည်။ လူအန် ဥဒုံခက်ဘိုရီဟန်သည် ပထမဆုံးခရိုင်မှူးဖြစ်လာခဲ့သည်။

ပထဝီဝင်

[ပြင်ဆင်ရန်]

တည်နေရာ

[ပြင်ဆင်ရန်]

အနီးနားရှိ ခရိုင်များမှာ) ဖရွန်ဖီရမ် ၊ ဝပ်ဘုတ်၊ ဝမ်ထောင်၊ ဘန်ကရထုံနှင့် ဘန်ပါရာကမ်တို့ဖြစ်သည်။ []

မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်သည် နန်ချိုင့်ဝှမ်း အတွင်းတည်ရှိပြီး ခရိုင်၏အနောက်ဘက်နယ်နိမိတ်မှာ ဘန်ရာခမ်ခရိုင်နှင့် အကြမ်းဖျဉ်းအနားသတ်မှာ နန်ချိုင့်ဝှမ်းနှင့် ယွန်ချိုင့်ဝှမ်းကြား နယ်နိမိတ်လည်း ဖြစ်သည်။ ဤဒေသတွင် ချိုင့်ဝှမ်းများကြား မြေမျက်နှာအနေအထားမှာ အမျိုးမျိုးဖြစ်နေသည်၊ အဘယ်ကြောင့်ဆိုသော် မြေပြင်အနေအထားသည် ပြန့်ပြူးနေပြီး ဒေသခံများသည် နှစ်ပေါင်းများစွာ ရေစီးဆင်းမှုအများစုကို စိုက်ပျိုးရေးအတွက် လမ်းကြောင်းပြောင်းခဲ့ကြသောကြောင့် ဖြစ်သည်။ ချိုင့်ဝှမ်းနှစ်ခုစလုံးသည် ကျောက်ဖယားရေဝေရေလဲဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အဓိကရေးပါဆုံးသော ရေအရင်းအမြစ်မှာနန်မြစ် ဖြစ်ပြီး ခွာနွိုင်းမြစ်သည်လည်း ခရိုင်ကို ဖြတ်သန်းစီးဆင်းသွားသည်။ []

ရာသီဥတု

[ပြင်ဆင်ရန်]

သဘာဝတရား

[ပြင်ဆင်ရန်]

သစ်တောဧရိယာမှာ ခရိုင်စုစုပေါင်းဧရိယာ၏ ၆.၈ ရာခိုင်နှုန်းခန့် ၅၃ စတုရန်း ကီလိုမီတာ (၂၀ စတုရန်းမိုင်)ရှိပါသည်။ [] ခရီးအရမ်းမဝေးသောနေရာတွင် ၁,၂၆၂ ကီလိုမီတာ (၄၈၇ စတုရန်းမိုင်)ကျယ်ဝန်းသောထုံသလင်လွမ်အမျိုးသားပန်းခြံ ( Thung Salaeng Luang National Park )ရှိသည်။

ဘာသာတရား

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်စာရင်းများအရ မူးအန်း ဗိသနုလောက်ခရိုင်ရှိ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဝပ်ကျောင်း ၈၃ကျောင်းနှင့် မှတ်ပုံမတင်ထားသော သံဃာကျောင်း၂၆ကျောင်း ရှိပါသည်။ []မူးအန်း ဗိသနုလောက်ခရိုင်တွင် ခရစ်ယာန်ဘုရားကျောင်း ၁၁ ကျောင်း၊ မွတ်စလင်မာစဂျစ် အဗူဗက် ပါကစ္စတန်( Masjid Abubak Pakistan) ဗလီ တခုရှိပါသည်။

အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

ပြည်နယ်အစိုးရ

[ပြင်ဆင်ရန်]

ခရိုင်ကို ခရိုင်ခွဲ ၂၀ ( တမ်ဘွန် )အဖြစ် ပိုင်းခြားသတ်မှတ်ပြီး၊ ၎င်းတို့ကို ထပ်မံကာ ရွာ ၁၇၅ ရွာ ( မူဘန် )အဖြစ် ထပ်မံခွဲခြားထားသည်။

ဒေသန္တရအစိုးရ

[ပြင်ဆင်ရန်]
မူအန်း ဗိသနုလောက်ခရိုင်ကို ဒေသဆိုင်ရာ နယ်မြေ ၂၁ ခုအဖြစ် ပိုင်းခြားထားသည်ပုံ။

