မီးပေါက်လက်နက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သေနတ်လက်နက်[ပြင်ဆင်ရန်]

တစ်လုံးထိုး၊ နှစ်လုံးပူး၊ ခြောက်လုံးပူး၊ မြင်းသေနတ်၊ ရိုင်ဖယ်စသည့် လက်နက်များဖြစ်သော မီးပေါက်လက်နက်များ အ ကြောင်းကို ၁၄ ရာစုနှစ် နောက်ပိုင်းတွင် ပထမဆုံးပေါ်သည့် လက် ပစ်သေနတ်မှအစပြု၍ စိတ်ဝင်စားဖွယ်တင်ပြထားသည်။

မီးပေါက်လက်နက်[ပြင်ဆင်ရန်]

မီးပေါက်လက်နက်ဟူသည်မှာ တစ်လုံးထိုး၊ နှစ်လုံးပူး၊ ရိုင် ဖယ်၊ မြင်းသေနတ်၊ ခြောက်လုံးပူး စသည့် လက်နက်ငယ်များဖြစ် ကြသည်။ ယမ်းကို လက်ဖြင့် မီးရှို့ပြီးပစ်ရသော ပထမဆုံးပေါ်သည့် လက်ပစ် သေနတ်မျိုးကို ၁၄ ရာစုနှစ် နောက်ပိုင်းလောက်မှ စတင် အသုံးပြုခဲ့ကြသည်။ ထိုလက်ပစ်သေနတ်ကို ၃ ပေမျှ ရှည်သော တစ်ဖက်ပိတ် သတ္တုပြောင်းဖြင့် ပြုလုပ်ထား၍ သစ်သားချောင်း အဖြောင့်တစ်ချောင်းတွင် မြဲမြံစွာ တပ်ဆင်ထားလေသည်။

ယမ်းကို ပြောင်းဝမှ ကျောက်ခဲစ၊ သံစများနှင့် ရော၍ထည့်ပေးရသည်။ ပစ် လိုသောအခါ လူတစ်ယောက်က လက်မောင်းအောက်တွင် ယင်းကို မြဲမြဲည|ပ်ထားရ၍ အခြားတစ်ယောက် သေနတ်နောက်ပိုင်းရှိ အ ပေါက်မှ ယမ်းကို သံချောင်းရဲရဲနှင့် မီးရှို့ပေးရသည်။ ထိုအခါ မီးခိုးလုံးများထ၍ ပြင်းထန်သော အသံဖြင့် ပေါက်ထွက်သွားလေ သည်။

ပထမဆုံးပေါ်သည့် ထိုသေနတ်ပစ်နည်းသည် အနီးရှိရန်သူ အနည်းငယ်အား ထိခိုက်သေဆုံး ဒဏ်ရာရရှိစေသည် မှန်သော် လည်း ပစ်သူများကိုယ်တိုင်မှာလည်း မသက်သာဘဲ ထိခိုက်သေဆုံး တတ်ကြလေသည်။ ဤရှေးအကျဆုံးသေနတ်မျိုးနှင့် ယခု ၂ဝ ရာစု ခေတ်ပေါ်သေနတ်မျိုးကို နှိုင်းရှည့်ကြည့်ပါက မည်မျှကွာခြားသည်ကို တွေ့ရလိမ့်မည်။ ယခုခေတ် သေနတ်များသည် ရှေးခေတ် သေနတ် များကဲ့သို့ ယမ်းနှင့် ကျည်ဆံများထည့်၍ ပစ်ကြရသဖြင့် မူချင်း အတူတူပင် ဖြစ် ကြသည်။ သို့သော်လည်း ယခုခေတ် သေနတ်များ ကို ပစ်ရာ၌ ပစ်သူသည် ဒင်ကို ပခုံးတွင် ထောက်၍ ချိန်ပြီးလျှင် မောင်းကို ဆွဲလိုက်ရုံမျှနှင့် ချက်ချင်းဆိုသလို ကျည်ဆန်များသည် လေထက် လျင်မြန်သောနှုန်းဖြင့် ထွက်သွားပြီးလျှင် မိုင်ဝက်ဝေး သော နေရာ၌ရှိသည့် လက်မတစ်မတ် အထူရှိသော သံမဏိကို ဖောက်ထွင်းသွားနိုင်လေသည်။ ဤသည်ကို ထောက်လျှင် မည်မျှ ကွာခြား၍ မည်မျှတိုးတက်လာသည်ကို တွေ့နိုင်ပေသည်။

