မာတိကာသို့ ခုန်သွားရန်

မီးရောင် လရောင်၊ နေ အရောင်၊ ဉာဏ်ရောင် လွှမ်း၍မိုး

ဝီကီပီးဒီးယား မှ

မီးရောင် လရောင်၊ နေ အရောင်၊ ဉာဏ်ရောင် လွှမ်း၍မိုး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မီးရောင် လရောင်၊ နေ အရောင်၊ ဉာဏ်ရောင် လွှမ်း၍မိုး” ဆိုသည်မှာ မီးရောင်၊ ရောင်၊ နေရောင်တို့သည် လောကကို အလင်းပေးသော်လည်း ပညာဉာဏ်၏ အလင်းရောင်က ထိုအလင်းရောင်များထက် ပို၍ ထွန်းလင်းတောက်ပကာ အရာရာကို လွှမ်းမိုးနိုင်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ပညာ၏ အရေးပါမှုနှင့် တန်ဖိုးကို ဖော်ပြသည်။ ပညာဉာဏ်သည် လူတို့၏ အတွေးအမြင်ကို ဖွင့်ပေးနိုင်ပြီး အမှန်တရားကို သိမြင်စေနိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ အလင်းရောင်များထက် ပို၍ အရေးပါကြောင်းကို သွယ်ဝိုက်၍ ဆိုလိုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • " လောက၌ နေရောင်၊ လရောင်၊ မီးရောင်၊ ပညာရောင်ဟူ၍ အရောင်လေးပါး ထင်ရှားရှိရာတွင် ပညာရောင်သည်သာလျှင် အဆရာထောင်မက ထွန်းပဝင်းဝင်း လင်းစေနိုင်ကြောင်းနှင့် မြတ်စွာဘုရားဟောကြားတော်မူသည်။" []
  • "မီးရောင် လရောင်၊ နေ အရောင်၊ ဉာဏ်ရောင် လွှမ်း၍မိုး ဟူ၍ လည်းကောင်း၊ ပညာ သမာ၊ အာဘာ နတ္ထိ၊ မြတ်မုနိ၊ ဟောရှိကျမ်းကိုကိုး ဟူ၍လည်းကောင်း ရှေးပညာရှိ ကဝိပုဂ္ဂိုလ်မြတ်တို့ ဆိုအပ်ကုန်ခဲ့ပြီ။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၀၉-ခန့်] ယပ်။ ၁၄၈။
  3. [၁၃၃၃] မြဝတီ၊ ၁၉၊ ၈။ ၂၃။