လူဦးရေစာရင်း

[ပြင်ဆင်ရန်]

လူဦးရေ

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်ခရိုင်သည် လူဦးရေ ၂၇၉,၇၇၄ဦးရှိရာ ဗိသနုလောက်ပြည်နယ်၏ လူဦးရေအထူထပ်ဆုံးခရိုင်လည်းဖြစ်ပါသည်။ အခြား ကျန်ခရိုင်ရှစ်ခု၏ လူဦးရေ စုစုပေါင်းမှာ ၂၇၆,၉၃၆ ဦးရှိပါသည်။

မြို့ပြဧရိယာ

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်ခရိုင်ရှိ မြို့ပြလူဦးရေမှာ ၁၅၈,၅၃၄ ဦး (၅၄.၄ ရာခိုင်နှုန်း) ရှိသည်။ ဗိသနုလောက်မြို့တစ်ဝိုက်ရှိ မြို့ပြဧရိယာတွင် ၁၅၆,၅၄၇ ဦးနှင့် ဘန်မိုင်တစ်ဝိုက်တွင် ၁၉၈၇ ဦးရှိပြီး ခရိုင်ရှိ လူဦးရေ၏ ၅၄.၄ ရာခိုင်နှုန်းသည် မြူနီစပယ်ဧရိယာတွင် နေထိုင်ကြပြီး ၁၃၂,၂၇၇ ဦး (၄၅.၆ ရာခိုင်နှုန်း) သည် မြူနီစပယ်ဧရိယာမဟုတ်သော ဧရိယာတွင် နေထိုင်ကြသည်။

စီးပွားရေး

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်ခရိုင်သည် ဗိသနုလောက်ပြည်နယ်၏ ဈေးဝယ်ခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍတို့၏ ဗဟိုချက်ဖြစ်ပါသည်။

ကုန်တိုက်များ

[ပြင်ဆင်ရန်]

ဝန်ဆောင်မှု အထောက်အကူပြုပစ္စည်းများ

[ပြင်ဆင်ရန်]
  • ဟွာရို - မူး ၄နှင့် ၅ရှိ အစိုးရ၏ ဝန်ဆောင်မှု အဆောက်အအုံ ၁၅ ခု။
  • ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများ ၄၉ ခု။ []
  • ဟိုတယ် ၁၀၂ ခု။ []
  • "တစ်မြို့နယ် - တစ်ထုတ်ကုန်" (OTOP) အဖွဲ့ ၂၁၀ ဖွဲ့။ []

စိုက်ပျိုးရေး

[ပြင်ဆင်ရန်]

အဓိကသီးနှံလေးမျိုး

[ပြင်ဆင်ရန်]
  • ဆန်သည်အဓိကထွက်ကုန်ဖြစ်ပြီး ၁၉၆,၄၉၇ တန် (ပြည်နယ်၏၁၅.၃ ရာခိုင်နှုန်း၊၁,၂၈၄,၁၆၄တန်) ထုတ်လုပ်မှုရှိသည်။ [] :105–107။ အိမ်ထောင်စု ၇,၂၈၄ စုသည် ကောက်ပဲသီးနှံ ဧရိယာမှာ ၂၄,၅၅၃ ဟက်တာ (၆၀,၆၇၀ ဧက) သို့မဟုတ် ပြည်နယ်တွင်း သီးနှံစိုက်ဧရိယာ၏ ၇.၃ ရာခိုင်နှုန်းတွင် စိုက်ပျိုးကြသည်။ []
  • ပီလောပီနံ နှင့် ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်မှုကို အိမ်ထောင်စု ၄၉၁ စုက ၁,၅၀၉ ဟက်တာ (၃,၇၃၀ ဧက)တွင် စိုက်ပျိုးကြသည်။ သီးနှံဧရိယာသည် ပြည်နယ် သီးနှံဧရိယာ၏ ၂.၀ ရာခိုင်နှုန်းသာ ရှိပါသည်။
  • ကြံသကြားထုတ်လုပ်မှုကို အိမ်ထောင်စု ၂၀၂ စုက ၈၃၈ ဟက်တာ (၂,၀၇၀ ဧက)တွင် ပြုလုပ်ကြသည်။ သီးနှံဧရိယာသည် ပြည်နယ်၏ သီးနှံဧရိယာ၏ ၃.၃ ရာခိုင်နှုန်းသာ ရှိသည်။