ပထမဆုံးပေါ်သည့် လက်ပစ်သေနတ်မျိုးကို မူတည်၍ ယင်းမှ ဆင်းသက်ပေါက်ပွားလာသော အာကွီဗတ် ခေါ် သေ နတ်တစ်မျိုးသည် ၁၅ ရာစုခေတ်တွင် ပေါ်ပေါက်လာသည်။ ဤ သေနတ်မျိုးသည် ပြောင်းရှည်၍ လက်မောင်းအောက်တွင် ည|ပ်၍ မပစ်ရတော့ဘဲ သေနတ်ဒင်ကို ပခုံးတွင်ထောက်၍ ပစ်ရသည်။ အာကွီဗတ် သေနတ်မျိုးမှ တစ်ဖန် တိုးတက် လုပ်ကိုင်လာသော သေနတ်တစ်မျိုးတွင် သေနတ်ပြောင်းနောက်နားပေါ်၌ စနက်မောင်း တစ်ခု တပ်ဆင်ပါရှိသည်။ ထိုစနက်မောင်းသည် ခလုတ်ကို ဆွဲ လိုက်သည်နှင့် တစ်ပြုင်နက် စနက်ပေါက်တွင် လာ၍ရိုက်သဖြင့် မီးပွင့်ပြီးလျှင် သေနတ်ကျည်ဆန် ထွက်သွားသည်။

ဤသေနတ်မျိုး ကို စနက်မောင်းသေနတ်ဟု ခေါ်သည်။ သို့သော် ယင်းသည် မိုးတွင်းအခါ၌ဖြစ်စေ၊ လေပြင်းထန်သော ရာသီဥတု၌ဖြစ်စေ ထိုင်းမှိုင်း စွတ်စိုသဖြင့် မီးကူးလေ့မရှိသော ကြောင့် ယင်းကို များစွာအသုံးမပြု ခဲ့ကြချေ။ စနက်မောင်းသေနတ်ကို အသုံးပြုလာကြရာမှ ၁၅၂ဝ ပြည့် နှစ်လောက်တွင် သေနတ်နောက်နား၌ ဘီးကလေးတစ်ခု တပ်ဆင် ထားသော သေနတ်တစ်မျိုးကို တီထွင်ပြုလုပ်လာကြပြန်သည်။

ထို သေနတ်မျိုးတွင် ခလုတ်ကို ဆွဲလိုက်သည့်အခါ ဘီးကလေးသည် လည်၍ မီးခတ်ကျောက်နှင့် ခြစ်သဖြင့် မီးပွင့်လာပြီးလျှင် ကျည် ဆန်ထွက်သွားလေသည်။ ဤသေနတ်မျိုးကို ဘီးသေနတ်ဟုခေါ်၍ မြင်းသေနတ်များတွင် အများအားဖြင့် အသုံးပြုကြသည်။ ၁၅၄ဝ ပြည့်နှစ်လောက်တွင် စပိန်လူမျိုးတို့သည် စနက် မောင်းသေနတ်ထက် ကောင်းသော မတ်စကက် ခေါ် စစ်သုံးသေနတ်မျိုးကို တိုးတက် လုပ်ကိုင်လာကြသည်။

