မိုးမြင့်ဆွေ
မိုးမြင့်ဆွေ | |
|---|---|
| ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် စက်တင်ဘာ ၂၀၂၅ | |
| ယခင်လူ | ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း |
| ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ စစ်ဘက်လက်ထောက်အရာရှိ | |
| ယခင်လူ | ဗိုလ်မှူးကြီး လင်းဇော်ထွန်း |
| ဆက်ခံသူ | ဗိုလ်မှူးချုပ် တင့်ဇော်ခိုင် |
| ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ကိုယ်ရံတော်ဗိုလ်ချုပ် | |
| ယခင်လူ | ဗိုလ်မှူးကြီး လင်းဇော်ထွန်း |
| ဆက်ခံသူ | ဗိုလ်မှူးကြီး စိန်မောင်လင်း [၂] [၃] |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | |
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေ သည် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဖြစ်သည်။ယင်းမတိုင်မီက သူသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ စစ်ဘက်လက်ထောက် ဖြစ်ခဲ့ပြီး၊ထိုမှ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးဖြင့် အတိုကောက် ထုတ်ချုပ် ဖြစ်လာခဲ့သူဖြစ်သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]သူသည် အရပ်ဘက် တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက်၊စစ်ဘက်ဆိုင်ရာသင်တန်းတစ်ခုဖြစ်သည့် တပ်မတော် (ကြည်း)၊ အလုပ်သင်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၃ တက်ရောက်ကာ တပ်မတော် ထဲသို့ ဝင်ရောက်ရှိလာသူဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂၀၁၁ ခုနှစ်၊မတ်လ ၃၀ ရက် တွင် နိုင်ငံ၏ ၁၀ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။[၄]ထိုအချိန်တွင် ကိုယ်ရံတော်ဗိုလ်ချုပ် [မှတ်စု ၁] သည် ဗိုလ်မှူးကြီး လင်းဇော်ထွန်း ဖြစ်သည်။ထိုကာလကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနီးနားသို့ မိုးမြင့်ဆွေ သည် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် ရောက်ရှိခဲ့သည်။
အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ကိုယ်ရံတော်ဗိုလ်ချုပ် ဗိုလ်မှူးကြီး လင်းဇော်ထွန်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တပ်မှ အငြိမ်းစားယူကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ကူးပြောင်းသွားခဲ့သည်။[၅]
ထိုတွင် မိုးမြင့်ဆွေ သည် ကိုယ်ရံတော်ဗိုလ်ချုပ် ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် ဗိုလ်မှူးကြီး၊ဗိုလ်မှူးချုပ်၊ဗိုလ်ချုပ် စသည်ဖြင့် ရာထူးအဆင့်ဆင့်တိုးကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ စစ်ဘက်လက်ထောက်[မှတ်စု ၂] အဖြစ် ကာလရှည် တာဝန်ထမ်းဆောင်ခဲ့သည်။[၆]
၂၀၂၅ ခုနှစ်၊စက်တင်ဘာ တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် (ကကထုတ်) ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်း သည် ရွေးကောက်ပွဲဝင်ပြုင်ရန်အတွက် တပ်မှအငြိမ်းစားယူခဲ့သည်။[၇]လစ်လပ်နေသည့် ထိုရာထူးတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေ သည် အစားထိုးခန့်အပ်ခံခဲ့ရသည်။[၈]
တပ်မတော် (ကြည်း)ရုံး တာဝန်(မှူးချုပ်) ဗိုလ်မှူးချုပ် တင့်ဇော်ခိုင် (စစ်တက္ကသိုလ် အမှတ်စဉ် - ၄၂ )သည် လစ်လပ်သွားသည့် စစ်ဘက်လက်ထောက် ရာထူးကို ဆက်ခံခဲ့သည်။
ရှင်းလင်းချက်မှတ်စု
[ပြင်ဆင်ရန်]- ↑ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှစ်ဦးတို့၏ ကိုယ်ရေးအရာရှိအဆင့်တို့ကို ခေါ်ဝေါ်သုံးစွဲမှုဖြစ်သည်။မည်သည့် အပွင့်တင်ထားစေကာမူ ကိုယ်ရံတော် ဗိုလ်ချုပ်ဟု ခေါ်ဝေါ်ကြသည်
- ↑ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၌ ရုံးထိုင်၍ စစ်ဘက် အရပ်ဘက် အခြေအနေအရပ်ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ အစီရင်ခံရသူ ဖြစ်သည်
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ လ၀က ဝန်ကြီးသားမက် စစ်ခေါင်းဆောင် ကိုယ်ရံတော်ဖြစ်လာ။ The Irrawaddy (၁၄ အောက်တိုဘာ ၂၀၂၅)။ ၂၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင် ကိုယ်ရံတော် ဗိုလ်မှူးကြီးစိန်မောင်လင်း အကြမ်းဖက်နှိမ်နင်းရေးတာဝန်ယူ။ The Irrawaddy (၇ အောက်တိုဘာ ၂၀၂၅)။ ၂၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အစိုးရသစ်ကို အာဏာလွှဲအပ် လိုက်ပြီ (၃၀ မတ် ၂၀၁၁)။ ၂၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ USDP ကိုယ်စားပြုပြီး ရွေးကောက် ပွဲ ဝင်မည့် တပ်မတော်ထိပ်တန်း အရာရှိ များစာရင်း (၁၂ ဩဂုတ် ၂၀၁၅)။ ၂၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်ရဲ့ စစ်ဘက်လက်ထောက်။ BBC (၁၃ ဖေဖော်ဝါရီ ၂၀၂၄)။ ၂၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးနဲ့ ဗိုလ်ချုပ် ၁၀ ဦးကို အနားပေး။ BBC (၁၃ စက်တင်ဘာ ၂၀၂၅)။ ၂၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်လူယုံ ဗိုလ်ချုပ်မိုးမြင့်ဆွေ လက်နက်ထုတ်လုပ်ရေး အရာရှိချုပ်ဖြစ်လာ (၂၃ စက်တင်ဘာ ၂၀၂၅)။ ၂၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။