မုခ်ဝ:နည်းပညာ/အထူးဆောင်းပါး/မတ်​, ၂၀၁၁

ဝီကီပီးဒီးယား မှ
DSV Alvin ကို ရေအောက် ရေနွေးငွေ့ ရေပန်းများကို ရှာဖွေတွေ့ရှိပြီး တစ်နှစ်အကြာ ၁၉၇၈ တွင် တွေ့ရပုံ။

ရေငုပ်သင်္ဘောဆိုသည်မှာ ရေအောက်တွင် လွတ်လပ်စွာရွေ့လျားသွားလာနိုင်သော ရေယာဉ်တစ်မျိုးဖြစ်သည်။ သာမန်ရေအောက်သွားယာဉ်မှာ ရေအောက်တွင် အကန့်အသတ်ဖြင့်သာ အလုပ်လုပ်နိုင်သဖြင့် ရေငုပ်သင်္ဘောနှင့် ကွဲပြားခြားနားသည်။ ရေငုပ်သင်္ဘောဆိုသော အသုံးအနှုန်းမှာ အများအားဖြင့် လူအများအပြားတင်ဆောင်သော စက်တပ်ယာဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။သို့သော်လည်း သမိုင်းကြောင်း အားဖြင့် သို့မဟုတ် အရပ်သုံးစကားဖြင့်မူ ရေငုပ်သင်္ဘောဆိုသည်မှာ အလယ်အလတ်စား သို့မဟုတ် ထိုထက်သေးငယ်သော ရေယာဉ်များနှင့် အဝေးထိန်း စနစ်ဖြစ့် ထိန်းချုပ်သော ယာဉ်များ နှင့် စက်ရုပ်များကိုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။