မာတိကာသို့ ခုန်သွားရန်

မုခ်ဝ:လက်ရှိဖြစ်ရပ်များ/မတ် ၂၀၂၆

ဝီကီပီးဒီးယား မှ

၂၀၂၆ ခုနှစ်၊ မတ်လသည် ယခုလက်ရှိ သာမန်နှစ်၏ တတိယမြောက်လ ဖြစ်သည်။ တနင်္ဂနွေနေ့တွင် စတင်ခဲ့သော ဤလသည် ရက်ပေါင်း ၃၁ ကြာပြီးနောက် အင်္ဂါနေ့တွင် ကုန်ဆုံးခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများ

ဥပဒေနှင့် ရာဇဝတ်မှု

  • အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အမိန့်အမှတ် ၆/၂၀၂၆ ဖြင့် အကျဉ်းသား/သူ (၂၈၂၅) ဦး၊ အမိန့်အမှတ် ၇/၂၀၂၆ ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ (၁၀) ဦး၊ အမိန့်အမှတ် ၈/၂၀၂၆ ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နှင့်  ၅၂(က) အရ ပြစ်မှုကျခံနေရသည့် ၇,၃၃၇ ဦး တို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး၊​ အမိန့်အမှတ် ၉/၂၀၂၆ ဖြင့် အဆိုပါ အဆိုပါပုဒ်မများအရ တရားစွဲဆိုခံထားရကာ ထွက်ပြေးတိမ်းရှောင်နေသူ ၁၂,၄၈၇ ဦး နှင့် သက်ဆိုင်သည့် အမှုပေါင်း ၉,၅၃၂ မှုကို ပိတ်သိမ်းပေးခဲ့သည်။

ဥပဒေနှင့် ရာဇဝတ်မှု

  • အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများကြောင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိက ပိုင်ယာဉ်များ လစဉ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဉ်များ ​မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများ

ဥပဒေနှင့် ရာဇဝတ်မှု

  • သင်ကြားရေးဗီဇာ (Study Visa) ဖြင့် ဝင်ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများ တိုးလာနေမှုကြောင့် မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်၊ ဆူဒန် နှင့် ကင်မရွန်း စုစုပေါင်း နိုင်ငံ ၄ နိုင်ငံမှ လျှောက်ထားသူများအတွက် ဗီဇာ ထုတ်ပေးမှုကို ရပ်ဆိုင်းထားကြောင်း ယူနိုက်တက်ကင်းဒမ်းနိုင်ငံအစိုးရက ထုတ်ပြန်ခဲ့သည်။
  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ (ဥပဒေအမှတ် ၁၀/၂၀၂၆) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (ဥပဒေအမှတ် ၁၁/၂၀၂၆) တို့ကို အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။

ဥပဒေနှင့် ရာဇဝတ်မှု

  • ၂၀၂၆ ခုနှစ် မတ်လ ပထမပတ်မှစတင်၍ မိုဘိုင်းလက်ကိုင်ဖုန်းအသုံးပြုသူများသည် စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး နိုင်ငံတော်သို့ သတ်မှတ်ထားသော အခွန်များ ပေးဆောင်ထားသည့် ဖုန်းများကို အသုံးပြုနိုင်စေရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများ

ဥပဒေနှင့် ရာဇဝတ်မှု

  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဥပဒေအမှတ် ၁၂/၂၀၂၆ ဖြင့် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၁၃/၂၀၂၆ ဖြင့် ယစ်မျိုးဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၁၄/၂၀၂၆ ဖြင့် မျိုးစေ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၁၅/၂၀၂၆ ဖြင့် မြေဩဇာဥပဒေကို ပြင်ဆင်သည့်ဥပဒေကိုလည်းကောင်း အသီးသီး ပြဋ္ဌာန်းခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများ

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများ

ဥပဒေနှင့် ရာဇဝတ်မှု

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အတွက် တင်သွင်းလာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုနှစ်မှုကို စတင်ကြားနာစစ်ဆေးခဲ့ပြီး၊ ရွေးကောက်ပွဲခုံအဖွဲ့ (၁) က အမှုအမှတ် (၁/၂၀၂၅) ဖြစ်သည့် လျှောက်ထားသူ ဒေါက်တာကောင်းထက်ခိုင် (USDP) နှင့် လျှောက်ထားခံရသူ ဦးပေါင်ဇလန်း (ZNP) တို့၏အမှုကိုလည်းကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ (၂) က အမှုအမှတ် (၂/၂၀၂၅) ဖြစ်သည့် လျှောက်ထားသူ ဦးဝင်းကြူ (USDP) နှင့် လျှောက်ထားခံရသူ ဦးခိုင်ဦး (PP) တို့၏အမှုကိုလည်းကောင်း အသီးသီးစတင်စစ်ဆေးခဲ့သည်။

