မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း

ဝီကီပီးဒီးယား မှ
(မိုဘိုင်းလီဂန်းစ်:ဘမ်းဘမ်း မှ ပြန်ညွှန်းထားသည်)
.
Mobile legends Bang Bang
Mobile Legends BangBang Logo
ဖန်တီးသူ Moonton
ထုတ်ဝေသူ Moonton
ပလက်ဖောင်း iOS, အန်းဒရွိုက်
ဖြန့်ချီသည့်နေ့စွဲ အန်းဒရွိုက်
  • WW ဇူလိုင် ၁၄၊ ၂၀၁၆
iOS
  • WW နိုဝင်ဘာ ၉၊ ၂၀၁၆
ဂိမ်းအမျိုးအစား Multiplayer online battle arena

မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း (အင်္ဂလိပ်: Mobile Legends: Bang Bang) သည် Moonton ကုမ္ပဏီမှ ထုတ်လုပ်သည့် လူအများဆော့ကစားနိုင်သော အွန်လိုင်းတိုက်ပွဲဂိမ်း (Multiplayer online battle arena (MOBA)) ဂိမ်းတစ်ခုဖြစ်သည်။ အဆိုပါဂိမ်းကို အန်းဒရွိုက်အတွက် ဇူလိုင်လ ၁၄ ရက် ၂၀၁၆ နှင့် iOS အတွက် နိုဝင်ဘာ ၉ ရက်၊ ၂၀၁၆ တွင် တစ်ကမ္ဘာလုံးအနေဖြင့် ဖြန့်ချိခဲ့သည်။

ဂိမ်းကစားပုံ[ပြင်ဆင်ရန်]

မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်းသည် မိုဘိုင်းလ်ဖုန်းများအတွက် ရေးဆွဲထားသည့် လူအများကစားနိုင်သော အွန်လိုင်းတိုက်ပွဲကစားနည်း တစ်မျိုးဖြစ်သည်။ ကြာချိန်မှာ ၁၀မိနစ် မှ မိနစ် ၂၀ ကျော်အထိကြာနိူင်သည်။ ထိုကြာချိန်သည် ကစားသူများ၏ စွမ်းရည် ကစားပုံအားမူတည်၍ အချိန် အမျိုးမျိုးပြောင်းလဲသည်။ ယှဉ်ပြိုင်ဖက် အသင်းနှစ်သင်းမှာ တစ်ဖက်အသင်းရှိ base ဟုခေါ်သော အဆောက်အဦးကို ဖြိုဖျက်ရန်နှင့် မိမိအဆောက်အဦးကို ကာကွယ်နိုင်ရန် တိုက်ခိုက်ကစားကြသည်။ ထိုအဆောက်အဦးကို အပေါ်လမ်း၊ အလယ်လမ်း နှင့် အောက်လမ်းဟူ၍ လမ်းသုံးလမ်းနှင့် ချိတ်ဆက်ထားသည်။ အသင်းတစ်သင်းစီတွင် ကစားသမားငါးယောက်စီပါဝင်ပြီး "hero" ဟုခေါ်သော ဇာတ်ကောင်တစ်ကောင်စီကို ထိန်းချုပ်ရသည်။ "minions" ဟုခေါ်သော ကွန်ပျူတာထိန်းချုပ်သည့် ဇာတ်ကောင်များသည် အသင်းbase မှ ပေါ်ထွက်လာပြီး လမ်းသုံးလမ်းရှိ အခြားအသင်းမှ base နှင့် "turret" ဟုခေါ်သော အဆောက်အဦးကို တိုက်ခိုက်ကြသည်။ Minion ဟုခေါ်သော အကောင်များကို သတ်ဖြတ်ခြင်း၊ Creeps ဟုခေါ်သော တောအတွင်းမှ သတ္တဝါများကို သတ်ဖြတ်ခြင်း၊ Seige Minion ဟုခေါ်သော သတ္တဝါအကြီးစားများကို သတ်ဖြတ်ခြင်း၊ တစ်ဖက်အသင်းမှ ကစားသမားများကိုသတ်ဖြတ်ခြင်း တို့မှ Gold ဟုခေါ်သည့် ဂိမ်းကစားပွဲအတွင်းအသုံးပြုနိုင်သော ငွေကြေးတစ်မျိုးရရှိသည်။ ၎င်း Gold ကိုအသုံးပြု၍ ကစားသမားများသည် Item ဟုခေါ်သည့် ၎င်းတို့၏ Hero ဇာတ်ကောင်များကို စွမ်းရည်မြှင့်တင်စေသော လက်နက်များကို ဝယ်ယူနိုင်သည်။