သစ်သီးပင်များနှင့် သစ်ပင်သီးနှံများ

[ပြင်ဆင်ရန်]

ဟင်းသီးဟင်းရွက်သီးနှံများ

[ပြင်ဆင်ရန်]
  • ဖရဲသီး၊ တရုတ်ဂေါ်ဖီထုပ်၊ ဂေါ်ဖီထုပ်သခွားသီးနှင့် ရွှေဖရုံသီး ထုတ်လုပ်မှုသည် အိမ်ထောင်စု ၁၉၈ စုကပြည်နယ်၏ သီးနှံဧရိယာ၏ ၅.၈ ရာခိုင်နှုန်းဖြစ်သော ၉၁ ဟက်တာ (၂၂၀ ဧက)တွင် စိုက်ပျိုးကြသည်။

မွေးမြူရေးခြံ

[ပြင်ဆင်ရန်]

မွေးမြူရေးခြံများသည် ကြက် ၅၉၇,၄၉၇ ကောင်၊ ဘဲ ၁၀၁,၂၅၂ ကောင်၊ ဝက် ၁၆,၇၃၂ ကောင်၊ နွား ၃,၅၄၀ ကောင်၊ ကျွဲ ၁,၇၃၆ ကောင်၊ ဆိတ် ၂၄၄၆ ကောင်နှင့် ငန်း ၁၄၁ ကောင်မှ ကုန်စည်များကို ထုတ်လုပ်ခဲ့သည်။ [] :111

ငါးလုပ်ငန်း

[ပြင်ဆင်ရန်]

ဗိသနုလောက်ခရိုင်မှ ရေချိုငါးမွေးမြူရေးမှ စုစုပေါင်းဖမ်းဆီးရမိမှုမှာ ၁၁၄၄ တန် သို့မဟုတ် ၁၂၁၆၉ တန်၏ ၉.၄ ရာခိုင်နှုန်းဖြစ်သည်။ [] :111

ပညာရေး

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်ခရိုင်သည် ဗိသနုလောက်ပြည်နယ်၏ ပညာရေးဗဟိုချက်ဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိက နှစ်မျိုးလုံးတွင် သူငယ်တန်းမှ တက္ကသိုလ်အဆင့်အထိ အဆင့်အားလုံးတွင် ပညာရေးအဖွဲ့အစည်းများစွာ ရှိပါသည်။ [၁၀]

အဆင့်မြင့်ပညာရေး

[ပြင်ဆင်ရန်]

ခရိုင်အတွင်း သို့မဟုတ် အနီးတစ်ဝိုက်တွင် အဆင့်မြင့်ပညာရေးဌာန ခြောက်ခုရှိပြီး ကျောင်းသား ၃၈,၅၅၃ ဦး ရှိသည်။

  • ဌာန ၁၆ခု၊ ဘာသာရပ် ၁၈၄ခုနှင့် ကျောင်းသား ၂၂၀၀၀ ကျော်ရှိသော နရေစွမ်တက္ကသိုလ် သည် ဗိသနုလောက်ပြည်နယ်ရှိ တက္ကသိုလ်များ၏ ဦးဆောင်တက္ကသိုလ်ဖြစ်သည်။
  • ပီဘူဆွန်ခရမ် ရာဇဘတ် တက္ကသိုလ်တွင်ဌာန ၆ ခု ရှိသည်။
  • ရာဇမင်္ဂလနည်းပညာတက္ကသိုလ်၊ လန်နာ၊ ဗိသနုလောက်ကျောင်းဝင်းတွင် ဌာန ၃ ခုရှိသည်။
  • ဗိသနုလောက်တက္ကသိုလ်သည် နောက်ဆုံးအဆင့်ဖြစ်ပြီး ဌာန ၅ ခုပါရှိသော ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည်။
  • သီရိန်ဓိုရ်ပြည်သူ့ကျန်းမာရေးကောလိပ်၊ ဗိသနုလောက်ပြည်နယ်။ 13 May 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  • သူနာပြု ဗုဒ္ဓဆီနာရာဇ် ပြမရာဇောနာနီကောလိပ်

အသက်မွေးဝမ်းကျောင်းပညာရေး

[ပြင်ဆင်ရန်]
  • ကျောင်းသား ၁၁,၀၂၃ ဦးရှိသော အသက်မွေးဝမ်းကျောင်းကောလိပ် ခုနစ်ခု။ [၁၁]

