မိရိသဝေဋိယဝိဟာရ
ကိုဩဒိနိတ်: 8°20′42″N 80°23′20″E / 8.34500°N 80.38889°E


မိရိဆဝေတိယစေတီတော် (မိရိသဝေဋိယဝိဟာရ) သည် သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမြို့တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁] ၎င်းသည် အမှတ်တရအဆောက်အဦတစ်ခုလည်း ဖြစ်သည်။ ဒုဋ္ဌဂါမဏိမင်းသည် ကေဠာရမင်းကို တိုက်ခိုက်အောင်မြင်ပြီနောက်တွင် ဤစေတီတော်ကို တည်ခဲ့သည်။ မင်းကြီးသည် မြတ်စွာဘုရား၏ ဓာတ်တော်ကို လှံတံတွင် မြှုပ်နှံထားရှိသည်။ တစ်ခုသောအချိန်တွင် မင်းကြီးသည် တိဿဝီဝကန်သို့ ရေသွားချိုးရာတွင် လှံတံကို စိုက်ကာ ထားခဲ့ပြီး ရေချိုးဆင်းခဲ့သည်။ ထို့နောက် လှံတံကို နှုတ်မရဘဲ ဖြစ်ခဲ့သည်။ ထိုလှံတံ နှုတ်မရဘဲ ရှိခဲ့သည့်နေရာတွင် ဤစေတီတော်ကို တည်ခဲ့သည်။ မင်းကြီးသည် အေးစက်သည့်ဟင်းတစ်ခွက်ကို သံဃာအား မလှူဒါန်းပဲ စားမိသည်ကို အမှတ်ရမိခဲ့သည်။ ထို့အတွက် သူသည် မိမိကိုယ်ကို အပြစ်ပေးသည့်အနေဖြင့် မိရိဆဝေတိယစေတီကို တည်ခဲ့သည်။ မြေနေရာအကျယ် ဧက ၅၀ (၂၀ ဟက်တာ) တွင် တည်ခဲ့သည်။ Kasyapa I နှင့် Kasyapa V မင်းတို့သည် စေတီတော်သည် ပြိုလဲပျက်စီးနေသည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Discover Sri Lanka - More information & images about Mirisaveti Stupa
- photos of Mirisawetiya Stupa 17 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Details about The Mirisavati Dagaba and other sites in Anuradhapura
- This page incorporates content from Dr. Rohan Hettiarachchi's 8 April 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . used with permission of website owner.
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Official Website of Mirisawetiya Maha Dagaba - Sri Lanka။ 2010-08-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-05 တွင် ပြန်စစ်ပြီး။