ဂိမ်းကစားသည့်နည်းစနစ်များ[ပြင်ဆင်ရန်]

မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် ဂိမ်းကစားသည့်နည်းစနစ်များ (အင်္ဂလိပ်: Game Modes) အမျိုးမျိုးရှိသည်။ အဓိက ကစားသည့်နည်းစနစ်များမှာ

  • Classic
  • Ranked
  • Brawl
  • V.S AI

တို့ ဖြစ်ကြသည်။

Classic[ပြင်ဆင်ရန်]

Classic (ကလက်စစ်) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် ဦးဆုံးမိတ်ဆက်ခဲ့သည့် ကစားသည့်နည်းစနစ်ဖြစ်သည်။ ၎င်းသည် ကစားပွဲတစ်ခုတွင် တစ်ဖက်အသင်းလျှင် ကစားသမား ၅ ဦးစီပါဝင်ပြီး မိမိဆော့ကစားမည့် Hero ဟုခေါ်သည့် ဂိမ်းဇာတ်ကောင်၊ မိမိအသုံးပြုမည့် Spell ဟုခေါ်သည့် အစွမ်း၊ မိမိအသုံးပြုမည့် Hero ၏ စွမ်းရည်ကိုအထောက်အကူပြုသော Emblem ဟုခေါ်သည့် အရည်အချင်းတို့ကို ရွေးချယ်ရသည်။ ထို့အပြင် ကစားပွဲတွင် မိမိအသုံးပြုမည့် Item ခေါ် လက်နက်များကိုလည်း ကြိုတင်ရွေးချယ်ထားနိုင်သည်။

ကစားပွဲစသောအခါ နှစ်ဖက်အသင်း ကစားသမားများသည် မိမိတို့၏ Base အနောက်ရှိ Altar ဟုခေါ်သောနေရာတွင် စတင်ထွက်ပေါ်လာကြသည်။ ကစားပွဲသည် လမ်းသုံးပါဝင်သည့် မြေပုံကိုအခြေခံထားပြီး အဆိုပါလမ်းသုံးလမ်းမှာ Gold Lane (အပေါ်လမ်း)၊ Mid Lane (အလယ်လမ်း)နှင့် Exp Lane (အောက်လမ်း)တို့ ဖြစ်ကြသည်။ မြေပုံအနေအထားအရ Gold Lane သည် Exp Lane ထက် လမ်းပိုတိုပြီး Mid Lane ထက် Minion များမှ Gold ပိုရရှိသဖြင့် ထိုလမ်းတွင် Item အပေါ်အားထားမှီခိုရသော Masksman များကို အသုံးပြုကြသည်။ Mid Lane သည် အတိုဆုံးလမ်းဖြစ်ပြီး Minion ရှင်းရသည်မှာ အမြန်ဆုံးဖြစ်၍ မိမိအသင်းဖော်များကို အမြန်သွားရောက်ကူညီနိုင်ရန် Mage များကို အသုံးပြုကြသည်။ Exp Lane တွင် Gold အပေါ် မှီခိုရန်မလိုအပ်သည့်အပြင် ခံနိုင်ရည်ကောင်းသည့် Fighter များကို အသုံးပြုလေ့ရှိကြသည်။ မြေပုံပေါ်တွင် Jungle ဟုခေါ်သည့် တောနက်များအတွင်း Creeps ဟုခေါ်သော သတ္တဝါများရှိသည်။ ၎င်းတို့ကိုသတ်လျှင် Experience ဟုခေါ်သော အဆင့်တိုးစေမည့် အမှတ်များရရှိသည်။ ထို့ကြောင့် Jungle ကို Level အဆင့်နှင့် Skill အစွမ်းများအပေါ်မှီခိုရသော Assassin ကဲ့သို့ Hero များအား သီးသန့်ရှင်းစေပြီး ထိုသို့ Jungle တစ်ခုလုံးကို တစ်ကောင်တည်းပုံအပ်ခံထားရသော ကစားသမားကို Hyper ဟုခေါ်ကြသည်။

Ranked[ပြင်ဆင်ရန်]

