မိုင်းသောက်ခံတပ်

ဝီကီပီးဒီးယား မှ

မိုင်းသောက်ခံတပ် သည် မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တည်ရှိသည်။ ဗြိတိသျှတို့ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ထားရှိသည့် ဖို့ဆက်ဒမင် (Fort Stedmab) ခေါ် ခံတပ်တစ်ခုဖြစ်သည်။ အုပ်ချုပ်ရေးလွယ်ကူမှုအတွက်ဖြစ်စေ၊ စစ်ရေးနှင့်လုံခြုံမှု အတွက် ထိန်းချုပ်ရန် လွယ်ကူသည့်နေရာ၌ဖြစ်စေ ၎င်းတို့အုပ်ချုပ်ပြီးစအချိန်က ခံတပ်များကို အနှံ့ထားရှိ အုပ်ချုပ်ကြသည်။

ဝေးလံသီခေါင်သည့် မြန်မာနိုင်ငံမြောက်ဖျား ပူတာအိုတို့လို ဒေသ၊ နယ်ခြားဒေသတို့၌ ပင်လျှင် ခံတပ်များထားတတ်သည်။ မန္တလေးမြို့တော် နန်းမြို့ရိုးအတွင်း၌ပင်လျှင် ဖို့ဒက်ဖလင် ခံတပ်ထားရှိပြီး တောင်ငူမြို့ဟောင်း အရှေ့တောင်ထောင့်တွင်လည်း လက်နက်ခဲယမ်းမီးကျောက်တိုက်အဖြစ် ခံတပ်ကလေးတစ်ခု ပြုလုပ်ထားရှိဖူးလေသည်။ အများအားဖြင့် မြို့ရိုးဟောင်းအတွင်း ၎င်းတို့အတွက် အသုံးပြုရန်သင့်တော်သည့်နေရာတို့အတွက် အသုံးပြုရန် သင့်တော်သည့်နေရာများကို ရွေး၍ အသုံးပြုတတ်လေသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနယ်တွင် မိုင်းသောက်ကို ဖို့ဆက်ဒမင်အမည်ဖြင့် ခံတပ်တစ်ခုထားရှိအသုံးပြုခဲ့ခြင်း ဖြစ်ချေသည်။ သို့သော်လည်း မိုင်းသောက်၌ နှစ်လကြာရှည် စွာ ထားရှိခြင်းကားမဟုတ်။ နောင်တွင် မိုင်းသောက်မြို့ဟောင်းမှ ၎င်းတို့၏ခံတပ်ကို ရွှေ့ပြောင်းသွားလေသည်။ မိုင်းသောက်မြို့ဟောင်းအတွင်း အနောက်မြောက် ထောင့်တွင် တည်ရှိနေသည်။ သစ်ပင်ဝိုင်းမှာ ၎င်းတို့စိုက်ခဲ့သည့် လက်ရာပေလောဟု တွေးထင်မိပါသည်။ စော်ဘွားများ ယခုလက်ရှိ ညောင်ရွှေမြို့ကိုတည်၍ စိုးစံခြင်းမပြုမီ မိုင်းသောက်မြို့ကို တည်၍ စိုးစံကြသည်ဟု ဆိုလေသည်။ မိုင်းသောက်ကား ယခုအခါ မြို့ရိုးတံတိုင်းဖြင့် ကျန်ရှိနေသေးသည့် မြို့ဟောင်းအရာဟောင်းတစ်ခုပေတည်း။

ကိုးကား[ပြင်ဆင်ရန်]