ဂျွန် စတူးဝပ် မီး

ဝီကီပီးဒီးယား မှ
(မီး၊ ဂျွန်၊ စတူးဝပ် မှ ပြန်ညွှန်းထားသည်)
ဂျွန် စတူးဝပ် မီး ၏ ပုံတူ
Essays on economics and society, 1967

ဂျွန်စတူးဝပ်မီးသည် အင်္ဂလိပ်လူမျိုး သဘာဝတ္တဗေဒ ပညာ ရှင်၊ ဘောဂဗေဒ ပညာရှင်နှင့် စာရေးဆရာတစ်ဦးဖြစ်၏။ ခရစ် ၁၈ဝ၆ ခုနှစ် မေလ ၂ ရက်နေ့တွင် လန်ဒန်မြို့၌ မွေးဖွားသည်။ သူ၏ဖခင်မှာ သဘာဝတ္တဗေဒ ပညာရှင်၊ ဘောဂဗေဒ ပညာရှင်၊ သမိုင်းပညာရှင်နှင့် စာရေးဆရာအဖြစ် ထင်ရှားသော ဂျိမ်းမီးဖြစ် ၏။

ဂျိမ်းမီးသည် သူ၏သားကြီး ဂျွန်စတူးဝပ်မီးအား သူကိုယ် တိုင် ကြပ်မတ်၍ ပညာသင်ပေး၏။ အသက် ၃ နှစ် အရွယ်တွင် ဂရိဘာသာကို စတင်သင်ကြားပေးသည်ဟု ဆိုသည်။ ဤသို့ သင် ပေးခြင်း၌ ရည်ရွယ်ချက်မှာ မိမိကဲ့သို့ပင် တွေးတောဆင်ခြင် ကြံဆ လျက် မိမိ၏ဝါဒကို ဆက်လက်ဖြန့်ပေးရန်ဖြစ်၏။ ဂျိမ်းမီးသည် ယူတီလီတေးရီးယန်း ဝါဒကို စွဲမြဲယုံကြည်သူ ဖြစ်သည်။ ဖခင်ဖြစ် သူက စည်းကမ်းစနစ်ကျနစွာ ကိုယ်တိုင်ပင် သားဖြစ်သူအား အရွယ်နှင့်မမျှသော စာကြီးပေကြီးများ သင်ကြားပေးသည်ကို ဂျွန် စတူးဝပ်မီးသည် ကောင်းစွာ လက်ခံသင်ယူနိုင်သဖြင့် အရွယ်နှင့် မလိုက်အောင်ပင် စာပေဂန္ထဝင်၌နှံ့စပ်နေတော့၏။ အသက် ၁ဝ နှစ် အရွယ်တွင် ပလေးတိုးနှင့် ဒီမော့စသီးနီး အစရှိသော ဂရိပညာရှင် ကြီးများ၏ စာပေများကို လွယ်လွယ်နှင့်ပင်ဖတ်နိုင်ပေ၏။ အသက် ၁၄ နှစ်အရွယ်သို့ ရောက်လျှင် ထူးကဲများပြားသော ပညာရပ် အဝဝကို ကောင်းစွာတတ်မြောက်သော စွယ်စုံပညာရှင်တစ်ဦး ဖြစ် နေလေပြီ။

ဂျွန်စတူးဝပ်မီးသည် ၁၈၂ဝ ပြည့်နှစ်တွင် ပါရစ်မြို့သို့ သွားရောက်လည်ပတ်ခဲ့ရာ ပြင်သစ်စာပေ၊ ပြင်သစ်နိုင်ငံရေးနှင့် ပြင်သစ်တို့၏ လူမှုရေး အခြေအနေတို့ကို တတ်သိနားလည်ခဲ့၏။ ထိုနောက် ဂျွန်စတူးဝပ်မီးသည် ဥပဒေပညာဆည်းပူးရန် ရည်ရွယ် ချက်ကို ဖျက်ပြီးနောက် ၁၇ နှစ်အရွယ် ၁၈၂၃ ခုနှစ်၌ အရှေ့ အိန္ဒိယကုမ္ပဏီ အလုပ်တိုက်တွင် စာရေးအဖြစ်ဖြင့် ဝင်ရောက်အမှု ထမ်း၏။ ၁၈၅၈ ခုနှစ်တွင် ကုမ္ပဏီ ဖျက်သိမ်သည့်တိုင် ၃၅ နှစ် မျှ အမှုထမ်းခဲ့ရာ တဖြည်းဖြည်း ရာထူးတိုးမြှင့်ခြင်း ခံရသဖြင့် အငြိမ်းစား ရိက္ခာဖြင့် အလုပ်မှထွက်ရချိန်တွင် ဌာနအကြီးအကဲ တစ်ဦးပင် ဖြစ်ခဲ့လေသည်။

