မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း
| Mobile Legends BangBang Logo | |
|---|---|
| ဖန်တီးသူ | Moonton |
| ထုတ်ဝေသူ | Moonton |
| ပလက်ဖောင်း | iOS, အန်းဒရွိုက် |
| ဖြန့်ချီသည့်နေ့စွဲ | အန်းဒရွိုက်
|
| ဂိမ်းအမျိုးအစား | ကစားသူအများအပြားအွန်လိုင်းတိုက်ပွဲနယ်ပယ်မိုဘိုင်းဂိမ်း |
မိုဘိုင်းလက်ဂျန်း: ဘန်ဘန် (Mobile Legends: Bang Bang - MLBB) သည် ByteDance ကုမ္ပဏီ၏ လက်အောက်ခံဖြစ်သော Moonton မှ ဖန်တီးထုတ်လုပ်သည့် MOBA (Multiplayer Online Battle Arena) အမျိုးအစား မိုဘိုင်းဂိမ်းတစ်ခု ဖြစ်သည်။ ဤဂိမ်းကို ၂၀၁၆ ခုနှစ်တွင် စတင်ဖြန့်ချိခဲ့ပြီး အထူးသဖြင့် အရှေ့တောင်အာရှဒေသတွင် အလွန်လူကြိုက်များသည်။
ဂိမ်းကစားပုံမှာ အသင်းတစ်သင်းလျှင် ကစားသမား ၅ ဦးပါဝင်သော အသင်းနှစ်သင်း အချင်းချင်း အချိန်နှင့်တပြေးညီ ယှဉ်ပြိုင်တိုက်ခိုက်ရခြင်း ဖြစ်သည်။ ပွဲတစ်ပွဲမစတင်မီ ပြိုင်ဘက်အသင်းရှာဖွေခြင်းနှင့် မိမိကစားမည့် ဟီးရိုး (Hero) ရွေးချယ်ခြင်းတို့အတွက် စက္ကန့် ၂၀ မှ ၆၀ အထိ ကြာမြင့်တတ်ပြီး ပွဲတစ်ပွဲ၏ကြာချိန်မှာ ပျမ်းမျှအားဖြင့် ၁၀ မိနစ်မှ မိနစ် ၃၀ အထိ ရှိသည်။ ကစားသမားများသည် မိမိတို့အသင်း၏ လမ်းကြောင်းသုံးသွယ်မှတစ်ဆင့် ရန်သူ့နယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ လမ်းတစ်လျှောက်ရှိ ရန်သူ၏ခံတပ်မျှော်စင် (Turret) များကို ဖြိုဖျက်ပြီး အဓိကရည်မှန်းချက်ဖြစ်သည့် ရန်သူ၏ပင်မအခြေစိုက်စခန်း (Base) ကို အနိုင်တိုက်ခိုက်ရမည် ဖြစ်သည်။ အနိုင်အရှုံးကို ကစားသမားတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှု၊ အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုနှင့် ကစားပွဲအခြေအနေအလိုက် ချမှတ်သော ဗျူဟာများကသာ အဆုံးအဖြတ်ပေးပါသည်။
ဂိမ်း၏ အောင်မြင်မှုနှင့်အတူ Moonton ကုမ္ပဏီသည် eSports လောကထဲသို့ ဝင်ရောက်လာခဲ့သည်။ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးများအတွက် ခြေစစ်ပွဲများအဖြစ် ဒေသအလိုက် "Mobile Legends: Bang Bang Professional League (MPL)" အမည်ဖြင့် ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲများကိုလည်း ကျင်းပပေးခဲ့သည်။ ထို့အပြင် MLBB သည် ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် eSports ကဏ္ဍ၌ ပထမဆုံးအကြိမ် တရားဝင်ဆုတံဆိပ်ချီးမြှင့်သည့် အားကစားနည်း ၆ မျိုးတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ထပ်မံ၍ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၃ ဆီးဂိမ်းတွင်လည်း ဆုတံဆိပ်ချီးမြှင့်သည့် အားကစားနည်းအဖြစ် ပါဝင်ခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းတွင်လည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။
ဂိမ်းကစားပုံ
[ပြင်ဆင်ရန်]မိုဘိုင်းလက်ဂျန်း: ဘန်ဘန် (MLBB) သည် မိုဘိုင်းဖုန်းများအတွက် သီးသန့်ဖန်တီးထားသော အွန်လိုင်းတိုက်ပွဲကစားနည်း (MOBA) တစ်မျိုးဖြစ်သည်။ ပွဲတစ်ပွဲ၏ ကြာချိန်မှာ ပျမ်းမျှအားဖြင့် ၁၀ မိနစ်မှ မိနစ် ၂၀ ကျော်အထိ ကြာမြင့်နိုင်ပြီး၊ ကစားသမားများ၏ ကျွမ်းကျင်မှုနှင့် ကစားပုံဗျူဟာများပေါ်မူတည်၍ အချိန်အတိုးအလျော့ရှိနိုင်သည်။
ဂိမ်း၏ အဓိကရည်မှန်းချက်မှာ ပြိုင်ဘက်အသင်းနှစ်သင်းမှ တစ်ဖက်အသင်း၏ "Base" ဟုခေါ်သော ပင်မအခြေစိုက်စခန်းကို ဝင်ရောက်ဖြိုဖျက်ရန်နှင့် မိမိအသင်း၏ Base ကို ကာကွယ်ရန် ဖြစ်သည်။ Base နှစ်ခုကို အပေါ်လမ်း (Top Lane)၊ အလယ်လမ်း (Mid Lane) နှင့် အောက်လမ်း (Bottom Lane) ဟူ၍ လမ်းကြောင်းသုံးသွယ်ဖြင့် ချိတ်ဆက်ထားသည်။
အသင်းတစ်သင်းတွင် ကစားသမား ၅ ဦးစီ ပါဝင်ပြီး၊ ကစားသမားတစ်ဦးချင်းစီသည် "Hero" ဟုခေါ်သော အစွမ်းထက်ဇာတ်ကောင်တစ်ဦးကို ထိန်းချုပ်ကစားရသည်။ ကွန်ပျူတာမှ ထိန်းချုပ်ထားသော "Minions" များသည် မိမိတို့ Base မှ အလိုအလျောက်ထွက်လာကာ လမ်းကြောင်းများတစ်လျှောက် ချီတက်ပြီး ရန်သူ၏ "Turret" (ခံတပ်မျှော်စင်) များနှင့် Base ကို တိုက်ခိုက်ကြသည်။
ကစားသမားများသည် ရန်သူ Minions များ၊ တောထဲရှိ "Jungle Creeps" (တောတွင်းသတ္တဝါများ) နှင့် ပြိုင်ဘက် Hero များကို အနိုင်တိုက်ခိုက်ခြင်းဖြင့် "Gold" (ရွှေ) ကို စုဆောင်းရသည်။ ထိုသို့ရရှိလာသော Gold များကို အသုံးပြု၍ မိမိတို့၏ Hero များကို ပိုမိုစွမ်းအားကြီးမားလာစေရန် "Item" ဟုခေါ်သော ပစ္စည်းကိရိယာများ ဝယ်ယူတပ်ဆင်နိုင်ပါသည်။
ဂိမ်းကစားသည့်နည်းစနစ်များ
[ပြင်ဆင်ရန်]မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် ဂိမ်းကစားသည့်နည်းစနစ်များ (အင်္ဂလိပ်: Game Modes) အမျိုးမျိုးရှိသည်။ အဓိက ကစားသည့်နည်းစနစ်များမှာ
- Classic
- Ranked
- Brawl
- V.S AI
တို့ ဖြစ်ကြသည်။
Classic (ကလပ်စစ်) ကစားနည်းပုံစံ