ထိုသေနတ်မျိုးသည် သာမန်သေနတ်ထက် ပြောင်းဝ အနည်းငယ် ကြီး၍ ရှည်သည်။ အလွန်လေးသောကြောင့် ပစ်သောအခါ မြေ ကြီးတွင် သေနတ်ကို ခွနှင့်ထောက်၍ ပစ်ရသည်။ ယင်းတွင် ခဲကျည်လုံး တစ်လုံးတည်း ကိုသာအသုံးပြုရ၍ ကျည်လုံးကို ယမ်းဆောင့်တံနှင့် ပြောင်းဝမှနေ၍ ယမ်းရှိရာသို့ ထိုးသွင်းပေးရသည်။ ဤသေနတ်မျိုးကို ၁၇ ရာစု ခေတ်တိုင်အောင် အသုံးပြုလာကြသည်။

၁၇ ရာစုနှစ် အစလောက်တွင် မီးခတ်သေနတ်တစ်မျိုးကို တီထွင်လာနိုင်ကြပြန်လေသည်။ လက်ပစ်သေနတ်မျိုးမှ တဖြည်း ဖြည်း တိုးတက်ကောင်းမွန်အောင် ပြုလုပ်လာခဲ့ကြသော သေနတ် များသည် မီးခတ်သေနတ်ခေတ်သို့ ရောက်လာသောအခါ ယခင် ကဲ့သို့ သံချောင်းရဲရဲနှင့် ယမ်းတွင် တို့ပေးရခြင်း၊ စနက်မောင်း ထားပေးရခြင်းများ မရှိတော့ချေ။ ဤမီးခတ်သေနတ်တွင် စပရင်နှင့် တပ်ဆင်ထားသော မောင်း၏ထိပ်တွင် တူကဲ့သို့ ခေါင်းကလေး တစ်ခုရှိ၍ ထိုခေါင်းတွင် မီးခေတ်ကျောက်စကလေး တစ်ခုကို တပ် ထားသည်။

သေနတ်ပြောင်းဘေးရှိ စနက်ပေါက်တစ်ဝိုက်တွင် ယမ်း ထည့်ထားသော နားခွက်တစ်ခုရှိ၏။ ထိုနားခွက်ကို အထက်သို့ ပွင့်သော အဖုံးကလေးတစ်ခုဖြင့် ဖုံးထားလေသည်။ ခလုတ်ကို ဆွဲ လိုက်သောအခါ မောင်းကျလာ၍ မောင်းထိပ်တွင် ရှိသော မီးခတ် သည် နားခွက်ဖုံးအတွင်ရိုက်၍ မီးပွင့်စေပြီးလျှင် နားခွက်ရှိ ယမ်း တွင် မီးကူးစေသည်။ နားခွက်မှ မီးသည် စနက်ပေါက်မှဆင်း၍ ပြောင်းတွင်းရှိယမ်းကို မီးကူးပြီးလျှင် ကျည်ဆန်အား ပေါက်ထွက် သွားစေလေသည်။

ဤမီးခေတ်သေနတ်မျိုးကို ၁၇ ရာစုမှ ၁၉ ရာစုခေတ် အစလောက်တိုင်အောင် အသုံးပြုလာခဲ့ကြသည်။ အမေရိကန်နိုင်ငံသို့ပထမဦးစွာ ရောက်ရှိသွားကြသော ဥရောပတိုက်သား နယ်သစ်ရှာ အာဇာနည်တို့သည် တိုင်းရင်းသားများဖြစ်ကြသော ရက်အင်ဒီးယန်း များနှင့် တိုက်ခိုက်ကြရလေရာ ထိုမီးခတ်သေနတ်မျိုးကိုပင် အသုံး ပြု၍ အောင်မြင်ခဲ့ကြလေသည်။ ဥရောပတိုက်တွင် ပြင်သစ်တော် လှန်ရေးနှင့် နပိုလီယန်စစ်ပွဲများ၌လည်း ဤမီးခတ်သေနတ်မျိုးကို အသုံးပြုခဲ့ကြလေသည်။