ဥပဒေနှင့် ရာဇဝတ်မှု

  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ အမိန့်အမှတ် ၈/၂၀၂၆ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် အား ကျန်းမာရေးအရ အနာယူးခွင့်ပြုပြီး၊ အမိန့်အမှတ် ၉/၂၀၂၆ ဖြင့် ဒေါက်တာစန္ဒာဦးအား အစားထိုး ခန့်အပ်ခဲ့သည်။
  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ အမိန့်အမှတ် ၁၀/၂၀၂၆ ဖြင့် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးအား တာဝန်မှ အနားယူခွင့်ပြုလိုက်ပြီး၊ အမိန့်အမှတ် ၁၁/၂၀၂၆ ဖြင့် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးမြတ်စံဖြင့် အစားထိုးခန့်အပ်ခဲ့သည်။
  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ အမိန့်အမှတ် ၁၂/၂၀၂၆ ဖြင့် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးကျော်သောင်းအောင် နှင့် ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဦးအောင်မော်တို့ကို အသီးသီး ခန့်အပ်ခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများ

သိပ္ပံနှင့် နည်းပညာ

  • ၂၀၂၅- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ နှစ်သိန်းခြောက်သောင်းကျော်ရှိပြီး၊ မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး မတ်လ ၁၇ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်သည်။

ဥပဒေနှင့် ရာဇဝတ်မှု

  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဥပဒေအမှတ် ၁၆/၂၀၂၆ ဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁/၂၀၁၄)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

စီးပွားရေးနှင့် စီးပွားကူးသန်း

  • အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားသည့် အီရန်စစ်ပွဲကြောင့် အာရှတစ်ဝှမ်းလုံး၌ ရေနံနှင့် စက်သုံးဆီ ရရှိမှုအပေါ် စိုးရိမ်ကြောင့်ကြမှုများ ရှိနေချိန်တွင် မြန်မာနိုင်ငံ၌လည်း စက်သုံးဆီဝယ်ယူမှုအား ကန့်သတ်သည့် စနစ်တစ်ရပ်ကို နိုင်ငံအတွင်းရှိ မြို့ကြီး ၄ မြို့၌ စတင် အကောင်အထည်ဖော် အသုံးပြုနေပြီဖြစ်သည်။

အားကစား

ဥပဒေနှင့် ရာဇဝတ်မှု

  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၁၇/၂၀၂၆ ဖြင့် အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ဥပဒေနှင့် ရာဇဝတ်မှု

  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၁၈/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၁၃/၂၀၂၆ ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ကြည်း ၂၇၂၃၈ ဗိုလ်မှူးကြီး မင်းသူကျော် အစား ကြည်း ၃၂၈၃၅ ဗိုလ်မှူးကြီး စိုးမိုးဝင်း ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ကြည်း ၃၀၁၀၇ ဗိုလ်မှူးကြီး ခန့်မွန်ဆွေ အစား ကြည်း ၃၀၃၃၉ ဗိုလ်မှူးကြီး စိုးမင်းဦး ဖြင့် အစားထိုးခန့်အပ်သည်။

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများ

  • ၂၀၂၆ ကွတ်ခိုင်မြို့တိုက်ပွဲ
    • ကွတ်ခိုင်မြို့ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့အကြား နှစ်ဖက်တင်းမာမှုများ နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် ကွတ်ခိုင်မြို့အား MNDAA က အပြီးအပိုင် ထိန်းချုပ်လိုက်သည်။
  • နတ်တလင်းမြို့နယ်၊ ဖလံပင်ကျေးရွာမှ စစ်တပ် စစ်ကြောင်းက ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦးဖမ်းဆီးခံထားရသည်။ ဖလံပင်ရွာက နေအိမ် ၁၅၀ လုံးနှင့် ရှားစီးဘိုရွာက နေအိမ် ၁၅ လုံးတို့ကို မီးရှို့ခဲ့သည်။

ဥပဒေနှင့် ရာဇဝတ်မှု

ကျန်းမာရေးနှင့် ပတ်ဝန်းကျင်

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

စီးပွားရေးနှင့် စီးပွားကူးသန်း

လက်နက်ကိုင် ပဋိပက္ခများနှင့် တိုက်ခိုက်မှုများ

  • စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ တိုက်လေယာဉ်နှင့် ဗုံးကြဲမှုကြောင့် မဟာလေးထပ်ဘုန်းကြီးကျောင်းက သံဃာအပါအဝင် စစ်ဘေးရှောင်နှင့် ဒေသခံများ ဆယ်ချီကျော် သေဆုံးခဲ့သည်။ (ဘီဘီစီ)