[ပြင်ဆင်ရန်]Classic သည် Mobile Legends: Bang Bang ၏ အခြေခံအကျဆုံးနှင့် ပထမဆုံးသော ကစားနည်းပုံစံ ဖြစ်သည်။ ဤကစားနည်းတွင် အသင်းတစ်သင်းလျှင် ကစားသမား ၅ ဦးစီ ပါဝင်ယှဉ်ပြိုင်ရသည်။
ပွဲမစတင်မီ ကစားသမားများသည် အောက်ပါတို့ကို ရွေးချယ်ရသည်-
- မိမိကစားမည့်Hero (ဇာတ်ကောင်)
- အပိုစွမ်းရည်ဖြစ်သော Spell
- Hero ၏ အရည်အချင်းများကို မြှင့်တင်ပေးမည့် Emblem
- ကစားပွဲအတွင်း ဝယ်ယူအသုံးပြုမည့် Item (ပစ္စည်း) များအတွက် ကြိုတင်ပြင်ဆင်မှု (Build)
ကစားပွဲစတင်ချိန်တွင် အသင်းနှစ်သင်းလုံးမှ ကစားသမားများသည် မိမိတို့အသင်း၏ Base (ပင်မစခန်း) အတွင်းရှိ Altar နေရာမှ စတင်ထွက်ပေါ်လာကြသည်။ ကစားကွင်းမြေပုံတွင် အဓိကလမ်းကြောင်းသုံးသွယ် ပါဝင်ပြီး ၎င်းတို့မှာ Gold Lane၊ Mid Lane (အလယ်လမ်း) နှင့် Exp Lane တို့ဖြစ်သည်။
- Gold Lane (ရွှေလမ်း): ဤလမ်းသည် အခြားလမ်းများထက် Minion များထံမှ Gold ပိုမိုရရှိသောကြောင့် Item (ပစ္စည်း) အားကိုးရသည့် Marksman (သေနတ်သမား) Hero များအတွက် သင့်တော်သည်။
- Mid Lane (အလယ်လမ်း): အလယ်လမ်းသည် လမ်းကြောင်းများထဲတွင် အတိုဆုံးဖြစ်ပြီး Minion များကို အမြန်ဆုံးရှင်းလင်းနိုင်သောကြောင့် Mage (စုန်း) Hero များက နေရာယူလေ့ရှိသည်။ ၎င်းဖြင့် အခြားလမ်းများသို့ အချိန်မီသွားရောက်ကူညီနိုင်သည်။
- Exp Lane (အတွေ့အကြုံလမ်း): ဤလမ်းသည် Gold ထက် Experience (အတွေ့အကြုံအမှတ်) ပိုမိုရရှိစေသောကြောင့် Level အမြန်တက်ရန်လိုအပ်ပြီး ခံနိုင်ရည်ကောင်းသော Fighter (တိုက်ခိုက်ရေး) Hero များ ကစားလေ့ရှိသည်။
လမ်းကြောင်းများ၏ ကြားတွင် Jungle (တောနက်)နေရာများရှိပြီး ထိုနေရာများတွင် Creep ဟုခေါ်သော သတ္တဝါများ ရှိသည်။ ၎င်းတို့ကို သတ်ခြင်းဖြင့် Experience အမှတ်များစွာ ရရှိနိုင်သည်။ ထို့ကြောင့် အဆင့် (Level) နှင့် Skill အစွမ်းများအပေါ် မှီခိုရသည့် Assassin ကဲ့သို့ Hero တစ်ဦးက Jungle ကို အဓိကတာဝန်ယူ၍ ရှင်းလင်းလေ့ရှိသည်။ ဤသို့ Jungle တစ်ခုလုံးကို အဓိကတာဝန်ယူကစားသည့် ကစားသမားကို Hyper ဟု ခေါ်ဝေါ်ကြသည်။
Ranked (အဆင့်သတ်မှတ် ကစားနည်း)
[ပြင်ဆင်ရန်]Ranked Mode သည် Classic ကစားနည်းနှင့် ပုံစံတူညီသော်လည်း、 အဓိကထူးခြားချက်မှာ ကစားသမား၏ အဆင့် (Rank) တက်နိုင်ခြင်း ဖြစ်သည်။ Ranked Mode တွင် အဆင့်များကို အစဉ်လိုက်အားဖြင့် အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။ [၁]