၁၈ဝ၇ ခုနှင်တွင် စကော့လူမျိုး ဘုန်းကြီးတစ်ပါးက သေ နတ်၌ ပေါက်ကွဲစေတတ်သည့် ယမ်းတစ်မျိုးကိုထည့်၍ စတင်အသုံး ပြုလာခဲ့ပြန်သည်။ ၁၉ ရာစု အလယ် ခေတ်လောက်တိုင်အောင် သေနတ်များတွင် မီးခတ်ကျောက်ကို အသုံးမပြုတော့ဘဲ ယင်းအစားတူမီးကို အသုံးပြုလာကြသည်။ တူမီးသေနတ်များတွင် ထိပ်သီး ကလေးကို သေနတ်နောက်ပေါက်တွင် တပ်ဆင်ထား၍ ယမ်းထည့် ထားသော ကြေးအဖုံးကလေးကို ထိုထိပ်သီးပေါ်၌ တပ်ထားသည်။

ခလုတ်ကို ဆွဲလိုက်သောအခါ ကျလာသော မောင်းသည် ထိပ်ဖုံးကို ရိုက်သဖြင့် ပေါက်ကွဲသွားပြီးလျှင် ပြောင်းထဲရှိ ယမ်းကို မီးကူး သွားသောကြောင့် ကျည်ဆံထွက်သွားသည်။ ၁၉ ရာစု အလယ် ခေတ်ကျော်တိုင်အောင် ခေတ်စားလာခဲ့သော အထက်ပါ ရှေးသေ နတ်များတွင် ချွတ်ယွင်းချက် နှစ်ခုရှိ၏။ ပထမအချက်မှာ ပစ်လိုက်သည့်အခါ အထိနာစေရန် ကျည်လုံးများကို အတော်အတန် ကြီး ထားရာ၊ ကြီးထားရသဖြင့် လေအဆီးအတားများသောကြောင့် ထင် သလောက် မမြန်နိုင်ချေ။

ဒုတိယအချက်မှာ ကျည်လုံးသည် ချောနေသောသေနတ် ပြောင်းထဲမှ ထွက်သွားရသောကြောင့် ဖြောင့်ဖြောင့်မသွားဘဲ တဖြည်းဖြည်း လမ်းကောက်သွားတတ်သည်။ ထိုကြောင့် ကိုက်တစ်ရာကျော်ကျော်လောက်တွင်ရှိသော အရာဝတ္ထုတစ်ခုကို မမှန်နိုင်ချေ။ ယင်းချွတ်ယွင်းချက်များမှ လွန်မြောက်စေရန် သေနတ် ပြောင်းတွင်း၌ ဝက်အူရစ်ကြောင်း ထွင်းသည့်စနစ်ကို တီထွင်လုပ် ကြပြန်သည်။ သို့လုပ်ရာ၌ သေနတ်ပြောင်းအတွင်း၌ ဝက်အူရစ်ပုံ ထွင်းကြောင်းများကို ထွင်းကြရသည်။ ဤဝက်အူရစ်ပုံထွင်း ကြောင်းများကြောင့် ကျည်ဆန်သည် သေနတ်ပြောင်းအတွင်း၌ လည်၍ တစ်ဖြောင့်တည်း ထွက်သွားလေသည်။

ထိုမှတစ်ဆင့်ရှည်၍ ကတော့ပုံရှိသောကျည်ဆန်များသုံး နိုင်သည်အထိ တိုးတက်လာခဲ့ လေသည်။ ကတော့ပုံကျည်ဆန်များကို သုံးခြင်းအားဖြင့် လေအဆီး အတားနည်းပြီးလျှင် ပို၍လည်းလေးသည်။ ကျည်ဆံများ ဝက်အူရစ် ကဲ့သို့ လည်၍ထွက်သွားသော သတ္တိသည် ကျည်ဆန်အချွန်ကို တသမတ်တည်း ဖြောင့်ဖြောင့် ထွက်သွားစေ၍ အမြီးပြန် ခေါင်းပြန် လည်သွားခြင်းကိုလည်း တားဆီးနိုင်လေသည်။ ၁၈ ရာစုခေတ် အမေရိကန် လွတ်လပ်ရေးစစ်ပွဲ၌ ဤဝက်အူရစ်ပုံထွင်းထားသော သေနတ်များကို အသုံးပြုခဲ့ကြသည်။ ဝက်အူရစ်ပုံ ထွင်းခြင်းကို အကြောင်းပြု၍ သေနတ်များကို ရိုင်ဖယ်သေနတ်ဟု ခေါ်တွင်ခ ဲ့ကြသည်။

