မာတိကာသို့ ခုန်သွားရန်

မိန်းမ လှ မလှ အိပ်ရာထမှာ ကြည့်ရ

ဝီကီပီးဒီးယား မှ

မိန်းမ လှ မလှ အိပ်ရာထမှာ ကြည့်ရ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မိန်းမ လှ မလှ အိပ်ရာထမှာ ကြည့်ရ” ဆိုသည်မှာ အမျိုးသမီးတစ်ဦး၏ ရုပ်ရည်အမှန်ကို သိလိုပါက မိတ်ကပ်လိမ်းခြယ်ခြင်း သို့မဟုတ် အခြားပြင်ဆင်မှုများ မပြုလုပ်မီ “အိပ်ရာထ” ချိန်တွင် ကြည့်ရှုအကဲခတ်သင့်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ပကတိအလှသည် ပြင်ဆင်ထားသောအလှထက် ပိုမိုတန်ဖိုးရှိကြောင်းကို ဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ထိုအခါ ကုလားသူဌေးကြီးစိတ်၌ မိန်းမ လှ မလှ အိပ်ရာထမှာ ကြည့်ရဆိုသည့်စကားကို သတိရသဖြင့်…၊" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၉၇-ခန့်] မိန်း။ ၁၆၅။