မိုနာလီဆာ

ဝီကီပီးဒီးယား မှ
မိုနာလီဆာ
Italian: La Gioconda, French: La Joconde
See adjacent text.
အနုပညာရှင်လီယိုနာဒို ဒါဗင်ချီ
ခုနစ်(ခန့်မှန်း) ၁၅၀၃-၀၆ မှ (ခန့်မှန်း) ၁၅၁၇ ကြား
ပါဝင်ပစ္စည်းပေါ်ပလာစပေါ်ရေးသည့် ဆီဆေး
အကြောင်းရာလီဆာ ဂါရာဒီနီ (Lisa Gherardini)
ဒိုင်မင်းရှင်း77 cm × 53 cm (၃၀ လက်မ × ၂၁ လက်မ)
တည်နေရာလူဗာ, ပါရီ

မိုနာလီဆာ (အီတလီ: Monna Lisa) သည် အီတလီလူမျိုး စွယ်စုံပညာရှင် လီယိုနာဒိုဒါဗင်ချီ ရေးဆွဲသည့် ကိုယ်တစ်ပိုင်းပုံ ဖြစ်သည်။ ကမ္ဘာပေါ်၌ တန်ဖိုးအကြီးဆုံး ပန်းချီကားအဖြစ် သတ်မှတ်ခံရပြီး ၁၉၆၂ ခုတွင် ထားသော အာမခံငွေ ဒေါ်လာ သန်း (၁၀၀) ကြောင့် ဂင်းနစ်စံချိန်လည်း ဝင်ခဲ့သည်။ ၁၅၀၃-၀၆ ခုအတွင်း စဆွဲကြောင်း ယုံကြည်ကြသော်လည်း အပြီးသတ်သည့်အချိန်မှာ ၁၅၁၇ မှသာ ဖြစ်သည်။ ပြင်သစ်ဘုရင် ဖရန်စစ် (၁) က ပိုင်ဆိုင်ခဲ့ပြီး ၁၇၉၇ ခုမှစ၍ နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်ကာ ပါရီမြို့ရှိ လူဗာ (Louvre) ပြတိုက်တွင် ချိတ်ဆွဲထားသည်။

လီယိုနာဒိုသည် ပထမဦးစွာ ပန်းချီဆရာလည်းဖြစ်ခဲ့ပြီး၊ အောင်မြင်ကျော်ကြားသူလည်း ဖြစ်ခဲ့သည်။ သူ၏ပန်းချီကားများထဲမှ နှစ်ကား ဖြစ်သည့် ၊ မိုနာလီဆာ နှင့် နောက်ဆုံးညစာ တို့သည် အထင်ရှားအကျော်ကြားဆုံး နှင့် အချိန်တိုင်းလိုပင် ပုံတူဟာသ ရေးဆွဲခံရခြင်း၌အများဆုံး နှင့် ပုံတူဘာသာရေး ပန်းချီကားအဖြစ် အများဆုံး ပြန်လည်ထုတ်လုပ်ပေးရသည်။