မိုင်းနင်းရှင်မ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မိုင်းနင်းရှင်မ သည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗန်းမော်စော်ဘွား စပ်ပုန်းထံသို့ မိုးမိတ်စော်ဘွား သိုင်းစော်ဘွားသည် သမီးကညာ လာရောက်တောင်းရမ်း၏။ ထိုအခါ ဗန်းမော်စော်ဘွားသည် ပေးပါမည်ဆိုကာ မိုးမိတ်မှ လာရောက်ကြိုဆိုကြသူများအား သူ၏ မြင်သူငေးရလောက်သည့် သမီး “နန်းလှဖြူ” ကို ပြသ၏. ထို့နောက်တွင် လုံခြုံသော ပေါင်းချုပ်များ ပြုလုပ်၏။ ထို့နောက်တွင် ပေါင်းချုပ်ထဲ၌ ဗန်းမော်စော်ဘွားကြီး စောလွန်းဖ၏ သမီးဖြစ်သူ အသက် ၆၀ အရွယ်ရှိ “နန်းမြပုံ” ကို ထည့်ပေးလိုက်လေသည်။

ဗန်းမော်တို့၏ ထုံးစံအရ လမ်းခရီးတွင် ပေါင်းချုပ်ကို မည်သမျှ ဖွင့်၍ ကြည့်ခွင့်မရှိပေ။ ဟော်အတွင်းဆောင်သို့ အရောက်ပို့ဆက်ရမည်ဟု ပရိယာယ်ပြုကာ မှာကြားလိုက်သည်။

သို့သော် မိုးမိတ်သို့ မရောက်မီ နှစ်စခန်းခန့်အကွာတွင် မိုးမိတ်ဘက်မှ ပညာရှိအမတ်တစ်ယောက်သည် မိုးမိတ၏ ထုံးတမ်းအစဉ်အလာအရ တစ်မြို့တစ်နယ်မှ သမီးကညာသည် ရောက်ရှိလာပါက မြို့မဝင်မီ သတို့သမီးသည် ပရိသတ်ရှေ့ ဆယ်လံအကွာမှာ ရပ်ပြီး နတ်ပူဇော်ပသရသည့် ထုံးစံရှိပါသည်ဟု ပြောဆိုသည်။ ထိုအခါ နန်းမြပုံသည်လည်း မနေသာတော့ဘဲ ပေါင်းချုပ်အတွင်းမှ ထွက်လာရကာ နတ်ပူဇော်ကြရလေသည်။ ထိုအခါမှ အသက် ၆၀အရွယ် အိုမင်းနေသည့် အမျိုးသမီးကို မြင်ကြရလေသည်။ ထိုအခါ လူအများသည်လည်း စိတ်အကြီးအကျယ်ပျက်ကြရလေသည်။

ထိုမျှသာမကပဲ အစားအစာဟင်းလျာများပင် အရသာ ပျက်ကုန်လေတော့သည်။ ကြက်သားဟင်းပင် အရသာမရှိတော့သည့်အတွက် ထိုစခန်းကို “နေ့ကိုင်စန်” ဟု ခေါ်ကြသည်။ (နေ့ = အသား၊ ကိုင် = ကြက်၊ စန် = ပေါ့သည်၊ ကြက်သားဟင်းအရသာမရှိသောစခန်း ဟု အဓိပ္ပါယ်ရသည်။)[၁]

နတ်ဖြစ်ခြင်း[ပြင်ဆင်ရန်]

နန်းမြပုံကို မိုးမိတ်စော်ဘွားသည် နှစ်သက်ခြင်း မရှိသဖြင့် မြို့တွင်းသို့ မသွင်းဘဲ ပန်းဟိုင်တောင်ခြေတွင် နန်းပြာသာဒ်နှင့် ထားလေသည်။ နန်းမြပုံသည် ကွယ်လွန်၍ နတ်ဖြစ်ခဲ့သည်။ ရှမ်းဘာသာဖြင့် “မိင်းလင်” ရှင်မ ဟု ခေါ်သည်။ အဓိပ္ပါမှာ မိင်း = မြို့၊ လင် = လိမ်လည်လှည့်စားသည်၊ မြို့ကို ပရိယာယ်ဖြင့် လှည့်စားသည့် အရှင်မ ဖြစ်သည်။ ယခုအချိန်တွင်မူ နန်ကိုင်စန် ဟု ခေါ်ကြသည်။[၁]

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

မိုင်းနင်းရှင်မကို တင်မြှောက်ပသပါက ဖရဲအူကျောက်များ မျာစွာရကြသည်ဟု ကျောက်တူးသမားများက ယုံကြည်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်). မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း. အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ, ၂၀၈၊ ၂၀၉။