ဤရှေးခေတ် ရိုင်ဖယ်သေနတ်များသည် ရှေ့ထိုးသေနတ် များဖြစ်ကြ၍ ကျည်လုံးများကို အမဲဆီ ဆွတ်ထားသော အဝတ်တွင်ထုပ်ပြီးလျှင် ပြောင်းဝမှနေ၍ အထဲသို့ထိုးသွင်းရသည်။ ဤရိုင်ဖယ်သေနတ်မျိုး ပေါ်လာသော်လည်း ကျည်လုံးများ ထည့် သွင်းရာ၌ နှေးကွေးသောကြောင့် ပြောင်းချောသေနတ်များလောက် လူကြိုက်မများခဲ့ချေ။ စစ်ဖက်တွင် ပြောင်းချောသေနတ်များကိုသာ ဆက်လက် အသုံးပြုကြသည်။ ကတော့ပုံကျည်ဆန်သည် ရှည်သော ကြောင့် ရှေ့ထိုးသေနတ်တွင် အသုံးပြုရာ၌ ကျပ်သဖြင့် အသုံးမများ ကြချေ။ ၁၈၅၂ ခုနှစ် လောက်တွင်မှအသစ်တီထွင်၍ ပေါ်ပေါက်လာခဲ့သော ရိုင်ဖယ်သေနတ်တစ်မျိုးမှာ ကျည်ဆန်ထည့်ရာ၌ ချောင် ချောင်ချိချိရှိ၍ ပစ်လိုက်သည့်အခါမှ ကြီးလာပြီးလျှင် ပြောင်းထဲတွင် အံကျဖြစ်၍ ထွက်သွားလေသည်။

ဤရိုင်ဖယ်သေနတ်မျိုး ပေါ်လာသောအခါ ပြောင်းချောသေနတ်ကို အသုံးမပြုကြတော့ချေ။ အသုံးမပြုဟု ဆိုငြားသော်လည်း လုံးလုံးမဟုတ်သေးပေ။ နောက် ထိုး ရိုင်ဖယ်သေနတ်များ ပေါ်လာမှသာ လုံးလုံးအသုံးမပြုတော့ချေ။ မီးခတ်နောက်ထိုး သေနတ်ကို အမေရိကန်လူမျိုး ဂျွန်ဟော ဆိုသူက ၁၈၁ဝ ပြည့်နှစ်လောက်ကတည်းက တီထွင် ပြုလုပ်ခဲ့သော် လည်း ယမ်းငွေ့များနောက်ပေါက်မှ အများအပြားထွက်တတ်သော ကြောင့် ကျည်ဆန်ထွက်ရာ၌ အရှိန်မပြင်းလှသဖြင့် များစွာအကျိုး မများလှချေ။ ၁၈၃၆ ခုနှစ်၌ ဆယ်မျူယယ်ကို့ ဆိုသူလည်း နောက်ထိုးခြောက်လုံးပူး သေနတ်တစ်မျိုးကို ကြံစည်ပြုလုပ်ခဲ့၏။ သို့သော် မီးခတ်နောက်ထိုး သေနတ်ကဲ့သို့ပင် နောက်ပေါက်မှ ယမ်းငွေ့အများအပြား ထွက်သောကြောင့် လူသုံးမများလှချေ။