Ranked (ရန့်ခ်) သည် Classic နှင့်ကစားပုံတူညီသော်လည်း ထူးခြားချက်မှာ အဆင့်တစ်ဆင့်မှ တစ်ဆက်သို့တက်နိုင်ခြင်းဖြစ်သည်။ Ranked Modeအဆင့်များမှာ Warrior (III, II, I), Elite (III, II, I), Master (IV, III, II, I), Grandmaster (V, IV, III, II, I), Epic (V, IV, III, II, I), Legend (V, IV, III, II I), Mythic, Mythical Honor, Mythical Glory, Mythical Immortal တို့ဖြစ်ကြပြီး အဆင့်တစ်ခုမှ တစ်ခုသို့ Ranked ပွဲများဆော့ခြင်းဖြင့်တိုးသည်။ Rankedပွဲ တစ်ပွဲနိုင်လျှင် ကြယ် ၁ပွင့်ရပြီး တစ်ပွဲရှုံးလျှင် ကြယ်၁ပွင့် ဆုံးမည်ဖြစ်သည်။ သို့သော် Star Protection Card သို့မဟုတ် Star Protection Point ပြည့်လျှင် ရှုံးသော်လည်း ကြယ်မဆုံးပါ။ Mythic အောက် အဆင့်များတွင် ကြယ်၅လုံးရပြီး နောက်တစ်ပွဲနိုင်ပါက အဆင့်တစ်ဆင့်တက်သည်။ Mythic အထက်တွင် ကြယ် ၂၅ လုံးရလျှင် Mythical Honor သို့လည်းကောင်း၊ ကြယ် ၅၀ လုံးရလျှင် Mythical Glory သို့လည်းကောင်း၊ ကြယ် ၁၀၀လုံးရရှိလျှင် Mythical Immortal သို့လည်းကောင်းရရှိသည်။ သို့သော် Rankedပွဲများဆက်တိုက်နိုင်နေပါက အဆင့်တစ်ဆင့်တက်ရန် တစ်ပွဲနိုင်ရန်သာလို့‌တော့အခါ Moonton ကုမ္ပဏီမှ သင့်အား ညံ့သောအသင်းဖော်များနှင့်ထ တွဲပေးကာရှုံးအောင် လုပ်ဆောင်တတ်သည့်ဖြစ်ရပ်များရှိတတ်သည်။ ထို့ကြောင့် Ranked Mode ကို သတိထားဆော့သင့်သည်။

အရည်အချင်းအဆင့်များ[ပြင်ဆင်ရန်]

မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် Ranked ကစားပွဲတစ်ပွဲကိုအနိုင်ရလျှင် Star ဟုခေါ်သည့် ကြယ်တစ်လုံးရရှိသည်။ ကြယ်များသည် ကစားသူများ၏ အရည်အချင်းအဆင့်များကို တိုးစေသည်။ မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် Rank ဟုခေါ်သည့် အရည်အချင်းသတ်မှတ်သော အဆင့် ၇ ဆင့်ရှိပြီး အောက်ပါအတိုင်းဖြစ်သည်-

  • Warrior
  • Elite
  • Master
  • Grandmaster
  • Epic
  • Legend
  • Mythic
    • Mythic Placement
    • Mythic
    • Mythical Honor
    • Mythical Glory
    • Mythical Immortal

Warrior[ပြင်ဆင်ရန်]

Warrior (ဝါရီယာ) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် အနိမ့်ဆုံး အရည်အချင်းအဆင့်ဖြစ်သည်။ မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း ဆော့ကစားသူအားလုံးသည် Warrior အဆင့်မှ စတင်ကစားရသည်။ Warrior အဆင့်တွင် I , II , III ဟူ၍ အတန်း ၃ တန်းရှိပြီး ကြယ်သုံးလုံးလျှင် အတန်းတစ်တန်းတိုးမြှင့်ခံရသည်။ Warrior အဆင့်၏ တံဆိပ်သည် ကြေးညိုရောင် ကြက်ဖခေါင်းပုံ ဖြစ်သည်။

Elite[ပြင်ဆင်ရန်]

Elite (အယ်လိထ်) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် ဒုတိယအနိမ့်ဆုံး အရည်အချင်းအဆင့်ဖြစ်သည်။ Warrior အဆင့်၏ အတန်းအားလုံးတွင် ကြယ်အားလုံးပြည့်သွားလျှင် Elite အဆင့်သို့ တိုးမြှင့်ခံရသည်။ Elite အဆင့်တွင် I , II , III ဟူ၍ အတန်း ၃ တန်းရှိပြီး အတန်းတစ်တန်းတိုးမြှင့်ရန် ကြယ်လေးလုံးလိုအပ်သည်။ Elite အဆင့်၏ တံဆိပ်သည် ငွေရောင် ဆိတ်ခေါင်းပုံ ဖြစ်သည်။

