မီဇိုအမျိုးသားတပ်ဦး
| မီဇိုအမျိုးသားတပ်ဦး | |
|---|---|
| ဥက္ကဋ္ဌ | ဇိုးရမ်းထန်းငါ |
| တည်ထောင်သူ | လားလ်ဒဲငါ |
| တည်ထောင်ခြင်း | ၁၉၆၁ |
| ဌာနချုပ် | ဇားရ်ကော့တ်၊ အိုက်ဇောမြို့၊ မီဇိုရမ် |
| သတင်းစာ | Hruaitu Arsi (ပို့ဆောင်ပေးသော ကြယ်) |
| ရွေးကောက်ပွဲသင်္ကေတ | |
| ဝက်ဘ်ဆိုဒ် | |
| mnfparty.in | |
မီဇိုအမျိုးသားတပ်ဦး (MNF) သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ဒေသတွင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ဦးလားလ်ဒဲငါမှ ဖွဲ့စည်းထားသော MNF သည် အိန္ဒိယဗဟိုအစိုးရ၏ ပျက်ကွက်မှုအခြေအနေကို ဆန့်ကျင်သည့်အနေဖြင့် ၁၉၅၉ ခုနှစ်တွင် အာသံပြည်နယ်၏ မီဇိုဒေသများတွင် အငတ်ဘေးအခြေအနေသို့ ဦးတည်နေခြင်းကို ဆန့်ကျင်ကန့်ကွက်ရန် ဦးလားလ်ဒဲငါ မှ ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် ၁၉၆၆ ခုနှစ်တွင် ကြီးမားသော လူထုအုံကြွမှုတစ်ရပ်ကို စတင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အိန္ဒိယအစိုးရနှင့် မီဇိုရမ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ခွဲထွက်ခြင်းနှင့် အကြမ်းဖက်မှုများကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက် MNF သည် ရွေးကောက်ပွဲတွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီဇိုရမ်ပြည်နယ်အစိုးရကို သုံးကြိမ်တိုင်တိုင် ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ၎င်းသည် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၎င်း၏ သမ္မတ ဇိုးရမ်းထန်းငါနှင့်အတူ ပြည်နယ်၏ အာဏာရပါတီဖြစ်သည်။
ရွေးကောက်ပွဲ ရလဒ်များ
[ပြင်ဆင်ရန်]မီဇိုရမ် ဥပဒေပြု လွှတ်တော်
[ပြင်ဆင်ရန်]| ခုနှစ် | အနိုင်ရ နေရာ | ရာခိုင်နှုန်း | မှတ်ချက် | ခေါင်းဆောင် |
|---|---|---|---|---|
| ၁၉၈၇ | ၂၄ / ၄၀ |
အစိုးရဖွဲ့စည်း | လားလ်ဒဲငါ | |
| ၁၉၈၉ | ၁၄ / ၄၀ |
၃၅.၂၉% | အတိုက်အခံ | လားလ်ဒဲငါ |
| ၁၉၉၃ | ၁၄ / ၄၀ |
၄၀.၄၁% | အတိုက်အခံ | ဇိုးရမ်းထန်းငါ |
| ၁၉၉၈ | ၂၁ / ၄၀ |
၂၄.၉၉% | အစိုးရဖွဲ့စည်း | ဇိုးရမ်းထန်းငါ |
| ၂၀၀၃ | ၂၁ / ၄၀ |
၃၁.၆၉% | အစိုးရဖွဲ့စည်း | ဇိုးရမ်းထန်းငါ |
| ၂၀၀၈ | ၃ / ၄၀ |
၃၀.၆၅% | အခြား | ဇိုးရမ်းထန်းငါ |
| ၂၀၁၃ | ၅ / ၄၀ |
၂၈.၆၅% | အတိုက်အခံ | ဇိုးရမ်းထန်းငါ |
| ၂၀၁၈ | ၂၆ / ၄၀ |
၃၇.၇၀% | အစိုးရဖွဲ့စည်း | ဇိုးရမ်းထန်းငါ |