ထိုနောက် ယမ်းတောင့်ကို အသုံးပြုသော ပရပ်ရှင်း နောက်ထိုးရိုင်ဖယ် သေနတ်တစ်မျိုး ပေါ်လာပြန်သည်။ ထိုရိုင်ဖယ် သေနတ်မျိုးကို ပထမဆုံး စစ်ဖက်တွင် အသုံးပြုသဖြင့် ပရပ်ရှင်း လူမျိုးတို့သည် 0x100သစတြီးယန်း လူမျိုးတို့အား ကောင်းစွာ အောင် မြင်ခဲ့ကြသည်။ နောက်ထိုးသေနတ်များတွင် ပထမဆုံးအသုံးပြုသည့် ယမ်းတောင့်သည် စက္ကူအထုပ်တစ်ခုတွင် ယမ်းနှင့်ကျည်ဆန်ကို ထည့်ထားသဖြင့် သေနတ်နောက်မှ လွယ်ကူစွာ ထည့်သွင်းနိုင် သည်။ ထည့်ရာတွင်လည်း စက္ကူထုပ်၏ ထောင့်စွန်းကလေးကို ပါးစပ်ဖြင့် အသာကိုက်ဆုတ်ပြီး ထည့်လိုက်ပါက စနက်ထိပ်ဖုံးမှ မီးသည် ယမ်းရှိရာသို့ ရောက်လာကာ သေနတ် ပေါက်ထွက်သွား တော့သည်။ ဤသို့ စက္ကူယမ်းတောင့်ကို အသုံးပြုလာကြရာမှ တဖြည်းဖြည်း မကြာမီပင် ကြေးနီခွံ ကြေးဝါခွံတို့ဖြင့် လုပ်သော ယမ်းတောင့်ကို သုံးနိုင်လာကြသည်။

ထိုသတ္တုယမ်းတောင့်များသည် ယမ်းပေါက်ကွဲသောအခါ၌ အနည်းငယ် ကြီးလာသဖြင့် သေနတ် နောက်ပေါက်ကို ကျပ်သွားစေသောကြောင့် ယမ်းငွေ့များမထွက်တော့ပေ။ ထို့ ကြောင့်လည်း သတ္တုယမ်းတောင့်များနှင့် အသုံးပြုရ သော နောက်ထိုးသေနတ်များကို အသုံးများလာကြသည်။ ယမ်းတောင့်ကို အသုံးပြုသော နောက်ထိုးသေနတ်များ ပေါ်လာပြီးနောက် မကြာမီပင် ယမ်းတောင့်ခွံများ အလိုအလျောက် ထွက်သွားစေသည့် ကိရိယာတစ်ခု ပေါ်လာသည်။ ထိုကိရိယာကို သေနတ်ပစ်ပြီး၍ နောက်တစ်ကြိမ် ထပ်ပစ်ရန် ဖွင့်လိုက်သည့်အခါ ပစ်ပြီးယမ်းခွံသည် အလိုအလျောက် ထွက်သွားလေသည်။ ဤ ကိရိယာပေါ်လာပြီး မရှေးမနှောင်းပင် ယမ်းတောင့်အများ ထည့်နိုင် သော ယမ်းတောင့်ကတ် ပေါ်လာပြန်သည်။

ဤယမ်းတောင့်ကတ်ကို တီထွင်ထားသည့် စနစ်ကား ယမ်းတောင့်များသည် သေနတ်ထဲသို့ စနစ်တကျဝင်လာပြီးလျှင် ပစ်ပြီးသော ယမ်းတောင့်ခွံများလည်း အလိုအလျောက် ထွက်သွားသည်။ ဤနည်းဖြင့် အချက်ပေါင်း များစွာကို တစ်ခဏချင်းနှင့် အလွယ်တကူ ပစ်နိုင်ပေသည်။ ယခု ခေတ်ပေါ် ရိုင်ဖယ်သေနတ်များတွင် ယမ်းတောင့်ကတ် အမျိုးမျိုးရှိ ကြသည်။ ပေါမော်ဇာ အမည်ရှိ ဂျာမန်လူမျိုးတစ်ဦး တီထွင်ခဲ့သော မော်ဇာရိုင်ဖယ်တွင် ထည့်သော ယမ်းတောင့်ကတ်၌ ယမ်းတောင့် များသည် တစ်ခုပေါ် တစ်ခုဆင့်၍ ရှိကြသည်။

