မုန့်လက်သုပ်

ဝီကီပီးဒီးယား မှ

မုန့်လက်သုပ်ဟူသည်မှာ ထားဝယ်လူမျိုးတို့ အင်မတန်နှစ်သက်စွာ စားသုံးသော စားစရာတမျိုးပင်ဖြစ်သည်။ ထားဝယ်မုန့်ဟင်းခါးမှ မုန့်ဟင်းခါးရည်ကို မသုံးပဲ မုန့်လက်သုပ်ရည်ကိုသာ ထည့်၍ စားသုံးသည်ကို မုန့်လက်သုပ်ဟုခေါ်သည်။ မုန့်လက်သုပ်မှာ အုန်းရည်ပါသဖြင့် ချဉ်ပြုံးပြုံးဖြင့် အရသာရှိလှသည်။ အဆာပြေစားသုံးသော သရေစာ တမျိုးလည်းဖြစ်သည်။

မုန့်လက်သုပ်ရည် ချက်ပုံ[ပြင်ဆင်ရန်]

ချိုသည့်ပင်လယ်ငါးကို သုံးကြသည်။ ငါးကွမ်းညှပ်ငါးမုငါးရွှေငါးမာန်း စသည့် ပင်လယ်ငါးများကို သုံးပြုကြသည်။ ချက်ပြုတ်မည့်ငါးကို တုံးကြီးကြီးတုံးရသည်၊ သန့်စင်အောင် ရေဆေးရမည်၊ ငါးတုံးများကို ဆားနယ်ပြီး အုန်းရည်(ပုန်းရည်) ထားဝယ်စကားဖြင့် (အောင်းရယ်)နှင့် ထည့်ပြုတ်ရသည်။ ကျက်ပြီဆိုလျှင် အအေးခံရသည်၊ ငါးများကိုအရိုးနွာရသည်။ ကြက်သွန်ဖြူစပါးလင် ဂျင်းများကို ဆီသတ်ပြီး ပြန်ချက်ရသည်။ ကြက်သွန်နီဥများကို ကြီးလျှင် နှစ်ခြမ်းခွဲကာ သေးလျှင်အလုံးလိုက်ထည့်ပြီး ချက်ရသည်၊ ပွက်ပွက်ဆူလာပြီလျှင် မုန့်လက်သုပ်ဟင်းရည် တမျိုးရရှိပါပြီ။

စားသောက်ပုံ[ပြင်ဆင်ရန်]

ပုဂံလုံး ထားဝယ်အခေါ် (ဟင်းဇား) ထဲသို့ မုန့်တီပင်အတန်သင့်ထည့်ထာ အထက်ပါ မုန့်လက်သုပ်ရည်ကို မုန့်တီပင်များ အပေါ်သို့ရောက်အောင် ထည့်သည်။ အရန်ဆာပလာများမှာ ငရုတ်သီးအစိမ်း၊ ပဲပင်ပေါက်အစိမ်း၊ ငံပြာရည်၊ သံပရာရည်၊ အချိုမှုန့်၊ ဆားတို့ဖြင့် ရောနှောကာ စားသုံးကြသည်။ ထားဝယ်မုန့်ဟင်းခါး ရောင်းသည့်ဆိုင်းတိုင်းတွင် မုန့်လက်သုပ်ကို ရနိုင်သည်သာဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]