Master[ပြင်ဆင်ရန်]

Master (မာစတာ) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် တတိယအနိမ့်ဆုံး အရည်အချင်းအဆင့်ဖြစ်ပြီး ကစားသည့်နည်းစနစ်အသစ်များကို စတင်ကစားနိုင်သော အဆင့်ဖြစ်သည်။ Master အဆင့်ရောက်ရှိပါက အခွင့်အလမ်း(Event)များတွင် ပါဝင်နိုင်သည်။ Elite အဆင့်၏ အတန်းအားလုံးတွင် ကြယ်အားလုံးပြည့်သွားလျှင် Master အဆင့်သို့ တိုးမြှင့်ခံရသည်။ Master အဆင့်သည် ရာသီကုန်လျှင် အဆင့်ကျနိုင်သည့် အနိမ့်ဆုံးအဆင့်လည်း ဖြစ်သည်။ Master အဆင့်တွင် I , II , III , IV ဟူ၍ အတန်း ၄ တန်းရှိပြီး အတန်းတစ်တန်းတိုးမြှင့်ရန် ကြယ်လေးလုံးလိုအပ်သည်။ Master အဆင့်၏ တံဆိပ်သည် ကြေးဝါရောင် ဝက်ဝံခေါင်းပုံ ဖြစ်သည်။

Grandmaster[ပြင်ဆင်ရန်]

Grandmaster (ဂရန်းမာစတာ) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် စတုတ္ထမြောက်အရည်အချင်းအဆင့်ဖြစ်ပြီး ထိုအဆင့်၌ ကစားသမားများသည် စတင်ကောင်းမွန်စွာ ဆော့ကစားလာကြသည်။ Master အဆင့်၏ အတန်းအားလုံးတွင် ကြယ်များပြည့်သွားပါက Grandmaster အဆင့်သို့ တိုးမြှင့်ခံရသည်။ Grandmaster အဆင့်တွင် I , II , III , IV , V ဟူ၍ အတန်း ၅ တန်းရှိပြီး အတန်းတစ်တန်းတိုးမြှင့်ရန် ကြယ် ၅ လုံးလိုအပ်သည်။ Grandmaster အဆင့်၏ တံဆိပ်သည် ပလက်တီနမ်ရောင် ဝံပုလွေခေါင်းပုံ ဖြစ်သည်။

Epic[ပြင်ဆင်ရန်]

Epic (အပ်ပစ်) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် ပဉ္စမမြောက်အရည်အချင်းအဆင့်ဖြစ်သည်။ Epic အဆင့်သို့ ရောက်ရှိသူများသည် Draft Pick ဟုခေါ်သည့် Hero ဇာတ်ကောင်များကို တစ်ဖက်အသင်းနှင့် တူညီအောင်မရွေးချယ်နိုင်သော ကစားနည်းဖြင့် ကစားကြရသည်။ Epic အဆင့်သည် ကစားပွဲများ စတင်ပြင်းထန်လာသော အဆင့်လည်းဖြစ်သည်။ စတင်ပြင်းထန်လာသည်ဆိုသော်လည်း Epic အဆင့်‌တွင်တွေ့ရမည့်သူ တော်တော်များများမှာ "ဆေး"ဟုခေါ်သည့် Trollသည့် သူများ၊ ‌ပိုင်ပိုင်နိုင်နိုင်ဆော့မတတ်သည့်သူများကို စတင်တွေ့လာရမည်ဖြစ်သည်။ Grandmaster အဆင့်၏ အတန်းအားလုံး၌ ကြယ်အားလုံးပြည့်ပါက Epic အဆင့်သို့ တိုးမြှင့်ခံရသည်။ Epic အဆင့်တွင် I , II , III , IV , V ဟူ၍ အတန်း ၅ တန်းရှိပြီး အတန်းတစ်တန်းတိုးမြှင့်ရန် ကြယ် ၅ လုံးလိုအပ်သည်။ Epic အဆင့်၏ တံဆိပ်သည် ကျောက်စိမ်းရောင် ကြံ့ခေါင်းပုံ ဖြစ်သည်။

Legend[ပြင်ဆင်ရန်]

