မိုးမိုး |
---|
အမည်ရင်း | မိုးစည်သူကျော် |
---|
မွေးဖွား | (1983-05-08) ၈ မေ၊ ၁၉၈၃ (အသက် ၄၀)[၁] |
---|
ဂီတဟန် | Rock ၊ Pop ၊ Alternative |
---|
အလုပ်အကိုင် | အဆိုတော် |
---|
မိုးမိုး သည် မြန်မာအမျိုးသား အဆိုတော် တစ်ဦးဖြစ်သည်။၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို တက်ရောက်ပြီးစီးသည်။ အင်္ဂလိပ် မေဂျာ ဖြင့် ကျောင်းပြီးထားသည်။၂၀၀၁-၂၀၀၂ မှာ မြေပဲယိုအဖွဲ့မှာ စတင်ဝင်ရောက်ခဲ့ကာ Strawberry တီးဝိုင်းတွင် ဝင်ရောက်တီးဖြစ်ခဲ့သည်။တစ်တီတူး Band ဖွဲ့စည်းဖြစ်ခဲ့ပြီး မအောင်မြင်ခဲ့ပေ။ ၂၀၀၅ ဇန်နဝါရီလ တွင် “ကြယ်” အမည်ရှိ တစ်ကိုယ်တော် စီးရီးထွက်ရှိခဲ့ပြီး “တနင်္ဂနွေမိုးရေစက်များ” ကို ၂၀၀၈ ဖေဖော်ဝါရီတွင် ထွက်ခဲ့သည်။[၂]
ထွက်ရှိခဲ့သောတေးစီးရီးများ[ပြင်ဆင်ရန်]
တစ်ကိုယ်တော်တေးစီးရီး[ပြင်ဆင်ရန်]
- ကြယ် (၂၀၀၅)
- တနင်္ဂနွေမိုးရေစက်များ (၂၀၀၈)
- အတ္တကြီးနေသည် (၂၀၁၀)[၂]