အလယ်တန်းပညာရေး

[ပြင်ဆင်ရန်]
  • ကျောင်းသား ၉၂၃၀ဦးရှိသော အထက်တန်းကျောင်း ၁၂ကျောင်း။
  • စုစုပေါင်း ၂၃ယောက် လျော့သွားတယ် ကျောင်းသား ၁၂,၅၉၀ ဦးရှိသော အလယ်တန်းကျောင်းများ။

မူလတန်းပညာရေး

[ပြင်ဆင်ရန်]
  • ကျောင်းသားဦးရေ ၂၀,၈၇၇ ဦးရှိသော မူလတန်းကျောင်း ၈၇ ကျောင်း။

ကျန်းမာရေးစောင့်ရှောက်မှု

[ပြင်ဆင်ရန်]

အစိုးရဆေးရုံများ

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်ခရိုင်တွင် အစိုးရဆေးရုံ လေးခုရှိသည်။ [၁၂]

  • ဗုဒ္ဓဆီနာရာဇ် ဗိသနုလောက်ဆေးရုံ သည် ပြည်နယ်နှင့် မြို့တော်၏အဓိက အစိုးရဆေးရုံဖြစ်ပြီး ကုတင် ၁၀၀၀ ဆံ့သည်။
  • နရေဆွမ်တက္ကသိုလ် ဆေးရုံ သည် ဒေသတွင်း တတိယအဆင့် စောင့်ရှောက်မှု ဆေးရုံဖြစ်သည်။
  • သမ္တေစဗြနရေစွမ်မဟာရာဇ် ခံတပ်ဆေးရုံသည် အများပြည်သူအတွက် ဖွင့်လှစ်ထားသော တပ်မတော်ဆေးရုံဖြစ်သည်။ [လင့်ခ်သေ]
  • ထိုင်းတော်ဝင်လေတပ် ၄၆ တန်းဆေးရုံသည် လေတပ်ဆေးရုံဖြစ်ပြီး အများပြည်သူအတွက်လည်း ဖွင့်လှစ်ထားသည်။ 24 January 2026 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

ပုဂ္ဂလိကဆေးရုံများ

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်ခရိုင်တွင် ပုဂ္ဂလိကဆေးရုံငါးရုံရှိပြီး စုစုပေါင်းကုတင် ၄၀၀ ဆံ့သည်။

  • ဘန်ကောက်ဆေးရုံ ဗိသနုလောက်
  • ဗိသနုလောက်ဆေးရုံ
  • ပိတ်သနုဝေတ် ဆေးရုံ
  • ရူအမ်ဖက်ဆေးရုံ
  • ရေဒီယိုဓာတ်ရောင်ခြည်ကုထုံးနှင့် နျူကလီးယားဆေးပညာဆေးရုံ

ကျန်းမာရေးမြှင့်တင်ရေးဆေးရုံများ

[ပြင်ဆင်ရန်]

မူးအန်း ဗိသနုလောက်တွင် ကျန်းမာရေးမြှင့်တင်ဆေးရုံ ၂၄ ခုရှိသည်။

အခြေခံအဆောက်အအုံ

[ပြင်ဆင်ရန်]

လမ်းများ

[ပြင်ဆင်ရန်]

၁၂၆လမ်းသည် ဘက်စုံသုံး ရှောင်ကွင်းလမ်းဖြစ်ပြီး မြောက်ဘက်တွင် ဥတ္တရာဒိတနှင့် လမ်ပန်းသို့ အဝေးပြေး လမ်းမကြီး ၁၁၊ အရှေ့ဘက်တွင် ဖက်ချဘွန်သို့ အဝေးပြေးလမ်းမကြီး ၁၂၊ တောင်ဘက်တွင် ဆင်းဘူရီသို့ အဝေးပြေးလမ်းမကြီး ၁၁၊ တောင်ဘက်တွင် နခွန်ဆဝမ်သို့ အဝေးပြေးလမ်းမကြီး ၁၁၇၊ အနောက်ဘက်တွင် ဆူခိုထိုင်း၊ တာ့ခ်နှင့် မဲဆောက်အဝေးပြေးလမ်းမကြီးနှင့် ဆက်သွယ် ပေးပါသည်