Legend (လက်ဂျန့်) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် ဆဌမမြောက်အရည်အချင်းအဆင့်ဖြစ်သည်။ Legend အဆင့်ရှိသော ကစားသမားများသည် ဂိမ်းအပေါ် ဗဟုသုတကြွယ်ဝကြပြီး ကစားရာတွင် ကျွမ်းကျင်ပါးနပ်ကြသည်။ သို့သော် လူတိုင်းအားမဆိုလိုပါ။ ဒုတိယအမြင့်ဆုံးအဆင့်ဆိုသော်လည်း Epic အဆင့်တွင်တွေ့လာခဲ့ရသည့် ဆေးများနှင့် လွတ်မြောက်နိုင်အုံးမည်မဟုတ်ပါ။ Epic အဆင့်နှင့် Legend အဆင့်တို့၌ အသင်းတစ်သင်းတည်းတွင် Role တူသည့် Hero ၄ ကောင်ရွေးချယ်ခဲ့ကြလျှင် ထိုကစားပွဲကို ဖျက်သိမ်းရန် ထိုအသင်း၏ ကစားသမားများက ရွေးချယ်ဆုံးဖြတ်နိုင်သည်။ သို့ရာတွင် ကြိမ်ဖန်များစွာ ကစားပွဲဖျက်သိမ်းခြင်းက ထိုသူတို့၏ ဂိမ်းအကောင့်အပေါ် အရေးယူမှုများ ဖြစ်စေနိုင်သည်။ Epic အဆင့်၏ အတန်းအားလုံးတွင် ကြယ်အားလုံးပြည့်သွားမှသာ Legend အဆင့်သို့ တိုးမြှင့်ခံရသည်။ Legend အဆင့်တွင် I , II , III , IV , V ဟူ၍ အတန်း ၅ တန်းရှိပြီး အတန်းတစ်တန်းတိုးမြှင့်ရန် ကြယ် ၅ လုံးလိုအပ်သည်။ Legend အဆင့်၏ တံဆိပ်မှာ ရွှေရောင် ခြင်္သေ့ခေါင်းပုံ ဖြစ်သည်။

Mythic[ပြင်ဆင်ရန်]

Mythic (မစ်သစ်) သည် မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း တွင် အမြင့်ဆုံးအရည်အချင်းအဆင့်ဖြစ်သည်။ Mythic အဆင့်သို့ အလွန်ကျွမ်းကျင်သော ကစားသမားများသာ ရောက်ရှိနိုင်ပြီး ထိုအဆင့်တွင် ကစားပွဲများ အလွန်ခက်ခဲလှ၏။ Rankများထဲတွင် အမြင့်ဆုံးဖြစ်၍သကဲ့သို့ အခြားတစ်ဖက်တွင်လည်း Mythic အဆင့်တွင် ဆေးဟုခေါ်သော သူများသည် ပို၍ပေါလာ၍ လည်းဖြစ်သည်။ ထိုဆေးများသည် အရည်အချင်းပြည့်ပြည့်ဝဝမရှိ‌‌သေး‌သော်လည်း Mythicအဆင့်သို့ ကံကောင်း၍‌ ရောက်ရှိလာသူများဖြစ်သဖြင့် သင့်အား ‌အ‌နောက်အယှက်များစွာဖြစ်‌စေလိမ့်မည်။ Mythic အဆင့်၌ ကစားပွဲရှာဖွေသောအခါ မိမိအတူခေါ်ဆော့သည့် Party ကစားသမားများမှအပ မည်သည့်ကစားသမား၏ ဓာတ်ပုံကိုမျှ မမြင်ရတော့ပေ။ Mythic အဆင့်တွင် ကစားပွဲတစ်ပွဲ၌ အများဆုံးကြယ်တစ်လုံးသာ ရနိုင်ပြီး ကစားပွဲအတည်ပြုပြီးလျှင် ထိုကစားပွဲကိုရှောင်ရန် ကစားသမားတစ်ဦး AFK ဖြစ်သွားသည်မှတစ်ပါး မည်သည့်နည်းလမ်းမျှမရှိပေ။ Mythic အဆင့်သို့ရောက်သာအခါ မြေပုံသည် Mythic ကစားပွဲအတွက် ပြင်ဆင်ထားသည့် မြေပုံပေါ်၌ ဆော့ကစားရသည်။ Legend အဆင့်၏ အတန်းအားလုံး၌ ကြယ်အားလုံးပြည့်သွားလျှင် Mythic အဆင့်သို့တိုးမြှင့်ခံရသည်။ Mythic အဆင့်တွင်မူ စစတိုးမြှင့်ခံရစဉ်တွင် Placement ဟုခေါ်သည့် အရည်အချင်းအကဲဖြတ်သော ကစားပွဲဆယ်ပွဲကို ကစားကြရသည်။ ထိုဆယ်ပွဲကစားစဉ်တွင် ကြယ်တစ်လုံးမျှမရှိသေးဘဲ တစ်ပွဲနိုင်လျှင် ကြယ် ၂ လုံးရရှိသည်။ ထိုဆယ်ပွဲပြည့်မြောက်အောင် ကစားပြီးမှသာ မိမိ၏ အနိုင်၊ အရှုံးအခြေအနေအတိုင်း ကြယ်အရေအတွက်ကို သတ်မှတ်ပေးသည်။ Mythic အဆင့်တွင် ကြယ်အရေအတွက် အကန့်အသတ်မရှိဘဲ သတ်မှတ်ထားသော ကြယ်အရေအတွက်သို့ ရောက်ရှိသည့်အခါ အောက်ပါအတိုင်း အရည်အချင်းအဆင့်ပုံစံ ပြောင်းလဲသွားသည်-