- Warrior (III, II, I)
- Elite (III, II, I)
- Master (IV, III, II, I)
- Grandmaster (V, IV, III, II, I)
- Epic (V, IV, III, II, I)
- Legend (V, IV, III, II, I)
- Mythic
- Mythical Honor
- Mythical Glory
- Mythical Immortal
အဆင့်တက်ပုံစနစ်
[ပြင်ဆင်ရန်]Ranked ပွဲတစ်ပွဲ အနိုင်ရတိုင်း ကြယ်တစ်ပွင့် (Star) ရရှိပြီး၊ ရှုံးနိမ့်ပါက ကြယ်တစ်ပွင့် လျော့ကျသွားမည် ဖြစ်သည်။ သို့သော် "Star Protection Card" အသုံးပြုထားလျှင် သို့မဟုတ် "Star Protection Point" ပြည့်နေလျှင် ရှုံးနိမ့်သော်လည်း ကြယ်လျော့ကျခြင်းမှ ကာကွယ်ပေးပါသည်။[၁]
Mythic အောက် အဆင့်များ (Warrior မှ Legend အထိ): ဤအဆင့်များတွင် မိမိရောက်ရှိနေသော အဆင့်၏ ကြယ်အရေအတွက် အပြည့်ရရှိပြီးနောက် (ဥပမာ - ကြယ် ၅ ပွင့်) နောက်တစ်ပွဲ ဆက်တိုက်အနိုင်ရပါက နောက်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။[၁]
Mythic နှင့်အထက် အဆင့်များ: Mythic အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ အောက်ပါအတိုင်း ကြယ်အရေအတွက် စုဆောင်း၍ အဆင့်တက်ရသည်။[၁]
- Mythical Honor: ကြယ် ၂၅ ပွင့် ပြည့်လျှင် ရောက်ရှိသည်။
- Mythical Glory: ကြယ် ၅၀ ပွင့် ပြည့်လျှင် ရောက်ရှိသည်။
- Mythical Immortal: ကြယ် ၁၀၀ ပွင့် ပြည့်လျှင် ရောက်ရှိသည်။
တရားစွဲဆိုခံရမှု
[ပြင်ဆင်ရန်]ဇူလိုင် ၁၁၊ ၂၀၁၇ တွင် MOBA ကွန်ပျူတာဂိမ်း League of Legends ထုတ်လုပ်ဖြန့်ချိသူ Riot Games ကုမ္ပဏီက Mobile Legends: Bang Bang ထုတ်လုပ်ဖြန့်ချိသူ Shanghai Moonton Technology အား မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် ကယ်လီဖိုးနီးယား ဗဟိုတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ Moonton သည် ယခင်ဂိမ်းဖြစ်သော Mobile Legends: 5V5 MOBA ကို ဖယ်ရှားခဲ့ကာ ဂိမ်းလိုဂို အပြောင်းအလဲ အပါအဝင် ပြောင်းလဲမှုအချို့ ပြုလုပ်ပြီး Mobile Legends: Bang Bang အမည်ဖြင့် ပြန်လည်ဖြန့်ချိခဲ့သည်။[၂]
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 Mobile legend Bang Bang
- ↑ "Riot is suing a mobile game company for copyright infringement, and it's definitely not hard to see why" (in en-us)။ July 11, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 1 September 2017။