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

  • တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
    • ပထမပုံမှန်အစည်းအဝေးကို စတင်ကျင်းပသည်။ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို မတ်လ ၂၃ ရက်တွင် ကျင်းပမည် ဖြစ်ပြီး၊ ဒုသမ္မတသုံးယောက်ကို မတ်လ ၂၅ ရက်မှာ စိစစ်မှာဖြစ်ပြီး မတ်လ ၃၀ ရက်နေ့မှာ ရွေးချယ်တင်မြှောက်မှုပြုလုပ်မည်ဟု ကြေညာခဲ့သည်။ (ဘီဘီစီ)

အားကစား

  • အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဂျပန်အသင်းက အိမ်ရှင် ဩစတြေးလျအသင်းကို ၁ ဂိုး ဂိုးမရှိနှင့် အနိုင်ရပြီး ချန်ပီယံဆွတ်ခူးနိုင်ခဲ့သည်။ (DVB)

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

  • နိုင်ငံ့ဝန်ထမ်း
    • အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော စက်သုံးဆီပြတ်လပ်မှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် အစိုးရရုံးများမှ ဝန်ထမ်းများသည် ရုံးသို့လာရောက်ခြင်းမပြုဘဲ မိမိတို့၏နေအိမ် သို့မဟုတ် အဆောင်များတွင်သာ လုပ်ငန်းဆောင်ရွက်ရန် သတ်မှတ်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယင်းသို့ အိမ်မှအလုပ်လုပ်ခြင်း (work from home) စနစ်ကို ၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပုဂ္ဂလိကအလုပ်ဌာနများအနေဖြင့်လည်း အလားတူ အိမ်မှအလုပ်လုပ်ခြင်းစနစ်ကို အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်သွားရန် ထုတ်ပြန်ထားသည်။ (MOI)

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း ဝေဒနာ ခံစားခဲ့ရသဖြင့် ၂ နာရီကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း ထုတ်ပြန်သည်။ (MOI)

နိုင်ငံတကာ ဆက်ဆံရေး

  • ၂၀၂၆ ဟော်မုဇ်ရေလက်ကြား အကျပ်အတည်း
    • အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာပါက ရန်လိုမှုမရှိဟု သတ်မှတ်ထားသော သင်္ဘောများကို ဟော်မုဇ် ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် အီရန်စစ်ပွဲတွင် ပါဝင်ပတ်သက်နေသည်ဟု ၎င်းတို့စွပ်စွဲထားသော နိုင်ငံများနှင့် ဆက်နွှယ်နေသည့် သင်္ဘောများကိုမူ ဖြတ်သန်းခွင့် ပိတ်ပင်ထားမည်ဖြစ်ပါသည်။ (AFP via Phillipine Daily Inquirer)

စီးပွားရေးနှင့် စီးပွားကူးသန်း

  • ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်း(၁)ခေါင်းကို လူစီးတွဲ (၄) တွဲ နှင့် ဘရိတ်တွဲ (၁)တွဲ ချိတ်ဆက်အသုံးပြု၍ ရန်ကုန်- တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များကို ပြေးဆွဲပေးမည် ဖြစ်သည်။ (Eleven News)

အနုပညာနှင့် ယဉ်ကျေးမှု

  • အင်္ဂလီကန်အသင်းတော်
    • ဆာရာ မူလာလီ (Sarah Mullally) သည် အင်္ဂလီကန်အသင်းတော်ကြီး(Church of England) ၏ ပထမဆုံးသော အမျိုးသမီး အကြီးအကဲ (Primate) နှင့် ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Archbishop of Canterbury) အဖြစ် နန်းတက်ပွဲကျင်းပခဲ့သည်။ (Episcopal News Service)

ဥပဒေနှင့် ရာဇဝတ်မှု

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

ဘေးအန္တရာယ်နှင့် မတော်တဆမှုများ

ဘေးအန္တရာယ်နှင့် မတော်တဆမှုများ

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

နိုင်ငံရေးနှင့် ရွေးကောက်ပွဲများ

  • ၂၀၂၆ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း
    • ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း အတည်ပြုကြေညာသည်။
    • ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာသည်။ (MOI)
    • ဦးညိုစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်းမဲဆန္ဒနယ်) အား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် အတည်ပြုခဲ့သည်။ (MOI)
မတ် ၂၀၂၆
နွေလာဂါဟူးကြာသောနေ
၁၀၁၁၁၂၁၃၁၄
၁၅၁၆၁၇၁၈၁၉၂၀၂၁
၂၂၂၃၂၄၂၅၂၆၂၇၂၈
၂၉၃၀၃၁