မာတိကာသို့ ခုန်သွားရန်

မိုက်ကယ်အောင်သွင်

ဝီကီပီးဒီးယား မှ
မိုက်ကယ်အောင်သွင်
မွေးဖွား1946 (1946)
ရန်ကုန်မြို့
ကွယ်လွန်၁၄ ဩဂုတ် ၂၀၂၁ (အသက် ၇၄)
ဟာဝိုင်ယီ၊ အမေရိကန်ပြည်ထောင်စု
အလုပ်အကိုင်သမိုင်းပညာရှင်
ဘွဲ့အာရှသမိုင်း ဂုဏ်ထူးဆောင်ပါမောက္ခ
အိမ်ထောင်ဖက်(များ)မာရီယာ အောင်သွင်
သားသမီးမေထရီ၊ အာမီတာ
ပညာရေး နောက်ခံ
မိခင်ကျောင်းDoane College
University of Illinois Urbana-Champaign
မီချီဂန်တက္ကသိုလ်
ပညာရေး လုပ်ဆောင်ချက်များ
Disciplineအရှေ့တောင်အာရှ သမိုင်း
Institutionsမနိုအာ ဟာဝိုင်ယီ တက္ကသိုလ်

မိုက်ကယ် အာသာ အောင်သွင် (၁၉၄၆ – ၁၄ ဩဂုတ် ၂၀၂၁) သည် မြန်မာ-အမေရိကန်လူမျိုး၊ သမိုင်းပညာရှင်နှင့် မနိုအာ ဟာဝိုင်ယီ တက္ကသိုလ်၏ အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ သမိုင်း အထူးပြု ဂုဏ်ထူးဆောင်ပါမောက္ခ တစ်ဦး ဖြစ်သည်။[]

အစောပိုင်းဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ဦးမိုးဇက်အောင်သွင်နှင့် ဒေါ်မာဂရက်ဟုပ်အောင်သွင်တို့မှ မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူမှာ အင်္ဂလိပ်ဗမာ၊ ကရင် နှင့် ရခိုင်စပ်တစ်ဦးဖြစ်ပြီး ဖူးလ်ဘရိုက်ပညာသင်ဆုရနှင့် ကထိက တစ်ဦးဖြစ်သည်။[][] ရန်ကုန်မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး မိခင်စာသင်ပြရာ တောင်အိန္ဒိယရှိ ကိုဒိုင်းကနယ် နိုင်ငံတကာကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။[] ၁၉၆၉ ခုနှစ်တွင် ဒုံးကောလိပ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ကာ ၁၉၇၁ ခုနှစ်တွင် အီလီနွိုက်အာဘာနာတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မီချီဂန်တက္ကသိုလ်မှ သမိုင်းပါရဂူဘွဲ့ ရရှိခဲ့သည်။[]

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဟာဝိုင်ယီရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။[]

ရေးသားခဲ့သည်များ

[ပြင်ဆင်ရန်]
  • Pagan: The Origins of Modern Burma (၁၉၈၅)
  • Myth & history in the historiography of early Burma (၁၉၉၈)
  • The Mists of Ramanna: The Legend that was Lower Burma (၂၀၀၅)[]
  • A History of Myanmar Since Ancient Times: Traditions and Transformations (၂၀၁၃)[]
  • Myanmar in the Fifteenth Century: A Tale of Two Kingdoms (၂၀၁၇)

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

မာရီယာနှင့် လက်ထပ်ခဲ့ပြီး မေထရီနှင့် အာမီတာ ဟူသော ကလေးနှစ်ဦး ထွန်းကားခဲ့သည်။[] မေထရီအောင်သွင်မှာ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ တွဲဖက်သမိုင်းပါမောက္ခဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 In Memoriam (in en-US)။ 8 December 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-19 တွင် ပြန်စစ်ပြီး။
  2. Margaret Aung-Thwin (2011)။
  3. Paid Notice: Deaths AUNG, THWIN, MARGARET HOPE (in en) (April 17, 2011)။ 2022-08-19 တွင် ပြန်စစ်ပြီး။
  4. Admin (August 30, 2021)။ Remembering Michael Aung-Thwin, 1946–2021 (in en-US)။ 8 December 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-19 တွင် ပြန်စစ်ပြီး။
  5. 1 2 Michael Aung-Thwin 2022-08-19 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. MAITRII V. AUNG-THWIN – FASS Staff Profile 15 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-08-19 တွင် ပြန်စစ်ပြီး။