  • ကြယ် ၂၄ လုံးအထိ = Mythic (Mythic အဆင့်၏ ရိုးရိုးပုံစံသာဖြစ်သည်။ တံဆိပ်မှာ ရွှေနှင့်သလင်းကျောက်ခရမ်းရောင်စပ်ထားသော နဂါးခေါင်းပုံ ဖြစ်သည်)
  • ကြယ် ၂၅ လုံးမှ ၄၉ လုံးအထိ = Mythical Honor (မစ်သစ်ကယ်ဟော်နာ သည် Mythic အဆင့်၏ ဒုတိယမြောက်ပုံစံဖြစ်သည်။ တံဆိပ်မှာ အပြာရောင်ဒိုင်းပေါ်တွင် ရွှေနှင့်နီလာစပ်ထားသော မျက်လုံးမှအခိုးအပြာရောင်ထွက်နေသည့် နဂါးခေါင်းပုံ ဖြစ်သည်)
  • ကြယ် ၅၀ လုံးမှ ၉၉ လုံးအထိ = Mythical Glory (မစ်သစ်ကယ်ဂလိုရီ သည် Mythic အဆင့်၏ တတိယမြောက်ပုံစံဖြစ်သည်။ တံဆိပ်မှာ ပန်းရောင်ဒိုင်းပေါ်တွင် ရွှေနှင့်ပတ္တမြားစပ်ထားသော နဂါးခေါင်းပုံ ဖြစ်သည်)
  • ကြယ် ၁၀၀ လုံးနှင့်အထက် = Mythical Immortal (မစ်သစ်ကယ်အင်မော်တယ် သည် Mythic အဆင့်၏ အမြင့်ဆုံးပုံစံဖြစ်သည်။ တံဆိပ်မှာ လိမ္မော်ရောင်ဒိုင်းပေါ်တွင် ရွှေနှင့်ရတနာအစုံစပ်ထားသော နဂါးခေါင်းပုံ ဖြစ်သည်)

တရားစွဲဆိုခံရမှု[ပြင်ဆင်ရန်]

ဇူလိုင် ၁၁၊ ၂၀၁၇ တွင် MOBA ကွန်ပျူတာဂိမ်း League of Legends ထုတ်လုပ်ဖြန့်ချိသူ Riot Games ကုမ္ပဏီက Mobile Legends: Bang Bang ထုတ်လုပ်ဖြန့်ချိသူ Shanghai Moonton Technology အား မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် ကယ်လီဖိုးနီးယား ဗဟိုတရားရုံးတွင် တရားစွဲဆိုခဲ့သည်။ Moonton သည် ယခင်ဂိမ်းဖြစ်သော Mobile Legends: 5V5 MOBA ကို ဖယ်ရှားခဲ့ကာ ဂိမ်းလိုဂို အပြောင်းအလဲ အပါအဝင် ပြောင်းလဲမှုအချို့ ပြုလုပ်ပြီး Mobile Legends: Bang Bang အမည်ဖြင့် ပြန်လည်ဖြန့်ချိခဲ့သည်။[၁]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

တရားဝင် ဝက်ဘ်ဆိုဒ်

ကိုးကား[ပြင်ဆင်ရန်]

  1. "Riot is suing a mobile game company for copyright infringement, and it's definitely not hard to see why" (in en-us)။ July 11, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 1 September 2017။