မိယမအိရိ

မိယမအိရိ (宮参り, စာအားဖြင့် "နတ်ကျောင်းသို့သွားရောက်ခြင်း") သည် ဂျပန်နိုင်ငံ၏ ရှင်တိုဘာသာအရ ပြုလုပ်သည့် ရိုးရာဓလေ့ထုံးတမ်းတစ်ခု ဖြစ်သည်။ ကလေးမွေးဖွားပြီးနောက် နတ်ကျောင်းသို့ သွားကာ ဆုတောင်းဝတ်ပြုမှုများ ပြုလုပ်လေ့ရှိသည်။ ခန့်မှန်းခြေအားဖြင့် မွေးဖွားပြီး ယောက်ျားလေးဖြစ်ပါက ၃၁ ရက်၊ မိန်းကလေးဖြစ်ပါက ၃၃ ရက်အကြာတွင် မိဘများနှင့် အဘိုးအဘွားတို့သည် ကလေးကို ရှင်တိုနတ်ကျောင်းသို့ ခေါ်ဆောင်လာကာ သားသမီးပေးသနားသည့်အတွက် နတ်ဘုရားအား ကျေးဇူးတင်ရှိကြောင်းကို ဖော်ပြကြသည်။ ထို့အပြင် ကလေး၏ ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် ဆုတောင်းမှုများ ပြုလုပ်ကြသည်။
လက်ရှိတွင် ကလေးမွေးဖွားပြီး တစ်လမှ ၁၀၀ ရက်အတွင်း မိယမအိရိကို ပြုလုပ်သည်က မျးကြသည်။ ထင်ရှားသည့် နတ်ကျောင်းများတွင် ဤအခမ်းအနားကို နာရီတိုင်းတွင် ကျင်းပကြသည်။ ကလေးမွေးဖွားထားသည့် များစွာသောမိသားစုဝင်များသည် ကလေးကို နတ်ကျောင်းသို့ ဆောင်ယူလာကြပြီး မိယမအိရိကို ပြုလုပ်ကြသည်။ အခမ်းအနားပြီးဆုံးသွားပါက အနီရောင်သစ်သားခွက်တွင် ဆာကေးအရက်ကို ထည့်ကာ တက်ရောက်လာကြသူတစ်ဦးချင်းကို တိုက်ပြီး လက်ဆောင်ငယ်များကိုလည်း မိသားစုဝင်များသို့ ပေးကြသည်။ နတ်ကျောင်းများအပေါ်မူတည်ကာ ကလေးအတွက် ပြုလုပ်သည့် ဤအခမ်းအနားသည် ယန်းငါးထောင်မှ ၁၀၀၀ အကြား ကုန်ကျသည်။