ဘတ်စ်ကားများ

[ပြင်ဆင်ရန်]

ဗိသနုလောက် ဂိတ် ၁ (စန်ဖွန်ဖိုင်) နှင့် ဂိတ် ၂ ( စမိုခေး ) တို့သည် ဗိသနုလောက်

လေဆိပ်

[ပြင်ဆင်ရန်]

မြို့လယ် (အာရန်ယစ်)နှင့်နီးသော ဗိသနုလောက်လေဆိပ်သည် ဘန်ကောက်မှ တစ်နေ့လျှင် လေယာဉ်ခြောက်စင်းအထိ (ပျံသန်းချိန် ၆၀ မိနစ်ခန့်) ပျံသန်းပြီး လေကြောင်းလိုင်းသုံးခုဖြစ်သည့် Nok Air၊ Thai Air Asia နှင့် Thai Lion Air မှ ပြေးဆွဲပါသည်။

ရထားလမ်း

[ပြင်ဆင်ရန်]

မြို့လယ်ခေါင်ရှိ ဗိသနုလောက် ရထားဘူတာ တွင် ထိုင်းနိုင်ငံ ပြည်နယ်ရထားလမ်း မှ လည်ပတ်သော မြောက်ပိုင်းလိုင်း ရှိ မြို့တွင်းရထားများကို အဓိကထား ပြေးဆွဲပြီး နေ့စဉ် ရထား ဆယ်ဂဏန်းကျော်သည် ဦးတည်ရာတစ်ခုစီသို့ ပြေးဆွဲလျက်ရှိသည်။

ရေဒီယို

[ပြင်ဆင်ရန်]

ခရိုင်တွင် ရေဒီယိုလိုင်း ရှစ်လိုင်းရှိသည်-

ရေကြီးခြင်း

[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ်၌ မူးအန်း ဗိသနုလောက်မြို့ရှိနေထိုင်သူများတွင် ရေဝပ်ခြင်းကြောင့် ကူးစက်ခံရတတ်သော လက်ပတိုစပိုင်ရိုးစစ်ရောဂါများ ဖြစ်ပွားမှုရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. บรรยายสรุปอำเภอเมืองพิษณุโลก (အစီရင်ခံစာ) (ထိုင်းဘာသာစကားဖြင့်)။ 5 October 2020။ p. 3။
  2. บรรยายสรุปอำเภอเมืองพิษณุโลก (အစီရင်ခံစာ) (ထိုင်းဘာသာစကားဖြင့်)။ 5 October 2020။ p. 3။
  3. บรรยายสรุปอำเภอเมืองพิษณุโลก (အစီရင်ခံစာ) (ထိုင်းဘာသာစကားဖြင့်)။ 5 October 2020။ p. 3။
  4. Phitsanulok Provincial Statistical Report 2562-2019 (အစီရင်ခံစာ)။ p. 51။
  5. บรรยายสรุปอำเภอเมืองพิษณุโลก (အစီရင်ခံစာ) (ထိုင်းဘာသာစကားဖြင့်)။ 5 October 2020။ p. 7။
  6. บรรยายสรุปอำเภอเมืองพิษณุโลก (အစီရင်ခံစာ) (ထိုင်းဘာသာစကားဖြင့်)။ 5 October 2020။ p. 7။
  7. บรรยายสรุปอำเภอเมืองพิษณุโลก (အစီရင်ခံစာ) (ထိုင်းဘာသာစကားဖြင့်)။ 5 October 2020။ p. 8။
  8. 1 2 3 Phitsanulok Provincial Statistical Report 2562-2019: Agriculture and Fishery Statistics (အစီရင်ခံစာ)။
  9. บรรยายสรุปอำเภอเมืองพิษณุโลก (အစီရင်ခံစာ) (ထိုင်းဘာသာစကားဖြင့်)။ 5 October 2020။ p. 7။
  10. Phitsanulok Provincial Statistical Report 2562-2019: Education Statistics (အစီရင်ခံစာ)။ pp. 33–45။
  11. Phitsanulok Provincial Statistical Report 2562-2019: Education Statistics (အစီရင်ခံစာ)။ p. 45။
  12. Phitsanulok Provincial Statistical Report 2562-2019: Health Statistics (အစီရင်ခံစာ)။ pp. 59–60။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]

တမ်းပလိတ်:Amphoe Phitsanulok