မာတိကာသို့ ခုန်သွားရန်

မိနမတရောဂါ

ဝီကီပီးဒီးယား မှ
မိနမတရောဂါ
Minamata disease
ဖိုင်:Tomokos hand.gif
The hand of Iwazo Funaba - Photograph taken by W. Eugene Smith titled "Iwazo Funaba's Crippled Hand, Victim of Disease, 1971"
အထူးပြုToxicology, neurology, psychiatry
လက္ခဏာများAtaxia, numbness and muscle weakness
ရှုပ်ထွေးမှုများLoss of peripheral vision, and damage to hearing and speech; in extreme cases: insanity, paralysis, coma; can also affect fetuses; see Mercury poisoning for more details
Usual onsetSoon after consuming affected seafood
ကာလChronic
အကြောင်းရင်းSevere mercury poisoning
အန္တရာယ်ညွန်းကိန်းAffected those who consumed fish and shellfish from Minamata Bay
စမ်းသပ်နည်းSee mercury poisoning
ကွဲပြားသောစမ်းသပ်နည်းSee mercury poisoning
ကာကွယ်ခြင်းProper handling of industrial waste
ကုသခြင်းSee mercury poisoning
ဆေးSee mercury poisoning
ရောဂါလက္ခဏာ35% case fatality rate; for more details see mercury poisoning

မိနမတရောဂါ (水俣病) သည် ပြဒါးအဆိပ်သင့်မှုကြောင့် ဖြစ်ပေါ်လာသည့် အာရုံကြောရောဂါတစ်ခု ဖြစ်သည်။ ရောဂါလက္ခဏာများတွင် ခန္ဓာကိုလှုပ်ရှားမှု မမှန်ကန်ခြင်း၊ ခြေလက်များ ထုံထိုင်းခြင်း၊ အထွေထွေကြွက်သားများအားနည်းခြင်း၊ အမြင်အာရုံများ ဝေဝါးလာခြင်း၊ အကြားအာရုံပျက်စီးလာခြင်းတို့ ဖြစ်သည်။ ရောဂါပြင်းထန်ပါက စိတ်ဖောက်ပြန်ခြင်း၊ သွက်ချာပါဒဖြစ်ခြင်း၊ မေ့မြောခြင်းနှင့် ရောဂါလက္ခဏာပြပြီး ရက်သတ္တပတ်အတွင်းတွင် သေဆုံးသည်အထိ ဖြစ်နိုင်သည်။

၁၉၅၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ခုမမိုတိုခရိုင်၊ မိနမတမြို့တွင် ပထမဆုံးအနေဖြင့် မိနမတရောဂါကို တွေ့ရှိခဲ့ကြရသည်။ ချစ်ဆိုကော်ပိုရေးရှင်းက ပိုင်ဆိုင်သည့် ဓာတုဗေဒစက်ရုံ၏ စွန့်ပစ်သည့် ရေဆိုးများတွင် ပါရှိသည့် ပြဒါးများကြောင့် ရောဂါ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ချစ်ဆိုကော်ပိုရေးရှင်း၏ စက်ရုံသည် ၁၉၃၂ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ လည်ပတ်ခဲ့သည်။ စွန့်ပစ်ရေဆိုးထဲတွင် ပါဝင်သည့် အချို့သောမာကျူရီဆာလဖိတ်များသည် အနည်အနှစ်များထဲရှိ ဗတ်တီးရီးယားများကြောင့် မီသိုင်းမာကျူရီအဖြစ်သို့ ဓာတ်ပြောင်းလဲဖွဲ့စည်းသွားခဲ့ကြသည်။ ထိုပြင်းထန်သည့်အဆိပ်များသည် မိနမတပင်လယ်အော်နှင့် ရှိရနုအိပင်လယ်ရှိ ခရုများနှင့် ငါးများတွင် စုပုံများပြားလာခဲ့သည်။ ထိုခရုများနှင့် ငါးများကို ဒေသခံတို့ စားကြသည့်အခါ လူတို့တွင်လည်း ပြဒါး (မာကျူရီ)အဆိပ်သင့်မှု ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့ ပြဒါးအဆိပ်သင့်မှုကြောင့် လူနှင့် တိရစ္ဆာန်များ သေဆုံးမှုသည် နှစ်ပေါင်း ၃၆ နှစ်ကြာ ဖြစ်ပေါ်ခဲ့သည်။ ချစ်ဆိုကော်ပိုရေးရှင်းနှင့် ခုမမိုတိုခရိုင်အစိုးရတို့သည် ထိုဘေးအန္တရာယ်ကို ကာကွယ်ရန်အတွက် အနည်းငယ်သာ လုပ်ဆောင်ခဲ့ကြသည်။ ပြဒါးအဆိပ်သင့်မှုကြောင့် တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားမှုသည် ပြင်းထန်ပြီး ကြောင်များတွင်လည်း ဖြစ်ပွားခဲ့ရာ ၎င်းဖြစ်စဉ်ကို "ကြောင်ကသည့် ရောဂါ" ဟုပင် အမည်ပေးခဲ့ရသည်။[]

၂၀၀၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် မိနမတရောဂါကို ခံစားနေရသူသည် ၂၂,၆၅ ဦး ရှိသည်ဟု တရားဝင်အသိအမှတ်ပြုထားသည်။[] လူဦးရေ ၁၀,၀၀၀ ကျော်သည် ချစ်ဆိုကော်ပိုရေးရှင်းထံမှ ငွေကြေးဆိုင်ရာနစ်နာကြေး ရရှိခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် နစ်နာကြေးအနေဖြင့် ဒေါ်လာ ၈၆ သန်း ပေးဆောင်ခဲ့ရသည်။ ထိုတစ်နှစ်တည်းတွင်ပင် ညစ်ညမ်းမှုများကို ဆေးကြောသန့်စင်ရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ ၂၀၁၀ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် အသိအမှတ်မပြုရသေးသည့် ဒုက္ခရောက်ခဲ့ရသူများကိုလည်း လျော်ကြေးပေးဆောင်ရန် ဖြစ်လာခဲ့သည်။[][]

၁၉၆၅ ခုနှစ်တွင်၊ နီးဂတခရိုင်တွင် ဒုတိယအကြိမ်အနေဖြင့် မိနမတရောဂါ ဖြစ်ပွားခဲ့သည်။ မူလဖြစ်ပွားခဲ့သည့် မိနမတရောဂါနှင့် နီးဂတခရိုင်တွင် ဖြစ်ပွားခဲ့သည့် မိနမတရောဂါတို့သည် ဂျပန်နိုင်ငံရှိ ကြီးမားသည့်ညစ်ညမ်းမှုကြောင့် ဖြစ်ပွားသည့် ရောဂါလေးခုတွင် နှစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Withrow SJ၊ Vail DM (2007)။ Withrow and MacEwen's Small Animal Clinical Oncology (4th ed.)။ St. Louis, MO: Elsevier။ pp. 73–4။ ISBN 978-0-721-60558-6
  2. Official government figure as of March 2001. See "Minamata Disease: The History and Measures, ch2"
  3. See "Minamata Disease Archives" 2016-03-03 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Frequently asked questions, Question 6
  4. "Agreement reached to settle Minamata suit", Asahi Shimbun news, 31 March 2010, retrieved 1 April 2010