ယမ်းတောင့်ကတ်များ ပေါ်လာပြီးနောက် မီးခိုးမထွက်သော ယမ်းတောင့်များပေါ်လာပြန်သည်။ ထိုအသစ်ပေါ် ယမ်းတောင့်များ သည် မီးခိုးမထွက်သည်သာမက ပစ်ရာတွင်လည်း ယမ်းအား အလွန်ကောင်းသောကြောင့် သေနတ်အနည်းငယ် ခုန်တတ်သည်။ ခုန်သည့် အခြားအ ကြောင်းတစ်ခုမှာ ခဲကျည်လုံးများပျော့၍ ပေါ့ သောကြောင့် ဖြစ်သည်။ ထိုကြောင့် ကျည်ဆန်ကို ဖမ်းထားသည့် အည|ပ်ကို တီထွင်ပြုလုပ်ကြပြန်လေသည်။ အည|ပ်ကို ကြေးနီနှင့် နစ်ကယ် ရောထားသော သတ္တုရောတို့ဖြင့် ပြုလုပ်ထားရာ အလွန် မာသည်။ ဤအည|ပ်ရှိခြင်းကြောင့် ကျည်ဆန်မခုန်သည့်ပြင် ဝက်အုူ ရစ်ပုံ ထွင်းကြောင်းမှ လျင်မြန်စွာ လည်၍ ထွက်သွားသည်။ ဝ.၃ဝ လက်မ အချင်းရှိသည့် ကျည်ဆန်နှင့် ထည့်၍ပစ်သော စပရင်းဖီး ရိုင်ဖယ်သေနတ်သည် တစ်စက္ကန့်လျှင် ပေ ပေါင်း ၂ယ၇ဝဝ အထိ သွား၍ တစ်မိုင်အတွင်း အလွန်တည့်၏။ ၃ မိုင်အတွင်း၌ရှိသော ရန်သူကို သေစေနိုင်သည်။

ပထမ ကမ္ဘာစစ်ပွဲတွင် အလိုအလျောက် ပစ်သော ရိုင်ဖယ် တစ်မျိုးကို တိုးတက်လုပ်ကိုင်လာကြသည်။ ဤသေနတ်မျိုးတွင် ပစ်ပြီးယမ်းတောင့်များကို အလိုအလျောက်ထုတ်၍ ယမ်းတောင့် အသစ်များကိုလည်း ပြန်ဖြည့်ပြီးလျှင် တစ်ဆက်တည်း ယမ်းတောင့် ၄ဝ အထိ ပစ်နိုင်အောင် စီမံထားသည်။ ဤအော်တိုမက်တစ် ရိုင် ဖယ်မျိုးကို စက်သေနတ်အပေါ့စားဟု ခေါ်သည်။