ဂျွန်စတူးဝပ်မီးသည် အလုပ်အားလပ်ချိန်များတွင် စာရေး ဆရာ ဂျယ်ရီမီးဗင်တမ်၏ နေအိမ်တွင် စာကောင်းပေမွန်များကို ဖတ်ရှုဝေဖန်လျက် ယူတီလီတေးရီးယန်း စာပေအဖွဲ့ကို ပြုစုပျိုး ထောင်ခဲ့၏။


အသက် ၂ဝ မကျော်မီပင် ယူတီလီတေးရီးယန်းဝါဒကိ ထိရောက်စွာ အားပေးပြုစုသူတစ်ဦး ဖြစ်လာလျက် 'ဝက်စမင်စတာရီဗျူး' စာစောင်တွင် ဆောင်းပါး စာညွန့်များ ရေးသားခဲ့သည်။ ၁၈၂၆-၂၇ ခုနှစ်တွင် မီးသည် မိမိ ကိုယ်မိမိ ပြန်လည်စစ်ဆေး သုံးသပ်ရာ၌ စိတ်ဓာတ်တစ်မျိုးတစ်မည် ပြောင်းလဲလာ၏။ တည် ကြည်လေးနက် အသုံးဝင်မည့် အကြောင်း ရပ်များကိုသာ ရှေးရှူရလေအောင် ငယ်စဉ်က ဖခင်ဖြစ်သူ၏ သင်ကြားပုံသွင်းခြင်း ခံခဲ့ရသော မီးသည် အများအမြင်တွင် ဗဟုသုတ ဟင်းလေးအိုးမျှသာ ဖြစ်နေတော့သည်။ ဤသို့ ပြန်လည် သုံးသပ် မိသည်၏ အခြားမဲ့၌ မီးသည် လူ့လောက သဘာဝနှင့်အပ်စပ်သော အာရုံခံစားမှု၊ ပျော်ရွှင်မှုတို့၏ အရည်အသွေးတန်ဖိုးကို နားလည် သဘောပေါက်လာသဖြင့် အနုစာပေ၊ ကဗျာနှင့် စိတ်ကူးယဉ်မှု ဘက်သို့ယိမ်းလျက် စိတ်ဝင်စားလာ၏။ ထိုအချိန်မှစ၍ ဗင်တမ်၏ ဝါဒမှ ဖဲခွာလာတော့သည်။ မီးသည် ၁၈၃ဝ ပြည့်နှစ်တွင် မစ္စစ်တေလာဆိုသူ အမျိုး သမီးတစ်ဦးနှင့် မိတ်ဆွေဖြစ်ခဲ့၏။ တဖြည်းဖြည်းနှင့် ခင်မင် အကျွမ်းဝင်လာကာ မစ္စစ်တေလာ၏ ခင်ပွန်းသည် ကွယ်လွန်လေ လျှင်၊ ၁၈၅၁ ခုနှစ်တွင် မစ္စစ်တေလာနှင့် လက်ထပ်၏။ မီးသည် ဇနီးဖြစ်သူအား ချစ်မြတ်နိုးလျက် သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ တွင် မကြာခဏ တင်စားဖော်ပြကာ မိမိကို ပြုပြင်ပေးကြောင်းနှင့် လည်း ရေးသားထားပေသည်။ မီး၏ အဦးဆုံး အောင်မြင်မှုရရှိသည့် လက်ရာမှာ 'တက္ကဗေဒ' ဖြစ်၍ ၁၈၄၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် 'ဘောဂဗေဒ' ကိုထုတ်ဝေခဲ့၏။ ၁၈၅၉ ခုနှစ်တွင် သူဂရုတစိုက်ရေးသားသော 'လွတ်လပ်ရေးစာမွန်' ကို ထုတ်ဝေ သည်။


မီးသည် ၁၈၆၅ ခုနှစ်မှ ၁၈၆၈ ခုနှစ်အထိ ပါလီမန် အမတ်အဖြစ် ဝက်စမင်စတာနယ်မှ ရွေးကောက်တင်မြေ|ာက်ခြင်းခံရ ၏။ အမတ်အဖြစ် ဆောင်ရွက်ခဲ့စဉ်က ပြုပြင်ပြောင်းလဲမှုများကို အဆိုသွင်းခဲ့၏။ အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူ အခွင့်အရေးများ ရရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အ မျိုးသမီးများအား ချုပ်ချယ်ခြင်း စာအုပ်ကိုလည်း ၁၈၆၉ ခုနှစ် တွင် ထုတ်ဝေခဲ့သည်။ မီးသည် ၁၈၇၃ ခုနှစ် မေလ ၈ ရက်နေ့ တွင် ပြင်သစ်နိုင်ငံ အဗီညွန့်မြို့တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)