မိဆွတ်ခဲဂျိမ
| Native name: 見附島 | |
|---|---|
| Lua error in မော်ဂျူး:Location_map at line 620: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Japan Chubu" သည် မတည်ရှိနေပါ. | |
| ပထဝီဝင် | |
| တည်နေရာ | Sea of Japan |
| ကိုဩဒိနိတ် | 37°23′35″N 137°15′00″E / 37.39306°N 137.25000°E |
| အလျား | ၁၅၀ m (၄၉၀ ft) |
| အကျယ် | ၃၀ m (၁၀၀ ft) |
| အမြင့်ဆုံး ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၃၀ m (၁၀၀ ft) |
| အုပ်ချုပ်မှု | |
Japan | |
| Demographics | |
| လူဦးရေ | 0 |
မိဆွတ်ခဲဂျိမ (見附島)သည် ဂျပန်နိုင်ငံ၊ အိရှိခဝခရိုင်၊ ဆုဇုမြို့၊ တခဒတဲချောရှိ လူနေထိုင်ခြင်းမရှိသည့် ကျွန်းတစ်ခု ဖြစ်သည်။ ကျွန်း၏ ပုံသဏ္ဌာန်ကြောင့် ဂွန်းခန်းဂျိမ (軍艦島; စစ်သင်္ဘောကျွန်း)ဟူသည့် အမည်ဖြင့် လူသိများသည်။[၁]
ရှေးခေတ်ဒဏ္ဍာရီများအရ ဗုဒ္ဓဘာသာရဟန်းဖြစ်သည့် ခူးခိုင်း (Kūkai) က ကျွန်း၏ အမည်ကို "မဆွတ်ခဲဂျိမ" ဟု အမည်ပေးခဲ့သည်ဟု ဆိုကြသည်။ သူသည် ဆဒိုကျွန်းမှ ခရီးသွားစဉ် ဤကျွန်းကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူ ဖြစ်သည်ဟု ဆိုကြသည်။
မိဆွတ်ခဲဂျိမသည် အရှည် ခန့်မှန်းခြေ ၁၅၀ မီတာ၊ အကျယ် ၅၀ မီတာ၊ ပင်လယ်ရေမျက်နှာပြင်အထက် ၃၀ မီတာ အတိုင်းတာရှိသည်။ မဆွတ်ခဲဂျိမသည် "နိုတိုဟန်းတိုးအမျိုးသားဥယျာဉ်" ၏ လှပသည့်ရှုခင်းများကို ကြည့်ရှုနိုင်သည့်နေရာအဖြစ် လူသိများကာ ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။
၂၀၂၄ ခုနှစ် နိုတိုငလျင်လှုပ်ခတ်ပြီးနောက်တွင် အိရှိခဝခရိုင်သည် ကျွန်းကို သုံးဘက်မြင်စကန် (3D scan) ဖတ်ရန် စီစဉ်ခဲ့ပြီး ခရီးသွားများသည် ကျွန်း၏ အတုအယောင်ပုံစံကို ကြည့်ရှုနိုင်မည် ဖြစ်သည်။[၂]
ငလျင်များ
[ပြင်ဆင်ရန်]- ၂၀၂၃ နိုတိုငလျင်လှုပ်ခတ်မှုအတွင်း ကျွန်းတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ကို ဒေသခံများသည် တွစ်တာလူမှုကွန်ရက်တွင် ဗီဒီယိုမှတ်တမ်းများ တင်ခဲ့သည်။[၃][အသုံးပြုသူ ဖန်တီးထားသော ရင်းမြစ်]
- ၂၀၂၄ နိုတိုငလျင်လှုပ်ခတ်မှုအတွင်း ကျွန်းတွင် အဓိကမြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ မြေပြိုမှုကြောင့် ကျွန်း၏ ထင်ရှားသည့် စစ်သင်္ဘောပုံသဏ္ဌာန်သည်လည်း ပျောက်ကွယ်ခဲ့ရသည်။[၄]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Tourism Ishikawa (Official Ishikawa Travel Guide) - Mitsukejima Island
- Experience Kanazawa - Mitsukejima Island
ကိုဩဒိနိတ်: 37°23′35″N 137°15′00″E / 37.39306°N 137.25000°E
ကိုးကား
[ပြင်ဆင်ရန်]- ↑ Template error: argument title is required.
- ↑ Template error: argument title is required.
- ↑ Mitsuke Island (video) (January 1, 2024)။
- ↑ "Ishikawa Pref.’s Battleship Island Collapses in Jan. 1 Quake; Loses Iconic Shape"၊ January 26, 2024။