ရှေးမြင်းသေနတ်များသည် လက်တစ်ဖက်တည်းနှင့် ပစ်ရ သော သေနတ်ငယ်များ ဖြစ်ကြသည်။ မြင်းသေနတ်များ ပြုလုပ်ရာ မှ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာရာ နောက်ဆုံး ခြောက် လုံးပူးသေနတ်ကို တီထွင်ပြုလုပ်နိုင်လာသည်အထိ ရောက်ခဲ့လေ သည်။ ခြောက်လုံးပူးသေနတ်တွင် ကျည်ဆန် ၆ ခုပါသော ဆုံ လည် ဆလင်ဒါတစ်ခုရှိ၏။ သေနတ်မောင်းကို ဆွဲလိုက်တိုင်း ကျည်ဆန်များသည် ပြောင်းတစ်ခုတည်းမှ အလှည့်ကျ ပတ်၍ ထွက်လာကြသည်။ သို့သော် အလိုအလျောက်ပစ်သော အော်တို မက်တစ် မြင်းသေနတ်တစ်မျိုး ထပ်မံပေါ်လာရာ ခြောက်လုံးပူး ထက် သာလေသည်။ ယင်းသည် အရှိန်ပြင်းပြင်းဖြင့် ဂ ချက်မှ ၁ဝ ချက်အထိ ပစ်နိုင်သည်။ ခြောက်လုံးပူးတွင် ပြောင်းနှင့် ဆလင်ဒါ အဆက်၌ ချွတ်ယွင်းချက်ရှိသဖြင့် ယမ်းခိုးများ ထွက်လာတတ် သည်။

၁၅၈ဝ ပြည့်နှစ်လောက်ကတည်းက ပျံနေသော ငှက်များ ကိုပစ်ရန် ငှက်ပစ်သေနတ် အပေါ့စားတစ်မျိုး ပေါ်လာခဲ့ဖူးဟန်တူ သည်။ သံစ၊ ကျောက်ခဲစ စသည့် စရိတ်များထည့်၍ ပစ်သဖြင့် ခရာကဲ့သို့ အဝကျယ်သော သေနတ်များကို စစ်ပွဲ၌လည်းကောင်း၊ လမ်းခရီး၌ လုယက်တိုက်ခိုက်သော ဓားပြများဘေးမှ ကာကွယ်ရန် လည်းကောင်း အသုံးပြုလာကြသည်။ ထိုအဝကျယ်သေနတ်များမှ ယခုခေတ် နှစ်လုံးပူး သေနတ်များသည် ရိုင်ဖယ်သေနတ်များ ပေါ်လာသကဲ့သို့ တစ်ဆင့်ပြီး တစ်ဆင့် ပေါ်လာခဲ့ကြလေသည်။ ယခုခေတ် နှစ်လုံးပူးသေနတ်များတွင် ၈ ဗိုးမှ ၂၄ ဗိုးအထိ ပြောင်း အရွယ် အမျိုးမျိုးရှိကြသည်။ ပုံပမြာ၁၂ ဗိုးပြောင်းရှိသော စံနှစ်လုံး ပူးသေနတ်သည် အတော်အသင့်ကြီးသော ခဲကျည်လုံးတစ်လုံး ထည့် ၍ပစ်နိုင်ရာ ထိုခဲကျည်လုံးမျိုး ၁၂ လုံးသည် အလေးချိန် တစ်ပေါင် စီးလေသည်။

ကြေးဝါ အပိတ်နှင့် စက္ကူထူ ဘေးပတ်တို့ဖြင့် ပြုလုပ် ထားသော နောက်ထိုး နှစ်လုံးပူးသေနတ် ယမ်းတောင့်များတွင် ငှက်ကလေးများပစ်သည့် စရိတ်ကျည်ကလေးများမှ သားကြီး များပစ် သည့် ကျည်လုံးကြီးများ အထိ ထည့်ထားသည်။ ပြောင်းဝကျဉ်းသည့် သေနတ်တစ်မျိုးရှိသေးသည်။ ယင်း သေနတ်မျိုးသည် ပြောင်းဝကျဉ်းသဖြင့် ကျည်ဆန်များ စု၍ထွက် သွားသောကြောင့် တာဝေးပစ်ရန်အတွက် ကောင်း၏။ ထိုသေနတ် မျိုးကို ကြက်ငှက်များ ပစ်ရန်အတွက် အထူးစီမံထားသည်။ စံ နှစ်လုံးပူးသေနတ်တွင် တစ်ဖက်သော ပြောင်းဝကို ကျဉ်းထား၍ တစ်ဖက်သော ပြောင်းဝကို နဂိုအတိုင်းထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)